Idea Magazine November Cover  

Posted by MANORHARY

Friday, October 30, 2009


မဒမ်ဇင်နီယာရဲ့တစ်နေ့တာကပွဲ

မဒမ်ဇင်နီယာဟာ
ဘုရားသခင်က သူ့ကိုဖန်ဆင်းထားတယ်ဆိုတာယုံတယ်
ဘုရားသခင်ပြောတဲ့အတိုင်းနေထိုင်တယ်
ဘုရားသခင်သတ်မှတ်ထားတဲ့အတိုင်းစားသောက်တယ်
ဘုရားသခင် အလိုအတိုင်းပြုမူဆောင်ရွက်တယ်
ဘုရားသခင် မလိုလားတာဆိုရင်
မဒမ်ဇင်နီယာက သူနဲ့မပတ်သက်သလိုနေလိုက်တာပဲ
မဒမ်ဇင်နီယာ မကြာခဏဖျားနာလေလေ
ဘုရားသခင်ကို ပိုပြီးဆုပ်ကိုင်လေလေ
ဘုရားသခင်သာ မဒမ်ဇင်နီယာဘ၀မှာရှိရင် အရာအားလုံးကိုငြင်းပယ်ရဲတယ်
ဘုရားသခင်ရဲ့ အရိပ်မှာ ဘုရားသခင် အလိုအတိုင်းသာနေရရင် ငြိမ်းချမ်းမယ်လို့ယုံတယ်
မဒမ်ဇင်နီယာ ဘုရားသခင်ကိုအားကိုးပြီးနေလာခဲ့တာ
သုံးဆယ်တစ်နှစ်တောင်ရှိပြီပေါ့
ဘုရားသခင်က မဒမ်ဇင်နီယာကို သမီးလေးတစ်ယောက်ပေးတယ်
စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပေးတယ်
အသားနည်းနည်းပါတဲ့စွပ်ပြုတ်ပေးတယ်
မဒမ်ဇင်နီယာရဲ့ အသွေးအသားထဲမှာ ရမ္မက်မရှိတော့ဘူး
မဒမ်ဇင်နီယာရဲ့ တစ်ကိုယ်လုံး ဘုရားသခင်နဲ့တည်ဆောက်ထားတယ်
မဒမ်ဇင်နီယာရဲ့ ၀ှက်ဖဲချပ်တိုင်းဟာ ဘုရားသခင်ပဲ
လူတွေက ဘုရားသခင်ကို မထေမဲ့မြင်ပြုနေကြတယ်လို့လည်းယူဆတယ်
မဒမ်ဇင်နီယာရဲ့ဘုရားသခင်ကတော့
သူ့ မိတ်ဆွေတွေကြားမှာ အတော်ကလေးရေပန်းစားပ
ဝိုင်အရက်လို ယဉ်ကျေးသူတွေကနေ
လိင်မှုကိစ္စလို ပွင့်လင်းသူတွေအထိပေါ့
မဒမ်ဇင်နီယာကို လေ့လာသူတွေက
မဒမ်ဇင်နီယာရဲ့ တစ်နေ့တာကပွဲမှာ
မဒမ်ဇင်နီယာတစ်ယောက်ထဲ ကနေတာကလွဲပြီး ဘာမှမရှိပါဘူးတဲ့
မဒမ်ဇင်နီယာရဲ့ ခြေလက်လှုပ်ရှားဟန်ထဲမှာ
တစ်စုံတစ်ယောက်ရှိနေပုံရပေမယ့် တစ်စုံတစ်ယောက်ကိုမမြင်ရဘူး
အဲဒီတစ်စုံတစ်ယောက်ကလည်း ဘုရားသခင်ပါပဲတဲ့
မဒမ်ဇင်နီယာဟာ တစ်ခါတစ်လေ ပျော်ပျော်ရွှင်ရွှင်သီချင်းညည်းနေတတ်တယ်
တစ်ခါတစ်လေ ရုပ်တုလေးတစ်ခု ချထားသလို ငေးငိုင်တိတ်ဆိတ်နေတတ်တယ်
မဒမ်ဇင်နီယာရဲ့အတွေးထဲမှာ စိတ်ကူးအိပ်မက်တွေထဲမှာ
ဘ၀မျှော်လင့်ချက်တွေထဲမှာ
ဘုရားသခင်နဲ့ကင်းကွာသွားတဲ့အချိန်ဆိုတာမရှိခဲ့ဘူး
မဒမ်ဇင်နီယာရဲ့တည်ရှိမှုမှာ
လူအဖြစ်တည်ရှိမှုဟာ လုံးလုံးပျောက်ကွယ်သွားပြီး
ဘုရားသခင်ရဲ့ တည်ရှိမှုသာကျန်တော့တယ်
မဒမ်ဇင်နီယာဟာ ဘုရားသခင်နဲ့နိုးပြီး ဘုရားသခင်နဲ့အိပ်ရာဝင်တယ်
ဘယ်လိုလူကြီးလူကောင်းတစ်ယောက်အတွက်မှ
မဒမ်ဇင်နီယာဟာ ဦးထုပ်ကလေးဆောင်းပြီး ဂါဝန်ကလေးမပြီး
နှုတ်ခမ်းဆေးထူထူတင်ပြီး ရှိရှိသမျှနူးညံ့မှုတွေနဲ့တွေ့ထိပြီး
ရင်ခုန်ဖို့ကောင်းတဲ့မိန်းမတစ်ယောက်မဖြစ်နိုင်တော့ဘူး
မဒမ်ဇင်နီယာရဲ့လရောင်နဲ့တူတဲ့နို့ရည်ဟာ
သူ့သမီးလေးကြီးပြင်းလာကတည်းက ခမ်းခဲ့ပြီ
မဒမ်ဇင်နီယာရဲ့ မျက်လုံးမှာ မီးနဲ့တူတဲ့ဆွဲဆောင်အားတွေပျောက်ကွယ်သွားပြီး
ထိတ်လန့်ခြောက်ခြားဖွယ် ငြီးငွေ့စိတ်ပျက်မှုသာ ကျန်ရှိတော့တယ်
မဒမ်ဇင်နီယာဟာ သံချေးအထပ်ထပ်တက်နေတဲ့ စက်အပျက်တစ်လုံးကို
ဘာကိုမှ ထက်ထက်သန်သန် မရှိတော့ဘူး
အကယ်၍များ ခင်ဗျားအနေနဲ့
မဒမ်ဇင်နီယာကို ဘုရားသခင်လက်က ကယ်တင်ချင်တယ်ဆိုရင်
ခင်ဗျားမှာ ပိုက်ဆံရှိရုံနဲ့မဖြစ်ဘူး
ဘုရားသခင်အကြောင်းသိမှဖြစ်မယ်
ဘုရားသခင်ကို သိခြင်းဟာ မဒမ်ဇင်နီယာကိုသိတာနဲ့အတူတူပဲ
သူ့ကိုခင်ဗျားမြင်နေတာက ကလပ်မှာတွေ့နေကျ မိန်းမတစ်ယောက်ထက်ဘာမှမပိုဘူး
သူက ခင်ဗျားကို ကဖေးဆိုင်ရဲ့ ထောင့်တစ်ထောင့်မှာ
ဟမ်ဘာဂါမုန့်အကြောင်းပြောမှာမဟုတ်ဘူး
ဘုရားသခင်ရဲ့လေသံအတိုင်း
ခင်ဗျားပြင်းပျနေတဲ့ဦးတည်ချက်ကို တိရစ္ဆာန်တစ်ကောင်လိုရှုံချပစ်လိမ့်မယ်
ဘုရားသခင်ကိုကျော်လွန်ပြီး သူ့ဆီက ဘာဆန္ဒ ဘာနူးညံ့မှုမှ
ခင်ဗျားရယူနိုင်မှာ မဟုတ်ဘူး
မဒမ်ဇင်နီယာဟာ လူ့ဘ၀ဆိုတဲ့ ဒုက္ခသည်စခန်းကြီးမှာ
လိင်မှုဆိုင်ရာကလွဲပြီး အကုန်ဖြည့်ဆည်းပေးနေတဲ့ တာဝန်ကျေပွန်သူတစ်ယောက်ဖြစ်တယ်
မဒမ်ဇင်နီယာရဲ့တစ်နေ့တာကပွဲထဲမှာ
မကြာမကြာ ပါဝင်ပတ်သက်နေရသူတစ်ယောက်
အနေနဲ့တော့ တွေးမိနိုင်တာတစ်ခုရှိတယ်
ငန်းတစ်ကောင်လိုသွေးသားဆူဖြိုးနေသေးတဲ့မိန်းမတစ်ယောက်အနေနဲ့
ဘုရားသခင်အပေါ် ဒီလောက်ယုံကြည်သက်ဝင်သွားလောက်အောင်
ဘယ်လိုဒုက္ခတရားတွေက လမ်းပြခေါ်ဆောင်သွားသလဲဆိုတာကိုလေ
ပျော်ရွှင်ဖွယ်ကမ္ဘာကြီးဟာ မဒမ်ဇင်နီယာဆီက နောက်ဆုတ်သွားချေပေါ့
တစ်ယောက်ကိုတစ်ယောက်လက်တွဲတဲ့လူ့အဖွဲ့အစည်းဟာ
မဒမ်ဇင်နီယာကို စွန့်ခွာသွားချေပေါ့
နာရီတွေကို နောက်ပြန်လည်နေတဲ့ဆေးရုံတစ်ရုံမှာ
မဒမ်ဇင်နီယာတစ်ယောက်ထဲ ဘုရားသခင်နဲ့အတူ
သူ့ရဲ့ကပွဲကို ဆက်လက်ကျင်းပနေပေါ့

ပိုင်

Idea Poems  

Posted by MANORHARY

ရွေ့ကဗျာ
အိပ်မက်ထဲမှာ ငါပြေးနေ၏ နေရာမရွေ့
နေရာမရွေ့ အိပ်မက်ထဲမှာ ငါပြေးနေ၏။
ငါပြေးနေ၏ နေရာမရွေ့ အိပ်မက်ထဲမှာ

(ကဲ . . .အိပ်မက်ကငါ
အခု ထ ပါပြီ)
မရွေ့တဲ့ကဗျာ ရွေ့အောင်ဖတ်ကြည့်ပါ။

သုခမိန်လှိုင်




ကင်းစောင့်

ငါဟာ ကင်းစောင့်တစ်ယောက်ပါပဲ၊
တစ်ညလုံးမအိပ်စက်ဖြစ်ဘဲ
အလွမ်းတွေနဲ့ပဲ မိုးစင်စင်လင်းခဲ့တယ် . . .

“ ချစ်တယ်” ဆိုတာ . . .ငါ့ဘ၀ရဲ့
ဘယ်ဝါကျမှာမှ မသုံးဘူးသေးတဲ့
ကြိယာတစ်လုံးပါ။

နှုတ်ခမ်းထူထူတွေနဲ့ လှောင်ပြုံး
မာယာများတဲ့ ငါးခုံးမလေးရေ . . .
မင်းကြောင့်
ငါ့အိပ်မက်တွေ တစ်လှေလုံးပုပ်ခဲ့ပေါ့ . . .။

မင်းခိုက်စိုးစန်


ငါရယ် ငါ့မိန်းမရယ် ငါ့သမီးရယ်
ငါ့ဘဝ
င့ါပြဇာတ်မှာ
လက်ခုပ်တီးတိုင်းလှည့်ကြည့်မိခဲ့တဲ့နေ့ရက်များ
ငါအားထက် ရယ်(ရီ)အားသန်
ငါအဖန်ဖန်
သူအဖန်ဖန်
ဘာပါလိမ့်

စကြ၀ဠာတဆုံးကိုမျှော်ကြည့်သလို
ကျောင်းသွားမယ့်သမီးရဲ့ ပျက်နေတဲ့ထီးကို ပြင်ပေးလိုက်တယ်
ပြတ်နေတဲ့ဖိနပ်ကို ဆက်ပေးလိုက်တယ်
ကျနေတဲ့စိတ်ကို မြှင့်ပေးလိုက်တယ်
ငိုမယောင်မျက်နှာလေးကို ရယ်(ရီ)အောင်လုပ်ပေးလိုက်တယ်
သူမဟာ စာရွက်အလွတ်လို ရိုးစင်းတယ်
လောကကြီးက သပွတ်အူလို ရှုပ်ထွေးတယ်
“ခဏနေဦး သမီး
လမ်းမပေါ်မှာ မိုးသက်လေပြင်းကျနေတယ်
(ဒါမှမဟုတ်)
နောက်တစ်နေရာမှာလည်း ဖြစ်နိုင်တယ်”

မိန်းမရယ်
ခေတ်ပေါ်ဝဲဂယက်ထဲမှာ
မျှော်လင့်ချက်တစ်ခုတည်းနဲ့ စောင့်ကြည့်ရမယ့် အံ့သြစရာမျိုးမဟုတ်ပါဘူးကွာ
မရှိမဖြစ်လို့
မထင်လေနဲ့
ဘယ်သူမှ ဒီဘ၀ကြီးမှာ အရမ်းအလိုအပ်ဘူး

အရသာရှိတဲ့အဆိပ်ကို
နည်းနည်းချင်းစားလာခဲ့တာပဲ
ငိုစရာမျက်ရည်မလိုတော့ပါဘူး။ ။
ဝင်းမောင်


ရန်ကုန်မိုး
ပင်လယ်တစ်ခုလုံးချပြပေမယ့်
ရေချည်းပဲမြင်ကြတဲ့သူတွေက
များတယ်

ငါတို့ရဲ့ဇွဲတွေက
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုပြီးသတ္တိကောင်းတတ်
ငါတို့ဆုံးဖြတ်ချက်တွေက
အရေးအကြောင်းဆို အပေါင်းအသင်းမှားတတ်
ငါ့တို့အသဲကလည်း
ပပ ထူမှ ထတတ်ရတော့တယ်။

ကမ္ဘာကြီးလုံးနေတော့
အနောက်ကိုသွားလည်း အရှေ့ကိုတစ်နေ့ရောက်ရသလို
ပင်လယ်ထဲမှာ သင်္ဘောချင်း ခေါင်းတိုင်ကိုစမြင်ရစမြဲ
အလံတလူလူလွှင့်ထားပေမယ့်
ဒါးဆိုတာ
ဒဏ်ရာနဲ့အဝေးဆုံးမှာနေရတာ ကောင်းတယ်။

အဖြစ်က
မီးပြတိုက်ကို သင်္ဘောဝင်ဆောင့်မိသွားတာ
ဆာလောင်တဲ့မြွေမို့
ကိုယ့်အမြီးပြန်အစာလုပ်မြိုချလိုက်တယ်

ရန်ကုန်ဆိုတာ
အမြဲတမ်းအိမ်ရှင်နိုင်ငံတွေ ခြေစစ်ပွဲရှုံးတယ်
ချစ်ကြည်ရေးဖိတ်ခေါ်ပွဲဆို တစ်ဘက်အသင်းကမလာဘူး
အဝေးကွင်းမှာ ခြေစွာရတာ
ဘယ်လောက်အသည်းနာဖို့ ကောင်းလိုက်သလဲလို့။ ။
ကျော်ထူး



မိုးစိမ့်စိမ့် တနင်္ဂနွေထဲက ပြကွက်များ
အလင်းတွေတုပ်တုပ်ကျ ရွှဲနစ်နေတာတောင်
လွတ်လွတ်ကျွတ်ကျွတ် ပွင့်ပြလို့မရတဲ့ တနင်္ဂနွေပေါ့။

အပျင်းသန်လွန်းတဲ့အခါ
သူများအိပ်မက်ကို ခြေနဲ့ကန်ထုတ်လိုက်
အပျော်လွန်တဲ့အခါ
သူများခံစားမှုကို ညှော်တိုက်လိုက်ပေါ့။

စိတ်အလိုလိုက်မိတဲ့အခါမျိုး
အလင်းကို အမှောင်နဲ့ ရှို့မိ
အရိပ်ကို အရောင်နဲ့ မြှိုက်မိ
ပစ္စပ္ပုန်ကို အတိတ်နဲ့တို့မိ
နောက်ဆုံး . . . .
ကိုယ့်ခြေလှမ်းတွေကိုတောင်
တံလျပ်နဲ့ စိပ်မိပေါ့။

ဘယ်သူတွေပဲ နားနားနေနေ . . ..
ဘယ်သူတွေပဲ ကျိုးကျိုးကြေကြေ
တနင်္ဂနွေကတော့ . . . .
အချိုးပြေပြေ . . မိုးစွေလို့။

သွေးကြောင်ပြီဆို . . .
ခွေးဟောင်တာတောင်လန့်သတဲ့။
သူများစိတ်၊ သူများအရိပ်ကို တက်ထိုင်ရင်း
သီချင်းတွေကို အော့အန် . . .
တနင်္ဂနွေရဲ့ ဟန်ချက်ဟာ
လေချဉ်လို ဆန်တက်လာပေါ့။

ဘယ်သူတွေ သိသိ မသိသိ
ဘယ်သူတွေ တွေးတွေး မတွေးတွေး
တနင်္ဂနွေကတော့ ရေးတေးတေး . . . ငေးရီ
မထီတရီ ရင်ခုန်သံနဲ့ . . ။

လှေနံဓားထစ်သရုပ်မှန်အတွက်
ခုတ်ရာတစ်လွဲ၊ ပြကွက်များ ကွန့်မြူး
တနင်္ဂနွေရဲ့စိတ်ကူးဟာ
မိုးပေါ်က ချတဲ့ကြိုးလို
တွဲလောင်းခိုကြည့်ချင်စရာ။

တကယ်က
အ၀ိဇာဘ၀ဆိုတာ
အမှောင်ထဲ နှစ်စိမ်ထားတဲ့ညပါ . . .
တနင်္ဂနွေဟာ . . .
ဘယ်သူတွေ ကန့်လန့်တိုက်တိုက်
ဘယ်သူတွေ ဘာပြောပြော
ဗိုက်ထဲမှာ အူဘယ်နှစ်ခွေဆိုတာ သိနေပေါ့။ ။
သျှီသူအောင်


အိပ်မက်
အိပ်မက်မမက်ပဲ
အိပ်ပျော်နေတဲ့အချိန်ဟာ
အချမ်းသာဆုံး အချိန်။
(ကြည်အေး)

ဘာ အိပ်မက်မှ မမက်ခဲ့ပါ
ဒေါ်ကြည်အေး
ကျွန်တော်မှေးကနဲ အိပ်ပျော်သွားချိန်
အခန်းထဲမှာ ပုလင်းကွဲသံ၊ ခုံများလဲသံ
လွယ်အိပ်လွယ်သံ၊ ဦးထုပ်ဆောင်းသံ
တံခါးဖွင့်သံ၊ အင်္ကျီဝတ်သံ
ဖိနပ်စီးသံ၊ ရှပ်တိုက်သံ
ထို့ထက်မက ထိုအသံများရဲ့ အသံကိုပင်
ကင်းလွတ်ခွင့်ရခဲ့ပါတယ် ဒေါ်ကြည်အေး။

သို့သော် ကျွန်တော်နိုးလာခိုက်
ကျွန်တော့် အခန်းတစ်ခုလုံး
ရွေ့ပြောင်းတောင်ယာတစ်ခုလို
နံရံ ပုလင်း ပြတင်း တံခါး
ကြမ်းခင်း ဖိနပ် ဦးထုပ် အင်္ကျီ
ဘာဆိုဘာမှ ရစရာမရှိတော့သလို
အခန်းကိုယ်တိုင် အခန်းထဲတွင်
အခန်းမရှိတော့သဖြင့်
ကျွန်တော်ကိုယ်တိုင် ကျွန်တော်ကိုယ်၌က
ကျွန်တော့်ကိုယ်ထဲတွင် ကျွန်တော်မရှိခဲ့၍
ဘာအိပ်မက်မှ မမက်ခဲ့တာလား
သိပါရစေ ဒေါ်ကြည်အေး။ ။
ဝင်းမြင့်


ရာသီသစ်အတွက်ပြင်ဆင်ခြင်း

သိုးဆောင်း စကားပုံတွေလို
အတွေ့အကြုံက အရင်းအနှီး

ပန်းတွေကို အညွန့်မချိုးနဲ့
ရော့ ငါ့နှလုံးသား
ဘာဘီကျူးလုပ် မြည်းသွား
တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်
အဲဒီလောက်တောင် အချိန်မပေးချင်ဘူး
မင်းထွက်သွား

ကောင်းကင်ကြီး ကျယ်သလား!
ကျယ်ပေ့စေ
တိမ်မည်းတွေကို သမုဒ္ဒရာအောက်ပို့လိုက်
နောက်ထပ် ဆွဲတင်မယ့်ကြိုးက
တန်ဖိုးထားတတ်တဲ့စိတ်
ဖြစ်ပေ့စေ

ရာသီကြို စစ်ပွဲမှာ
ဒဏ်ရာမရအောင် သတိထား
နားနေတဲ့ငှက်ထက်
ပျံနေတဲ့ငှက်က ပိုအသက်ဝင်တယ်။
စိုးရိမ်


ခေါင်းစဉ်ကိုလိုက်ရှာနေတဲ့ကဗျာ
အရာရာတိုင်းကို
အကောင်းမြင်စိတ်နဲ့တွေးခေါ်ဖို့
ငါ့မှာ အမှောင်တွေပဲရှိတယ်။

လူတစ်ယောက်ဘာကိုမှ
မယုံတော့တာဆန်းသလား။
(အဲဒီလူဟာ ငါမဟုတ်ဘူးလို့်
မသေချာဘူး။)

ဝင်ရိုးစွန်းဒေသ
မီးတောင်ပေါက်ကွဲမှုအတွက်
ဘယ်သူ့မှာတာဝန်ရှိသလဲ။

ရုတ်တရက်ဒုံးပျံကြီးတွေ
ရုတ်တရက်အချစ်စိတ်တွေ
ရုတ်တရက် အနုပညာတွေ
ပြီးတော့
မှတ်ဥာဏ်မှာ တဖျတ်ဖျတ်လက်နေတဲ့
ဟောင်းလောင်းပေါက်တွေ . . . .။

ခေတ်ကိုဒိုးယိုပေါက်
တွေ့မြင်ရဖို့
လင်းနို့တွေကမှ ရေဒါရှိဦးမယ်။

ယနေ့ကမ္ဘာ့ကြီးမှာ
လူပြောများလှတဲ့ကြော်ငြာတစ်ခုက
“စစ်မှန်သောပျော်ရွှင်မှုကို
ငွေနဲ့ဝယ်ယူရရှိနိုင်ပါပြီ”တဲ့ . . .။
ဒါဖြင့် ငါတို့က
ဒင်္ဂါးသံတချွင်ချွင်နဲ့ ကမ္ဘာ့ကြီးထဲ
မမှားသောရှေ့နေတွေ၊
မသေသောဆေးသမားတွေအဖြစ်
မျိုးပွားကြရုံပေါ့။

ပျံလွှားငှက်တစ်ကောင်ထဲနဲ့
နွေဦးမပေါက်နိုင်မှန်း
အခုတော့သိပါပြီ။ ။
ဝေမှူးသွင်

POEM CORNER  

Posted by MANORHARY

“တွင်းဝင်မဖြောင့်တဲ့ မြွေ ”

ရေရေရာရာ တစ်စက်မှ မရှိလိုက်သေးဘူး
ပွဲကပြီး မီးကသေ
ယောင်ချာချာနဲ့ စုံလုံးတွေ ကန်းလိုက်ပုံ ။

ရိုင်းကိုရိုင်းပါရဲ့
အငြှိုးတစ်ကြီး ပြန်ပြန်ဖျတ်ပစ်
သေရာပါအောင် ဆေးမှင်စုတ်ထိုးခဲ့တာကလည်း
ကိုယ် ကိုယ်တိုင် ။

ထားခဲ့ကြည့်လိုက်တာပါပဲ
အရိပ်တွေ
အ .. ရိပ် .. တွေ
ထပ်ပြီးရင်း ထပ်လာလိုက်တာ ။

စိတ်
လူး
လွန့်
တာ
လှိုင်း
သိပ်
များ
တယ် ။

အိုင်လွယ်ပန်




အဟောင်းပြပွဲ
ဖိတ်စာမဝေဘဲ နေ့သစ်ရောက်လာတယ်
လက်တံအဟောင်း၊ နံပါတ်အဟောင်းတွေနဲ့
အချိန်အသစ် ရောက်လာတယ်

အဖြစ်အပျက်အဟောင်းတွေက
အ၀တ်အစားအသစ်ဝတ်ပြီး ပြုံးပြကြ
ဗိုက်ထဲက အစာအဟောင်းတွေ မဖယ်ရှားခင်
အစာအသစ်တွေ ထပ်ထည့်
ဦးနှောက်အဟောင်း တစ်ခုနဲ့
စာအုပ်အဟောင်းတစ်အုပ်ကိုဖတ်
အသိဥာဏ်အဟောင်းလည်းပြန်မရဘူး
ခြေထောက်အဟောင်းကိုရေဆေးပြီး
လောကအဟောင်းကို နင်းလျှောက်
မောဟ၊လောဘ၊ဒေါသနဲ့ အတ္တအဟောင်းတွေက
အတွေးသစ်တွေနဲ့ ရယ်မောလို့
ဒါပြီးရင် ပုဒ်မအဟောင်းတစ်ခုချလိုက်
“ကျွန်တော့်ကို ကော်ဖီအဟောင်း ပူပူတစ်ခွက်ပေးပါ”။
မိုးအိမ်လူ





လက်တောက်ခုံ
စိတ်ကူးတွေ အတည့်ချိန်
ဘ၀ပေါ် စနစ်တကျတောက်ထုတ်လိုက်တယ်
ငါတို့ အောင်မြင်မှု ဘယ်လိုလဲ
ကျင်းက . . . . ကျဉ်းတယ်။
စိတ်ကိုငြိမ်ငြိမ်ထား
တစ်ချက်မှားရင် တစ်လှည့်သွားပေါရော့
သူ့ဘက်အင်၊ ကိုယ်ဘက်အင်နဲ့
ငါတို့ လိုအင်တွေ
ဘယ်အချိန် ကျင်းဝပ်မလဲ။
ဝမ်းဘောင်ရိုက်လို့ရော ကိုက်ပါ့မလား
လက်တွေ့တရားလည်း
တစ်ခါတစ်ရံ Jump (ဂျမ့်)ခုန်တတ်ရဲ့။
ရှေ့ကျင်း၊ နောက်ကျင်း
အိပ်မက်ကို ဘယ်လိုလင်းယူမလဲ
ခုထိ- အနိုင်အရှုံး မသိရသေး။
(ထားလိုက်ကွာ)
အောင်မြင်ခြင်းဆိုတာ
ကြိုးစားမှုနဲ့ ကံတရား
ဒီတစ်ခါ
ချိန်သားကိုက် ကျင်းဝင်စေရမယ်။ ။
နေနိုင် (ချောက်)




ရေတံခွန်
ထွက်လာခဲ့တဲ့ ခရီးက
နောက်ကြောင်းပြန်လှည့် မရဘူး
ဘယ်က ဘယ်လိုစခဲ့မှန်းမသိ
ရရှိခဲ့တဲ့ဘ၀ကို ကျေနပ်နေပုံများ
နေ့စဉ်နေ့တိုင်း အပူဒဏ်ကို ရင်စည်းခံပြီး
ညစဉ်ညတိုင်း
ကြယ်စင်တွေကို ရေတွက်
ကမ္ဘာမြေကို အငန်းမရ ပွတ်သပ်နမ်းရှိုက်ရင်း
ပြန်လည်မျှော်လင့်ခြင်း အရှင်းမရှိတဲ့
ပေးဆပ်ခြင်းမျိုးနဲ့
ကျောက်စိုင်ကျောက်ခဲ ဆူးငြောင့်ခလုတ်တွေကြား
သူ့ခနာကို ဇောက်ထိုးခုန်ချ
အဆုံးစီရင်သွားခဲ့တယ်။ ။
မိုးဇက်တီကေ


ဘယ်သူမှ မဖတ်ဖြစ်လိုက်တဲ့ စာ


သား
ဒီစာကို ဖတ်ရတဲ့ အချိန်မှာ အဖေ့ဟာ ဆေးရုံကြီးတစ်ခုရဲ့ အေးစက်စက် အခန်းကျဉ်းထဲမှာ လှဲလျောင်းရင်
လှဲလျောင်းနေမှာပေါ့။ သားဟာ ဆေးကျောင်းသား တစ်ယောက် ဖြစ်လာခ့ရဲ င် ဂုန်နီအိတ်နဲ့ တူတဲ့ အဖေ့ရဲ့
အသားတွေကို အဖေမှန်း မသိဘဲ ဓါးန့လှဲီးချင်လည်း လှီးဖြတ်ခ့ဖဲူးမှာပေါ့။ ဒါမှမဟုတ်ရင် အဖေ့ရဲ့ ခံစားချက်
ပြင်းထန်လွန်းခ့တဲ့ဲ ရင်ဘတ်နေရာက အရိုးတွေကို အံကြိတ်ပြီး လက်နှစ်ဘက်နဲ့ ဆွဲဖြဲနေရင်လည်း ဆွဲဖြဲခဲ့ဖူးမှာပေါ့။
ဒါမှမဟုတ်လည်း သားကောင်မလေး စမ်းသပ် ခွဲစိတ်နေတာကို ဘေးကနေ လာကြည့်နေလည်း ကြည့်နေခ့ဖဲူးမှာပေါ့။
ဒါမှမဟုတ် လူတစ်ယောက်လို့ ပီပီပြင်ပြင် မသိနိုင်တော့လောက်အောင် အဖေ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေဟာ
တစ်စစီ ကွဲပြားပြီး တချို့တလေလောက်ဟာ မြေကြီးထဲမှာ၊ တချို့လည်း ပုလင်းတွေထဲမှာ ရောက်ချင်လည်း
ရောက်နေမှာပေါ့။ ဒါပေမယ့် သားဟာ အဖေဆိုတာတော့ ဘယ်တော့မှ သိလိမ့်မှာ မဟုတ်ပါဘူး။
ပိုက်ဆံ သိပ်ချမ်းသာတဲ့ သိပ်တော်တဲ့ သိပ်ထက်မြက်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး သားအမေဟာ အဖေ
သေဆုံးသွားချိန်မှာ အဖေ့မျိုးဆက်သွေးကို ယူပြီး သားကို မွေးကောင်းမွေးခ့လဲိမ့်မယ်။ မွေးချင်မှလည်း မွေးလိမ့်မယ်။
မမွေးချင်လည်း မမွေးနိုင်ဘူး။ ဒါပေမယ့် သားဟာ သားဖြစ်လာပြီ ဆိုရင်တော့ အဖေရဲ့ ၅ဝ ရာခိုင်နှုန်းပါတဲ့ သွေးသား
အစစ်ပဲ ဖြစ်တယ်။ ၅ဝ ရာခိုင်နှုန်းမှာတောင် အဖေ့ဗီဇ အများကြီးပါတဲ့ သားတစ်ယောက် ဖြစ်နေလိမ့်မယ်။ သားက
သားအမေကို ကျွန်တော့်အဖေ ဘယ်သူလဲလို့ မေးတ့အဲ ခါ သူဟာ သားကို ဆူလိမ့်မယ်။ သားဂစ်တာတီးတ့အဲ ခါ
သားကိုဆူလိမ့်မယ်။ ကဗျာတွေ ရေးတ့အဲ ခါ သားကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိမ့်မယ်။ ပန်းချီဆွဲတ့အဲ ခါ
သားရဲ့ ကင်းဗတ်စ်တွေကို ဆုတ်ဖြဲပစ်လိမ့်မယ်။ ပြီးရင် သားကို ရင်ခွင်မှာ အပ်ပြီး ငိုလိမ့်မယ်။ သားကို စာတွေ
အတင်းကျက်ခိုင်းပြီး ဆေးကျောင်း အတင်းတက်ခိုင်းလိမ့်မယ်။ ဒါကြောင့် အဖေက ဒီအချိန်မှာ သားဆရာဝန် ဖြစ်ချင်
ဖြစ်နေမှာလို့ ပြောတာပေါ့။ အင်း အသက် ၂၂ နှစ်အရွယ် သားမှာ အဖေ့တုန်းကလို စိတ်ညစ်စရာတွေ
လောကကြီးကို မုန်းတီးတာတွေ၊ နောက်ကျောကို ဓါးန့ထဲိုးတဲ့ လူတေ၊ွ အချစ်ဆိုတဲ့ စကားလုံးကို သိပ်ပြီး
အလေးအနက်ထားတဲ့ ကောင်မလေးတွေ မတွေ့ပါစေန့လဲို့ တမလွန်က အဖေက ဆုတောင်းမိနေမှာတော့
အသေချာပါပဲ။
သားကို သားအမေဟာ မွေးခ့ေဲ ကာင်းမွေးခ့လဲိမ့်မယ်။ မမွေးရင်လည်း မမွေးခ့ဘဲူး။ ဒါပေမယ့် အဖေ့ကို သိပ်ချစ်ခဲ့
သိပ်မုန်းခ့သဲူ သားအမေဟာ တစ်ခါတုန်းက အဖေ့မျိုးဆက်ကို လိုချင်တယ်လို့ ပြောဖူးတယ်။ အဖေကတော့
ဘယ်တုန်းကမှ မလိုချင်ခ့ဘဲူး။ သားဟာ အဖေ့မျိုးဆက် ဟုတ်ချင်လည်း ဟုတ်လိမ့်မယ်။ မဟုတ်ချင်လည်း
မဟုတ်နိုင်ဘူး။ ဒါပေမယ့် သားဟာ မျက်မှောင်ကြုံ့ ကြည့်တတ်ရင်၊ အရာရာကို အလျော့ပေးတတ်ရင်၊ စာကျက်ရမှာ
ပျင်းရင်၊ လောကကြီးနဲ့ ဖီလာဆန့်ကျင်သူ တစ်ယောက် ဖြစ်နေရင်တော့ သေချာပါတယ်။ သားအမေဟာ
အဖေသေဆုံးသွားတ့ေဲ နာက်မှာ သားကို မွေးခ့လဲိမ့်မယ်။ သားဟာ အဖေ့ရင်ကို ခွဲခ့သဲူ ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။
----
မင်းအခုချိန်ထိ ဝေခွဲမရဘဲ မယုံကြည်နိုင် ဖြစ်နေမယ်ဆိုတာ အဖေသိပါရဲ့။ ဒီစာကို ဖတ်ရင်းနဲ့ မင်းရဲ့ အင်္ကျီလေးကို
ပြန်နမ်းကြည့်လိုက်စမ်းပါ။ မင်းဆွတ်ထားတဲ့ ရေမွှေးနံ့ဟာ အဲလိဇဘက် အာဒင် ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါမှမဟုတ်
တော်မီ ဖြစ်နေလိမ့်မယ်။ အဲလိဇဘက် အာဒင်ဆိုရင်တော့ ဒီနေ့ မင်းဟာ မင်းအမေ အခန်းထဲကနေ သူဆွတ်နေကြ
ရေမွှေးကို ယူဆွတ်ခ့လဲို့ ဖြစ်မယ်။ တော်မီဆိုရင်တော့ မင်းသိတတ်စ အရွယ်ထဲက မင်းအမေ မင်းအတွက်
ဝယ်ပေးတဲ့ ရေမွှေးဟာ ဒီတစ်မျိုးထဲပဲ ဖြစ်လိမ့်မယ်။ ဘာလို့လည်း ဆိုရင် အဖေက ဒီရေမွှေးကို အရမ်းကြိုက်ခ့တဲ ယ်။
မင်းအမေဟာ အဖေ ဒီရေမွှေး ဆွတ်လာရင် အဲဒီအနံ့ကို သိပ်ကြိုက်လွန်းလို့ ခဏခဏ ခိုးခိုး ရှူဖူးပါသတဲ့။ ဟော မင်း
အင်္ကျီကို ယောင်ပြီး နမ်းမိသွားလိမ့်မယ်။ အဲဒီနောက် တစ်ခုခု ဟုတ်နေပါလားဆိုပြီး မျက်မှောင်ကျုံ့ သွားလိမ့်မယ်။
ဟော ဘာကြောင့်များ ဒီလောက် သိနေရတာလည်း ဆိုပြီး မင်းပြုံးလိုက်ပြီ။
မင်းအဖေ့အကြောင်း မေးတိုင်းမေးတိုင်းမှာ မင်းအမေဟာ ပုံပြင်ဆန်ဆန် ဇာတ်လမ်းတွေကို ပြောပြလိမ့်မယ်။
တစ်ခါတစ်လေတော့လည်း ဒါတွေ ဘာလို့ လာမေးနေရတာလဲဆိုပြီး အော်ငေါက်လွှတ်လိမ့်မယ်။ တကယ်တော့
ဒါတွေဟာ အစစ်အမှန်တရား တစ်ခုတော့ မဟုတ်ပါဘူး။ အဖေဟာ သူ့ကို သိပ်ချစ် သိပ်မြတ်နိုးခ့တဲ ယ်။ သူကလည်း
အဖေ့ကို ချစ်ခဲ့ မြတ်နိုးခ့ပဲါရဲ့။ နှစ်ဦးသား နားလည်မှုတွေလည်း ထားခြဲ့ကတယ်။ ဒါပေမယ့် ပြသနာက အဲဒီ
နားလည်မှုဟာ အဓိပါယ် ကွဲလွဲနေတာပဲ။ အဖေလက်ခံတဲ့ ချစ်ခြင်းတရားနဲ့ မင်းအမေ လက်ခံတဲ့ ချစ်ခြင်းတရားက
လွဲနေကြတယ်။ မချစ်ဘူးလားဆိုရင် ချစ်ကြပါရဲ့။ ဒါပေမယ့် အဲဒီလို မမြင်နိုင်တဲ့ ကွဲလွဲချက် သေးသေးလေးကပဲ
အဖေတို့ နှစ်ဦးသားကို ဝေးစေခ့တဲ ယ်။ မင်းအမေက အဖေ့ကို သိပ်မုန်းခဲ့တယ်။ အချစ်ကြီးလို့
အမျက်ကြီးတယ်ဆိုတာ မျိုးပေါ့ကွာ။
သားကို ပြောမယ့်သာ ပြောနေရတယ်။ သားအဖေ့ကို ဘယ်တုန်းကမှ ကျေနပ်ခ့မှဲာ မဟုတ်ဘူးဆုတိာ
အဖေသိပါတယ်။ မင်းဟာ အဖေ့ကို လူဆိုးတစ်ယောက် တာဝန်မကျေတဲ့ အဖေတစ်ယောက် အနေနဲ့
မြင်နေခ့မဲ ယ်ဆိုတာ အဖေသိတယ်။ ဒီအတွက် မင်းအမှန်တရားကို သိအောင်လို့ ဒီစာကို အဖေရေးခ့တဲာပဲ။
ဒီနေ့ဟာ မင်းအသက် ၂ဝ ပြည့်တ့ေဲ န့ပေါ့။ မင်းအမေက မင်းကို ဘယ်မှ မသွားရဘူးဆိုပြီး အိမ်မှာ
နေခိုင်းထားလိမ့်မယ်။ မင်းက ကောင်မလေး တစ်ယောက်န့နဲ့ဲ နေ့လည်စာ အတူစားဖို့ ချိန်းထားလိမ့်မယ်။
သေချာပါတယ် မင်းအမေဟာ မင်းကို ပေးလွှတ်မှာ မဟုတ်ဘူး။ ဒီလိုနဲ့ အိမ်တံခါးကို သော့ခတ်ပြီး
သူအပြင်ထက်ွသွားလိမ့်မယ်။ မင်းအတွက် ဘုရားမှာ သွားဆုတောင်းတာပေါ့။ စိတ်ညစ်ညစ်နဲ့ မင်းက မင်းအမေ
ဘာကြောင့် ဒီလို ဒေါသတကြီးနဲ့ ချုပ်ခြယ် တတ်ရတားလည်း ဆိုတာကို စဉ်းစားရင်း မင်းအမေရဲ့ အခန်းထဲကို
ဝင်မွှေလိမ့်မယ်။ အဖေနဲ့ ပတ်သတ်ပြီး ဘာများ သိရမလဲပေါ့။ ပထမဆုံး တွေ့မှာကတော့ သူ့ဒိုင်ယာရီပေါ့။
အရင်ကတော့ သူဟာ ဒိုင်ယာရီရေးတာ ဝါသနာ မပါခ့ဘဲူး။ အဖေနဲ့ ရည်းစားဖြစ်ပြီးချိန်ကစလို့ သူစရေးခ့တဲာ
ဒီနေ့အထိ ရေးနေဆဲ ဖြစ်မှာပါပဲ။ မင်း အဲဒီစာအုပ်ကို ယူပြီး သူ့အခန်းထဲက နေထွက် ပြီးတော့ မင်းအခန်းကို
မင်းပြန်လာလိမ့်မယ်။ ဒိုင်ယာရီထဲမှာ မင်း အဖေ့နာမည်ကို အရင်ဆုံး ရှာလိမ့်မယ်။ တွေ့မှာ မဟုတ်ဘူး။ သူက
အဖေ့နာမည်ကို N ဆိုပြီး အဓိပါယ်ဝှက်နဲ့ ရေးထားလိမ့်မယ်။ မင်းဖတ်ရပါလိမ့်မယ် နာကျင်မှုတွေအကြောင်း။
ဒီလိုဖတ်ရင်းနဲ့ N ရဲ့ အကြောင်းကို ရောက်သွားတိုင်း မင်းတစ်ခုခုကို သတိထားမိလာလိမ့်မယ်။ အဲဒါက
ပန်းချီကားတွေ။ အဖေ မမှားဘူးဆိုရင် အဖေ့ရဲ့ ပန်းချီကားတွေ အကြောင်း သူရေးထားလိမ့်မယ်။ အဲဒီလို ခဏခဏ
သတိပြုမိလာတ့အဲ ခါ မင်းစိတ်ထဲမှာ အိမ်ရှေ့ခန်းက အနီရောင်ရဲရဲ ပန်းချီကားတစ်ချပ်ကို သွားသတိရလိမ့်မယ်။
အဲဒီအခါ ချက်ခြင်းထပြီး မင်းအိမ်ရှေ့ခန်းကို ထက်ွလာလိမ့်မယ်။ မင်းအဲဒီ ပန်းချီကားကို ကြည့်တယ်။ ပြီးတော့
ဖြုတ်ဖို့ ကြိုးစားမယ်။ လွယ်လွယ်န့ေဲ တာ့ ရမှာ မဟုတ်ဘူး။ မင်းအမေဟာ ဖုန်သုတ်ရုံကလွဲပြီး ဒီပန်းချီကားကို
မထိခ့တဲာ မင်းအသက်အထိပေါ့။ နောက်ဆုံးတော့ မင်းဖြုတ်တာ အောင်မြင်သွားလိမ့်မယ်။ အဲဒီအခါ အဲဒီ
ပန်းချီကားရဲ့ နောက်မှာ ဒီစာအရှည်ကြီးကို မင်းတွေ့တာပဲပေါ့။
သား
ဒီနေ့ဟာ မင်း အသက် ၂ဝ ပြည့်တ့ေဲ န့ ဖြစ်လိမ့်မယ်။ မင်းမသိခ့တဲ့ဲ အဖေနဲ့ အမေတို့ အကြောင်းတွေကို သိသင့်တယ်
ထင်လို့ မင်းအမေ နေတဲ့ အခန်းကို ခက်ခက်ခဲခဲလာပြီး သူအခန်းထဲ ခဏဝင်သွားတုန်း အဖေ ဒီစာကို ဒီနေရာမှာ
ထားခ့တဲ ယ်။ တကယ်တော့ ဒီစာရေးနေချိန်မှာ ဒါတွေက မဖြစ်သေးပါဘူး။ အဖေက စားပွဲပေါ်မှာ ရှိနေဆဲ ဖြစ်သလို
မင်းအမေဖြစ်လာမယ့် သူကလည်း ငိုနေဆဲပေါ့။ မင်းဒီစာ ဖတ်နေချိန်မှာတော့ မင်းအမေ အသက်က ၅ဝ နှစ်
ရှိနေလိမ့်မယ်။ အဖေကတော့ အေးစက် ခြောက်သွေ့တဲ့ အအေးခန်းတစ်ခုထဲမှာ ဒါမှမဟုတ် ဖန်ပုလင်းတွေထဲမှာ
တစစီဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ တကယ်တော့လည်း ဒါတွေက အဖေမဟုတ်တော့ ပါဘူး။
အဖေ့ရဲ့ ရုပ်တွေ နာမ်တွေက ချုပ်ငြိမ်းသွားခြဲ့ပီး ဘဝတစ်ခကို ကူးခြဲ့ပီး ဖြစ်လိမ့်မယ်။
တကယ်တော့ အဖေ့နာမည်ဟာ မင်းနဲ့ သိပ်မစိမ်းဘူးလို့ ထင်ပါတယ်။ အဖေ့နာမည်နဲ့ လှူဒါန်းထားတဲ့
ပစ္စည်းတော်တော်များများကို မင်းကျောင်းမှာ မကြာခဏ တွေ့ ဖူးနေမှာပါ။ အဲဒါဟာ အဖေပဲပေါ့။ မင်းအမေနဲ့ အဖေ
လမ်းခွဲကြ ပြီးတဲ့ နောက်မှာ ဘယ်တော့မှ တို့တတွေ မျက်နှာချင်း မဆိုင်ဖြစ်ကြတော့ဘူး။ အဖေ့ကို မြင်ရင်
သူနာကျင်မှာစိုးလို့ သူရှိနိုင်မယ့် နေရာတွေ မှန်သမျှကို အဖေရှောင်ခ့တဲ ယ်။ သူကလည်း အဖေ ရှိနိုင်မယ့်
နေရာတွေကို ရှောင်ခ့တဲ ယ်။ သူက ဘယ်လောက်တောင် အဖေ့ကို စိတ်နာလည်း ဆိုရင် အဖေ့လက်ရေး လှလို့
ရေးပေးပါဆိုပြီး သူ့စာအုပ်လေးတွေမှာ ရေးပေးထားခဲ့ဖူးတဲ့ အဖေ့လက်ရေးရှိတဲ့ စာရွက်တွေကိုတောင် သူက
ဆုတ်ဖြဲပစ်ခ့တဲ ယ်။ တကယ်တော့ ချစ်ခင်နှစ်သက်ကြချိန်မှာ အမြတ်တနိုး တန်ဖိုးထားခဲ့ ကြတဲ့ အရာတွေကို လမ်းခွဲ
ကြချိန်မှာ ဖျောက်ဖျက် ပစ်ကြတယ်ဆိုတာ မကောင်းပါဘူးကွာ။ အဖေ့ဆီမှာတော့ သူနဲ့ ပတ်သတ်တာတွေ အားလုံး
ရှိနေပါသေးတယ်။ အဖေက အမှတ်တရ ပစ်စည်းလေးတွေဆိုရင် မှတ်မှတ်ယယ သိမ်းထားတတ်တဲ့ အကျင့်ရှိတော့
သူငယ်ချင်းတွေရဲ့ ပစ္စည်းလေးတွေကအစ အဖေ့သိမ်းထားခ့တဲာပါ။
မင်းက မင်းအမေ အဖေ့ကို အမှတ်တရ ပေးထားခ့တဲာလေးတွေကို ကြည့်ချင်တယ်ဆိုရင်တော့ သွားကြည့်နိုင်ဖို့
အဖေနောက်ဆုံး နေခ့တဲ့ဲ အိမ်လေးရဲ့ လိပ်စာကို ရေးထားခ့တဲ ယ်။ အိမ်အဲဒီအိမ်လေးမှာ မင်းအဘိုး မင်းအဘွား
အဖေ့ရဲ့ မိဘတွေ ရှိနေကြဆဲ ဖြစ်မှာပါ။ အဖေ သေဆုံး သွားချိန်မှာ မင်းအဖိုးအဖွားတွေက အသက် ၅ဝ နား
ကပ်နေပြီပေါ့။ ဒါပေမယ့် သူတို့တွေ ဒီနေ့အထိ အသက်ရှိ ထင်ရှား ရှိနေကြလိမ့် ဦးမယ်လို့ အဖေ ယုံကြည်ပါတယ်။
အဖေတို့ အမျိုးက အဖေဘက် ဗီဇ တူကြတာ များတယ်။ အဖေ့ အဖေ မင်းအဖိုးဟာ သူ့အဖေနဲ့ ရုပ်ချင်းဆင်တယ်။
အဖေကလည်း မင်းအဖိုးနဲ့ ရုပ်ချင်း အတော်တူတယ်။ မင်းလည်း အဖေနဲ့ ဆင်မှာပါ။ မင်းရော မင်းအမေ မသိဘဲ
ကောင်မလေး ဘယ်နှစ်ယောက်များ ရနေခြဲ့ပီလဲ။ ဩော် စကားစ ပြတ်သွားတယ်။ ခုနက လိပ်စာကို ရခ့ရဲ င်
မင်းအဖေ့အိမ်ကို သွားပေါ့။ အဲဒီမှာ တစ်ယောက်ယောက်ကို တွေ့ရင် ဒီစာလေးကို ပြပြီး အဖေသေတ္တာလေးကို
တောင်းယူပေါ့။ အဲဒီအထဲမှာ မင်းတွေ့ချင်တာတွေ အဖေ့အကြောင်းတွေ အားလုံး တွေ့ ရလိမ့်မယ်။
မင်းအတွက်တော့ အမွေ မထားခဲ့နိုင်ဘူးသားရယ်။ ဒါပေမယ့် အဲဒီအထဲမှာ အဖေ အနှစ်သက်ဆုံး ဖောင်တိန်လေး
တစ်ချောင်းရှိတယ်။ အဲဒီဖောင်တိန်လေးမှာ မင်းနာမည်ကို အဖေ ထိုးထားခဲ့တယ်။ အံ့ဩနေလား သား။
တစ်ချိန်တုန်းက မင်းကိုမွေးရင် ဘယ်လိုနာမည်ပေးမယ်ဆိုတာ မင်းအမေနဲ့ အဖေ တစိတ်ထဲ တိုင်ပင်ခြဲ့ကတယ်။
မင်းအမေဟာ အဖေ့ကို နာကျည်းပေမယ့် ဒီနာမည်လေးကိုတော့ မင်းကို အမှတ်တရ ပေးမယ်ဆိုတာ အဖေ
ယုံကြည်နေမိတယ်။
တဆက်တည်းမှာပဲ မင်းကို တန်ဖိုး ဆိုတဲ့ စကားလေးတစ်ခွန်း အကြောင်းကို ပြောပြချင်သေးတယ်။ လောကကြီးမှာ
တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားတဲ့ အရာတွေဟာ မတူကြဘူး။ အဖေ့သူငယ်ချင်း ကဗျာဆရာ
တစ်ယောက်ရဲ့ ကဗျာလေး ရှိဖူးတယ်။
သူရူးမှတ်တမ်း
ဂစ်တာနံပါတ်တစ်ကြိုး ပြတ်တောက်သွားသလိုမျိုး
အသံသာမြည်တယ် စူးရှမှုမရှိတော့သော နှလုံးသားတစ်ခုအကြောင်း
သင့်ခေါင်းထဲမှာ ရှိနေဖို့ မလိုတော့ပါဘူး
တန်ဖိုးဆိုတာ
မိန်းမတစ်ယောက်အတွက် အပျိုစင်ဘဝတဲ့
ကဗျာဆရာတစ်ယောက်အတွက် ကာရံနဲ့ သံစဉ်တွေ
ပန်းချီဆရာတစ်ယောက်အတွက် မျဉ်းတွေ အရောင်တွေ စုတ်ချက်တွေ
ကလေးတစ်ယောက်အတွက် ကျောင်းပညာ
ဆရာဝန်တစ်ယောက်အတွက် ဘွဲ့လက်မှတ်တွေ
လမ်းဘေးက လူတစ်ယောက်အတွက် နေစရာအိမ်တစ်လုံး
စစ်တပ်အတွက် အာဏာနဲ့လက်နက်
သီချင်းရေးဆရာအတွက် နှလုံးသားရဲ့ ဒဏ်ချက်တွေ
ထောင်ကျနေသူအတွက် လွတ်လပ်မှု
အရူးတစ်ယောက်အတွက် ခေါင်းထက်က ပန်းတစ်ပွင့်
ပွဲစားတစ်ယောက်အတွက် ပါးစပ်ထဲကလေ
နေပူထဲကလူအတွက် ထီးတစ်လက်
ဆင်းရဲသားတစ်ယောက်အတွက် ငွေးကြေးအမြတ်
အဲဒီလို အမြင်တွေ မတူတတ်တာ သင်သိပါသလား
သင်မသိဘူးလား
စကားတွေဟာ လမ်းကြောင်း မှားလာတယ်
သူပြောတာ ကိုယ်နားမလည်
ကိုယ်ပြောတာ သူနားမလည်
နားမလည်နိုင်တာ ပြဿနာတွေရဲ့ ဇာစ်မြစ်
ကျွ န်တော်တို့ စိတ်တွေညစ်ကြရတယ်
ဒီလိုပါမိတ်ဆွေ
ကျေးဇူးပြုပြီး
အချစ်ဆိုတဲ့ စကားလုံးသက်သက် နှစ်လုံးအတွက်
တန်ဖိုးတွေကို ရောယှက်မပစ်လိုက်ကြပါနဲ့။
မင်းတန်ဖိုးထားတဲ့ အရာဟာ တခြားသူတစ်ယောက် တန်ဖိုးထားတ့အဲ ရာ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။
တခြားသူတစ်ယောက် တန်ဖိုးထားတဲ့ အရာကိုလည်း မင်းတန်ဖိုးထားမိချင်မှ ထားမိလိမ့်မယ်။ အဲဒီအခါမှာ
ပြဿနာတွေ ဖြစ်ကြတာပဲ။ ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ လူတစ်ယောက်ကို မင်းက ငွေသွားပေးမိရင် ဒီလူကို
စော်ကားလိုက်သလို ဖြစ်သွားတာမျိုးပေါ့။ အဖေ တန်ဖိုးထားတဲ့ အရာက ဘဝမှာ စိတ်ချမ်းသာ ပျော်ရွှင်မှု။ မင်းအမေ
တန်ဖိုးထားတဲ့ အရာက လူ့ကျင့်ဝတ်တွေ ဂုဏ်သိက္ခာတွေ။ အဲဒီနှစ်ခုဟာ သေသေချာချာ တွေးကြည့်လေ
လမ်းကြောင်းက ကွာခြားလေပဲ ငါ့သား။ သူတန်ဖိုးထားတဲ့ ဂုဏ်သိက္ခာတွေ ကျင့်ဝတ်တွေက အဖေ့အတွက်တော့
အလွန်တရာ ပျင်းစရာကောင်းတဲ့ ဟန်ဆောင်မှုတွေလို့ ခံယူထားတယ်။ ဒီလိုပဲ အဖေတန်ဖိုးထားတဲ့ စိတ်ချမ်းသာမှု
ဆိုတာကိုလည်း သူမခံစားနိုင်ဘူး။ သူယူဆတဲ့ ပျော်ရွှင်စိတ်ချမ်းသာမှုဆိုတာက အောင်မြင်မှုတွေ ချမ်းသာမှုတွေရဲ့
နောက်က လိုက်ပါလာတဲ့ အရာတွေတ့ေဲ လ။ အဲဒီအတွက် သူက ပျော်ရွှင်မှုကို လိုချင်ရင် အောင်မြင်မှုအောင်
အရင်လုပ်ရမယ်လို့ သူက ခံယူတယ်လေ။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်လို့ အဖေ မပြောပါဘူး။
ဒါကြောင့်လည်း လူတစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားတဲ့ အရာတွေ ကွာတယ်လို့ အဖေမင်းကို ပြောခ့တဲာပေါ့။
ဒီတန်ဖိုးဆိုတဲ့ စကားလေး နှစ်လုံးကြောင့်ပဲ အဖေတို့နှစ်ယောက်ဟာ ပြဿနာတွေ အကြိမ်ပေါင်းများစွာ
တက်ခြဲ့ကတယ်။ သူပြောလေ့ရှိတဲ့ ရှင်ဟာ ကျွန်မကို တန်ဖိုးမထားဘူး ဆိုတဲ့ စကားကို အဖေအမုန်းဆုံးပဲ။ ဂျူးရဲ့
ချစ်ခြင်း၏ အနုပညာ ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ထဲက ယောက်ျားလို အဖေဟာ သူမသိလိုက်တဲ့ ပျော်ရွှင်မှုတွေ
အလိုက်သိမှုတွေ များစွာကို ဖန်တီးပေးခ့ပဲါတယ်။ ဒါပေမယ့် ခက်တာက မင်းအမေဟာ ဂျူးဆိုတာ
စစ်မီးလျှံတွေကြားက လူမျိုး ဆိုတာလောက် သိတာ။ အဖေ ခက်ခက်ခဲခဲ ရှာဝယ်ထားတဲ့ အဲဒီဝတ္ထုစာအုပ်လေး
သူဖတ်ပါစေတော့လို့ လက်ဆောင်ပေးတ့အဲ ခါ တစ်ပါတ်လောက် အကြာမှာ အဲဒီစာအုပ် ပျောက်သွားတယ်။ အဖေ
လက်ရေးလေးတွေနဲ့ သေသေသပ်သပ် ကဗျာစာအုပ်လေးတစ်အုပ် လုပ်ပြီး လက်ဆောင်ပေးတ့အဲ ခါ အဲဒီစာအုပ်ကို
အခြားစာအုပ်တေနွ့ဲ ရောသွားပြီး ရောင်းစားလိုက်မိသတ့။ဲ ထားပါတော့ ဒါတွေက အဖေ့ဘက်က ခံစားရတဲ့
ခံစားချက်တွေပေါ့။ သူ့ဘက်ကလည်း အဖေ့အပေါ်မှာ မကျေနပ်ချက်တွေ ရှိမှာပေါ့။
အဖေဟာ သူတန်ဖိုးထားတဲ့ အရာတွေကို တတ်နိုင်သမျှ လိုက်ပြီး တန်ဖိုးထားနိုင်ဖို့ ကြိုးစားခ့ပဲါတယ်။ တချို့အရာတွေ
တတ်နိုင်ခ့သဲ လို တချို့အရာတွေမှာလည်း မတတ်နိုင်ခ့ဘဲူး။ လူ့ကျင့်ဝတ်တွေ ဂုဏ်သိက္ခာတွေဆိုတာ
ဟန်ဆောင်နေတဲ့ အရာတွေလို့ အဖေယူဆထားတာမို့ ဒါတွေကို အတင်းအကျပ် လုပ်ယူရတာဟာ ပိုပိုပြီး
မွန်းကြပ်တယ်။ အဖေဟာ လူတကာ တန်ဖိုးထားချင်တဲ့ နာမည်ကိုတောင် တန်ဖိုးမထားချင်ဘူး။ လူသာ
သေချင်သေပါစေ နာမည်မသေစေနဲ့ ဆိုတဲ့ စကားကိုလည်း လက်မခံဘူး။ လူတောင် သေသွားပြီးတဲ့နောက်မှာ
နာမည် ဆိုတာ မသေတော့ရော မင်းဘာလုပ်နိုင်တော့မှာလဲကွာ။ ဒီလိုပြောတော့ အဖေ့ကို ကိုယ့်မျိုးဆက်တွေအတွက်
ဒါဟာ မစဉ်းစားတော့ဘူးလားလို့ မင်းမေးကောင်း မေးလိမ့်မယ်။ အဲဒီအခါ အဖေဟာ ယန်းပေါဆတ်ကို
သဘောကျသူ၊ ဒဗူးဗွားကို နှစ်သက်သူ တစ်ယောက် ဆိုတာကိုတော့ မမေ့ပါန့လဲို့ သတိပေးချင်တယ်။ ပုဂ္ဂလိက
ဆန်တ့အဲ တွက် အဖေဟာ အတ္တကြီးသူလို့ မင်းထင်မယ်ဆိုလည်း ထင်လို့ ရပါတယ်။ အဖေ့ဘဝ တစ်လျှောက်လုံးမှာ
သူတစ်ပါးရဲ့ အကူအညီဆိုတာ ရခဲခ့တဲ ယ်။ ကိုယ်တိုင် ကိုယ်ဘဝကို ရပ်တည်ဖို့ ကြိုးစားခ့ရဲ တယ်။ အဲဒီအတွက်
မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတဲ့ စကားကို သိပ်ကြိုက်သလို အခြားသူတွေ အပေါ်မှာ သံယောဇဉ်လည်း
သိပ်မရှိလှတာ မထူးဆန်းပါဘူးကွာ။
ဒီလိုနဲ့ ချစ်ခြင်းတရားကို အကြောင်းပြုပြီး အဖေတို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ပေါင်းစပ်နိုင်ဖို့
ကြိုးစားခ့တဲ ယ်။ ဒါပေမယ့်လည်း အချိန်တွေ ကြာလာတာန့အဲ မျှ နာကြင်မှုတွေ ပိုပိုများလာတယ်။ ပထမတော့
စကားလုံးတွေ မသုံးဘဲ မြိုသိပ်နေကြတယ်။ နောက်တော့ သူမခံနိုင်တော့ဘူး။ ပေါက်ကွဲထွက်လာတယ်။
ဘယ်တုန်းကမှ သူ့ဆီမှာ မတွေ့ရတဲ့ ကြမ်းတမ်းခက်ထန်တဲ့ စကားလုံးတွေ စွပစ်ွဲမှုတေကွို အဖေလက်ခံလာခ့ရဲ တယ်။
အဖေဟာ သူပေါက်ကွဲတိုင်း တရားခံတစ်ယောက် ဖြစ်လာခ့တဲ ယ်။ အဖေဟာ ဇင်ဝါဒီ တစ်ယောက် မဟုတ်ပေမယ့်
တိတ်ဆိတ်ခြင်း သိမ်မွေ့ခြင်း ကို မြတ်နိုးတ့သဲူ တစ်ယောက်ပါ။ အဲဒါကြောင့် ဒီလို ကြမ်းတမ်းခက်ထန်မှုတွေ
ဒေါသတေကွို ကြုံရတ့အဲ ခါ အဖေ အရမ်းကြောက်တယ်။
ဒီနေ့ကတော့ အဖေန့သဲူ အကြီးအကျယ် စကားများခြဲ့ကတဲ့ နေ့ပဲပေါ့။ သူဟာ ဒေါသတွေ တအားထွက်လွန်းလို့
အဖေ့ကို ပါးတစ်ချက် ရိုက်တယ်။ အဖေဟာ ဓားတစ်ချောင်း သူ့ကို ပေးပြီး စကားတွေ ဆက်ပြောမနေဘဲ တစ်ခါထဲ
ထိုးလိုက်ဖို့ ပြောခ့တဲ ယ်။ ချစ်ခြင်းမေတ္တာဟာ အေးမြတယ်လို့ အဖေယုံကြည်ထားတယ်။ အခုလို ဒေါသတွေ၊
မာနတွေ၊ ခက်ထန်မှုတွေဟာ ဘာတွေလဲဆိုတာ အဖေ မစဉ်းစားတတ်ခ့ဘဲူး။ နောက်ဆုံးတော့ ရှင့်မျက်နှာ ကျွန်မ
ဘယ်တော့မှ မကြည့်ချင်ဘူးလို့ သူငိုပြီး ပြောခ့တဲ ယ်။ အဖေက သူ့ကို သုံးကြိမ်တိတိ ပြန်မေးတယ်။ သူအဲဒီလိုပဲ
ပြန်ပြောတယ်။ ပြီးတော့ သူဟာ အခန်းထဲ ပြေးဝင်ပြီး အခန်းတံခါးကို ပိတ်ထားလိုက်တယ်။
သား အဖေ ဒီစာကို သူနဲ့ တံခါးတစ်ချပ်ခြားတဲ့ နေရာမှာပဲ တစ်ထိုင်တည်း ရေးဖြစ်ခ့တဲ ယ်။ နောင်တစ်ချိန်
မင်းဖတ်ရအောင်လို့ပေါ့။ သူအဖေ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ အဖေသိတာပေါ့။ ဒါပေမယ့် အဖေကြောင့်
ကိုယ်ချစ်တ့သဲူ စိတ်ဆင်းရဲနေရတာမျိုး ထပ်မဖြစ်စေချင်တော့ဘူး။ ဒါကြောင့်လည်း စွန့်ခွာသွားဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီစာကို ရေးပြီးတ့အဲ ခါ အခန်းထဲက ပန်းချီကားလေး နောက်မှာ ထည့်ထားခ့မဲ ယ်။ နောင်အနှစ် ၂ဝလောက်
ကြာတ့အဲ ခါ ဒီစာကို မင်းဖတ်ရမှာပေါ့။ အဖေ့ပါးပြင်ဟာ သူရိုက်လိုက်တ့ဒဲ ဏ်ကြောင့် အခုထိ ပူနွေးနေဆဲပဲ။ ဒါကို
အဖေ မနာကျင်ပါဘူးကွယ်။ သူငိုကြွေးနေတဲ့ အသံတွေက အဲဒီထက် အဆပေါင်းများစွာ နာကျင်စေပါတယ်။
ဒီနောက်ပိုင်းမှာတော့ အဖေ အေးချမ်းသာယာတဲ့ မြို့လေး တစ်မြို့မှာ သွားနေခ့တဲ ယ်။ တောင်ယာခြံလေး တစ်ခုမှာ
သစ်ပင်တွေ စိုက်ပြီး အသက်မွေးဝမ်းကျောင်းမှု ပြုခ့တဲ ယ်။ တခါတလေတော့လည်း ကဗျာလေး မတောက်တခေါက်၊
ဝတ္ထုတိုလေး နဲနဲပါးပါး ရေးဖြစ်တာပေါ့။ အဖေ့ဘဝမှာ ဇိမ်ခံပစ္စည်းတွေ၊ ခေတ်မီ အသုံးအဆောင်တွေ ဘာမှ မရှိပါဘူး။
သူငယ်ချင်းတွေ နိုင်ငံတကာကို လှည့်ပတ်သွားပြီး သူတို့ အတွေ့အကြုံတွေ ပြောပြတ့အဲ ခါ အဖေက
ကိုယ့်စိုက်ခင်းထဲက သစ်သီးတွေကို ခူးပြီး ဧည့်ခံတာပေါ့။ ဝေးလံသီခေါင်တဲ့ အဖေနေခ့တဲ့ဲ နေရာကို သူတို့တွေလည်း
တော်တော်နဲ့ မရောက်နိုင်ပါဘူး။ တစ်နှစ်လုံးနေမှ ဧည့်သည် တစ်ယောက် နှစ်ယောက် ရောက်လာတတ်တဲ့
အဖေ့အိမ်ကလေးမှာ စာအုပ်တွေ၊ ဂီတသံတေကွိုပဲ အဖေအဖော်ပြုခ့တဲ ယ်။ ကျန်းမာရေး မကောင်းတဲ့ အဖေဟာ
ကိုယ့်ဘဝသက်တမ်း ဘယ်လောက်ရှိမယ် ဆိုတာကို ကိုယ့်ဘာသာကိုယ် သိပါတယ်။ အဲဒီအတွက် အဖေမသေခင်မှာ
စုဆောင်းထားတဲ့ ငွေတွေငွေ မင်းအတွက် ရည်စူးပြီး နေရာအနှံမှာ လှူဒါန်းခ့တဲ ယ်။ သူ အဖေ့အတွက် ခံစား နာကျင်
ဝမ်းနည်း ခ့ရဲ တာတွေအတွက် အဖေ့ရဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်မှု တစ်ခုဆိုရင်လည်း မမှားပါဘူး။ သူလည်း သိမှာ
မဟုတ်ပါဘူး။
ပျော်ရွှင်ပါစေ သားရေ။ မင်းရဲ့ ကျန်းမာရေးကို အမြဲဂရုစိုက်ပါ။ မင်းရဲ့ အမေကို အမြဲတမ်း အလေးထားပါ။ မင်းအပေါ်
တာဝန်မကျေနိုင်ခ့တဲ့ဲ အဖေ့ကိုတော့ မင်းခွင့်လွှတ်ပါလို့ မပြောချင်တော့ပါဘူး။ မင်းအမေကိုလည်း အဖေက
တောင်းပန်ခ့တဲ့ အဲ ကြောင်း ပြောပြလိုက်ပါကွာ။
ချစ်တဲ့
အဖေ
နိဂုံး
ကျွ န်တော်ဟာ လက်ထဲက စာလေးကို အထပ်ထပ် အခါခါ ပြန်ဖတ်ကြည့်ပြီး ရင်ထဲမှာ ဝမ်းနည်းလို့ လာပါတယ်။
ကျွ န်တော့် ရှေ့ နံရံက ပန်းချီကားလေးဟာ ကျွ န်တော့်ကို ပြန်ကြည့်နေသလို ခံစားလာရတယ်။ ကျွ န်တော့်နားထဲမှာ
ငိုရှိုက်သံတွေ ဝမ်းနည်းမှုတွေကို ကြားလာရတယ်။ ချစ်ခြင်းတရားရဲ့ အဆုံးသတ်ဟာ ဝမ်းနည်းကြေကွဲမှုတွေလားလို့
ကျွန်တော် ပြန်မေးမိတယ်။ ကြည်နူးဖွယ် ညနေခင်းလေးတွေကို ပြန်မြင်ယောင်လာတယ်။ စိုစွတ်အိထွေးတဲ့
အနမ်းလေးတွေကို ပြန်သတိရလာတယ်။ ကျွန်တော် မုန်းတဲ့ မျက်ရည်တချို့ဟာ ကျွန်တော့်မျက်ဝန်းတွေမှာ တွဲခိုဖို့
ကြိုးစားလာတယ်။ ကျွန်တော် ဒီအခန်းထဲက ထွက်ခွာဖို့ အချိန်ကျခြဲ့ပီပဲ။ ပင့်သက် တစ်ရှိုက်ကို ချရင်း ကျွန်တော်
လက်ထဲက စာလေးကို ပန်းချီကား နောက်မှာ ထည့်လိုက်ပြီး ထွက်ခွာဖို့ ပြင်လိုက်မိချိန်မှာပဲ အခန်းတံခါးဟာ
ရုတ်တရက် ပွင့်လာခ့တဲ ယ်။ ချစ်သူလို့ ခေါ်ရင်း သူမဟာ ကျွန်တော့်ရင်ခွင်ထဲ ပြေးဝင်လာပြီး ကျွန်တော့်ကို
တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလိုက်ပါတယ်။ အို သူမ မျက်နှာမှာ မျက်ရည်တွေ ရွှဲစိုလို့ ကျွ န်တော့်
မျက်ဝန်းတွေမှာ ကျတော့ရော။ ကျွန်တော်ဟာ အမည်မဖော်ပြနိုင်တဲ့ ခံစားမှုကြောင့် မျက်ရည် ကျခ့ရဲ ပြီပဲ။ ကျွန်တော့်
စိတ်ထဲမှာ အရာအားလုံးဟာ ရှင်းလင်းသွားပြီ။ သူပျော်ရွှင်တ့အဲ ခါ ကျွန်တော် ပျော်ရွှင်ရပြီး သူစိတ်ညစ်ရတ့အဲ ခါ
ကျွ န်တော်လည်း စိတ်ညစ်ရတယ်။ သူလည်း ဒီအတိုင်းပဲ နေမှာပါပဲ။ ကျွ န်တော်တို့ တန်ဖိုးထားတဲ့အရာဟာ ကိုယ့်ရဲ့
စိတ်ချမ်းသာမှုထက် ကိုယ်ချစ်တ့သဲူရဲ့ စိတ်ချမ်းသာမှု ဆိုတာကို အခုတော့ ကျွန်တော်တို့ နားလည်သွားခြဲ့ပီလေ။
တကယ်တော့ ကျွန်တော်တို့ဟာ အဝေးကြီးကို ကြည့်နေခြဲ့ပီး နီးနီးလေးက အကြောင်းအရာတွေကို
မေ့နေမိခြဲ့ကတာပါ။ အခုတော့ အချစ်ဆိုတဲ့ အရာတစ်ခုအပေါ်မှာ ကျွန်တော်တို့ထားတဲ့ တန်ဖိုးတွေ တူညီသွားပြီ
ဆိုတာကို ငိုနေတဲ့ သူ့မျက်ဝန်းတွေ ကြားထဲကနေ ကျွန်တော် တွေ့ ခ့ရဲ တာကိုတော့ ကျွန်တော် ဘယ်တော့မှ
မေ့နိုင်တော့မယ် မထင်ပါဘူး။
စာကြွင်း။ ကျွန်တော် ခံစားချက် အပြည့်နဲ့ ရေးဖြစ်ခ့တဲ့ဲ အဲဒီ စာလေးကိုတော့ အမှတ်တရ အဖြစ်နဲ့ ကျွန်တော် ပြန်ပြီး
မယူခ့ေဲ တာ့ပါဘူး။ သူလည်း ဒီစာလေး ရှိနေတယ်ဆိုတာ ဘယ်တော့မှ သိလိမ့်မှာ မဟုတ်ပါဘူး။ ကျွန်တော်လည်း
ဘယ်တော့မှ မပြောခ့ပဲါဘူး။ အဲဒီစာလေးဟာ အခုထိကို အဲဒီပန်းချီကားရဲ့ နောက်ကွယ်မှာ ရှိနေဆဲပဲ ဖြစ်ပါလိမ့်မယ်။
လင်းဆက်


မေ့လျော့တတ်သည်

ကျွန်မလက်ထဲမှာ ကိုင်ထားသည့် စာရွက်ပိုင်းလေးမှာ မိုးရေဖြင့် စိုရွှဲနေပြီ။ စာလုံးတွေကတော့ မင်ဖြင့်ရေးထားတာမဟုတ်လို့ ဖတ်လို့ရနေလိမ့်ဦးမည်။ အခုနေ မိုးသဲသဲမှာ ဖြန့်မဖတ်လိုက်နှင့်ဦး။ ရေနူးနေသည့်စာရွက်သည် မိုးရေအရှိန်ဖြင့် စုတ်ပြဲသွားနိုင် သည်။ မတ်စောက်စွာ မြင့်တက်သွားသည့် အဆောက်အဦအ၀င် ကွန်ကရစ်ကားလမ်းကို မိုးစက်များအကြား ကိုယ်ကို ရုန်းလျက် တက်ရသည်။ ဒီအဆောက်အဦမှာ နေသူတွေသည် ကိုယ်ပိုင်ကားရှိသူတွေချည်း ဖြစ်လေသလား။ အဆောက်အဦဆီသို့ လူသွား လမ်း လုံးဝမရှိ။ ကားသွားရာ ကွန်ကရစ်လမ်းကိုပဲ အသုံးပြုရတော့မည်။
အမှတ်(၇၀၆) ပင်လယ်ပြာကွန်ဒို။
လာရင်းကိစ္စ မေ့လျော့ခြင်းသီအိုရီ စာအုပ်ယူရန်။
အောက်ဘက်က စူပါမားကတ်တွင် အိပ်ရာခင်းဝယ်ရန်။
နေ့လည်(၂)နာရီ၊ အိမ်အရောက်ပြန်ရန်။
ကား-ခရေလမ်း တစ်ဖက်မှာ။
ကောင်းပြီ။ ပထမဆုံးစာကြောင်းက ပထမဆုံး ဆောင်ရွက်ရမည့်အလုပ်ပေါ့။ အမှတ်(၇၀၆) ပင်လယ်ပြာကွန်ဒိုတိုက်ခန်း။ ရှေ့ အတက်မှာ မြင်နေရသော အပြာရင့်ရင့် အတွဲလိုက် အထပ်မြင့်တိုက်ခန်းစုကြီးသည် မိုးသဲသဲအောက်မှာ ပိုပြီး မှိုင်းမှောင်နေသည်။ မျက်နှာကို ပက်နေသည့် မိုးပေါက်တွေက ကြမ်းတမ်းအေးစက်သည်။ မိုးရေတွေက တစ်ကိုယ်လုံးကို ရွှဲစိုသွားအောင် လေးလံစွာ သွန်ချနေသည်။
ကားကို သည်အထိ မောင်းမလာခဲ့မိတာ ဆိုးတယ်။ ကားတက်ရမည့် ကွန်ကရစ်လမ်းသည် ခြေလျင်တက်ရတော့ တမျှော် တခေါ်ကြီး မြင့်မတ်ကွေ့ကောက်လေသည်။ အို ဒါပေမယ့် ထိုအမြင့်ကြီးကို ကားဖြင့်တက်လျှင် ကားစက်သေပြီးေ နာက်ပြန်လန်ကျ မှာ စိုးရိမ်စရာ။
အိပ်မက်တွေထဲမှာ ကျွန်မ ကားမောင်းတိုင်း ကားက စက်ရပ်ပြီး နောက်ဘက်အနိမ့်ပိုင်းသို့ ပြန်လိမ့်တာတို့ စက်နိုးမရတာတို့၊ စုံနေတာပဲ။ ကျွန်မကားကလည်း တကယ်ပဲ စက်သိပ်ကောင်းသည့် အသစ်စက်စက်ကားမှမဟုတ်ဘဲ။ ဆန်ဖရန်ဆစ်စ်ကိုလို နေရာ မျိုး၊ ဆိုးလ်လို နေရာမျိုးမှာများ မောင်းရလျှင် ပြီးပါလေရော။ အင်းလေ အဲသည်မြို့တွေမှာ နေရလျှင်လည်း ကျွန်မကားအတွက် ယခု ပေးရသည့်ငွေနှင့်ဆို ငါးဆပိုကောင်းသည့်ကားကို စီးနိုင်လောက်ပေပြီ။ အဲဒါတွေ မတွေးပါနဲ့။
ကားစက်ကောင်းသည်ပဲထားပါဦး။ တက်ရမည့်လမ်းက ကျဉ်းကျဉ်း၊ ဟိုဘက်ဒီဘက် တံတိုင်းနိမ့်နိမ့်ဖြင့် ကာထားသေးသည်။ ကားကိုယ်ထည် သို့မဟုတ် ဘန်ပါနှင့် တံတိုင်းနှင့် ပွတ်မိဖို့များသည်။ မယူတာဘဲ ကောင်းပါတယ်။ ကားပတ်ကင်အ၀င်ဝရှိ အပြာ ရောင်ဝတ်စုံဝတ် လုံခြုံရေးအစောင့်နှစ်ဦးက ကျွန်မကို အထူးအဆန်းသတ္တ၀ါကို ကြည့်သလို ကြည့်နေ၏။
အို ကားတက်တဲ့လမ်းကို လူမတက်ရဘူးလို့ ဘယ်သူပြောလဲ။
ဘယ်သူမှတော့ မပြောပါဘူး။ သို့သော် သူတို့ အံ့သြမှာပေါ့။ ဒီ အဆောက်အဦတွေဆီသွားဖို့လည်း စူပါမားကတ်ထဲကနေ ဖြတ်ပြီး ဓာတ်လှေကားစီးလျှင် ရောက်တာပဲ။ ဒါပေမယ့် သူတို့မသိတာက ကျွန်မက ဈေးဝယ်စင်တာကနေ ဒီကိုလာသည့် ဓာတ်လှေ ကားကို မရှာတတ်။
ကားပတ်ကင်အဆောက်အဦအောက်ရောက်တော့ ရုတ်တရက် မိုးဒဏ်မှလွတ်သွားသဖြင့် နွေးသွားသည်။ မိုးရေရွှဲနေတာတော့ ခဏနေလျှင် ခြောက်သွေ့သွားမှာပေါ့။
ကားရပ်ရာနေရာတွေကို သူ့အမှတ်အသားနှင့်သူ အကန့်လေးတွေ လုပ်ထား၏။ ကားတွေ အပြည့်မရှိ။ တချို့နေရာမှာ ကွက်လပ်တွေ ဖြစ်သည်။ ကားတော်တော်များများသည် အဖြူရောင်ဖြစ်သည်။ ကားရပ်ရာ အဆောက်အဦ၏ ဟိုဘက်က အပြာရောင် ရင့်ရင့် အဆောက်အဦမြင့်ကြီးဆီသို့ အကူးမှာ တစ်ချက် မိုးရွဲှ့ရဦးမည်။ မိုးမရွှဲသေးခင် ဒီမှာ စာရွက်လေးကို ထုတ်ကြည့်လိုက်ရမည် လား။ မဖြစ်သေးပါဘူး။ ဒီနေရာကို ကိုယ်လာနေကျမဟုတ်မှန်း အစောင့်တွေ သိကုန်လိမ့်မည်။ ဓာတ်လှေကားထဲရောက်တော့မှ ထုတ်ကြည့်ပြီး အခန်းနံပါတ် ဖတ်လျှင်လည်း ရတာပဲ။ အင် နေပါဦး ဓာတ်လှေကားက မီးရောင်ရှိရဲ့လား။ အို ရှိရမှာပေါ့။ ထားလိုက် စမ်းပါ။
ကျွန်မ သည်ဘက်အဆောက်အဦမှ ဟိုဘက်သို့ ကူးဖြတ်ပြေးလိုက်သည်။ ကွန်ကရစ်တွေချည်း အပြည့်မို့ ခြေထောက်ကို ရွှံ့ဗွက်တို့ ရေအိုင်ရေတို့ စဉ်မှာ မစိုးရိမ်ရသော်လည်း အထက်မှာက မိုးက သဲသဲမဲမဲ ရွာနေတုန်းကိုး။
ဖြတ်သွားဖြတ်လာလူ တစ်ယောက်မှ မဆုံတွေ့ရ။ အစောင့်နှစ်ယောက်ကလွဲလျှင် ကျွန်မသည် တစ်ဦးတည်းသော လှုပ်ရှား သွားလာနေသည့် သက်ရှိဖြစ်သည်။ ခွေးတစ်ကောင် ကြောင်တစ်မြီးမှလည်း မတွေ့ရ။ လူတွေ အပြင် မထွက်ကြဘူးလား။ ထွက်စရာ အကြောင်း မရှိကြဘူးလား။ ဒါဖြင့် ကျွန်မကတော့ ဘာအကြောင်းကြောင့် သည်နေရာမှာ ရောက်နေရတာလဲ။ ကားတွေကို ခပ်စောင်း စောင်း အနေအထားဖြင့် ရပ်ဖို့ နေရာသတ်မှတ်ပေးထားခြင်းဖြစ်သော်လည်း ကားတစ်စီးက သတ်မှတ်မျဉ်းဝါကို မလိုက်နာဘဲ တည့် တည့်ကြီး ရပ်ထားသည်။ ကားကတော့ အကောင်းစား အဖိုးမနည်းထိုက်သည့်ကား ဖြစ်သည်။ သို့သော် စည်းမျဉ်းလိုက်နာမှုတော့ သုညပဲ။ သူ့ကားရပ်ပုံကြောင့် သူ့ ဘေးနှစ်ဘက်က ကားတွေ နေရာပျက်ယွင်းရလိမ့်မည်။ အစောင့်တွေက ကားတစ်စီးစီး ရပ်နားဖို့ နေရာယူလျှင် ကူညီပေးနေကျ မဟုတ်ဘူးလား။ ဒီကားကို ဘာဖြစ်လို့ မကူညီလိုက်ကြသလဲ။ ကားမောင်းသူက ဘယ်လိုလူမို့လဲ။ အင်းလေ အဲဒါ ကျွန်မနှင့် ဘာဆိုင်လဲ။
ကျွန်မ ကွန်ဒို အဆောက်အဦအောက်သို့ ရောက်သည့်အခါ ခပ်လှမ်းလှမ်းမှာ လူတစ်ယောက် လျှောက်လာနေသည်ကို မြင်ရ သည်။ သူ ကြွပ်ကြွပ်အိတ်ဟောင်း တစ်လုံးအပြည့် ခပ်လေးလေးအရာဝတ္ထုတွေကို ဆွဲလာသည်။ ကျွန်မတို့ရောက်နေသည့်နေရာ သည် တိုက်ခန်းများ၏အောက် ကားရပ်နားရန်နေရာဖြစ်သဖြင့် လူသွားလူလာမရှိ။ မေးမြန်းစရာလူဆိုလို့ ဟိုဘက်အဆောက်အဦမှာ ကျန်ရစ်ခဲ့သော လုံခြုံရေးအစောင့်တွေသာ ရှိသဖြင့် ကိုယ့်အားကိုယ့်ကိုးကာ ကိုယ်သွားရမည့်တိုက်ခန်းကို ရှာဖွေရန် ရှိတော့၏။ စောစောတုန်းက အစောင့်တွေကို မေးမြန်းခဲ့မိရင် အကောင်းသား။
ထိုလူသည် ကျွန်မနှင့် တည့်တည့်လျှောက်လာနေ၏။ သူ ကျွန်မကို လှမ်းကြည့်သည့်အကြည့်မှာ စူးစူးရဲရဲနိုင်လှသည်။ အခု အချိန်မှာ စာရွက်လေးကို ထုတ်ကြည့်လိုက်လျှင် ဒီလူက ကျွန်မလည်း ဧည့်သည်မှန်း သိသွားမည်။ အဲဒါ ကောင်းပါ့မလား။ ကျွန်မ၏ ညာဘက်ခပ်လှမ်းလှမ်းမှာ ဓာတ်လှေခါးကို တွေ့ရပြီ။ ဓာတ်လှေကား၏ဘေးမှာ ရိုးရိုးအုတ်လှေကားကိုပါ မြင်လိုက်ရသည်။ ထိုနေရာ သို့ ခပ်သွက်သွက် လျှောက်သွားစဉ် ထိုလူကလည်း ထိုနေရာသို့ ဦးတည်ကာ ခပ်သွက်သွက် လျှောက်လာနေသည်။ ကျွန်မသာ သူ့ကို ကြည့်နေလျှင် သူနှင့် အကြည့်ချင်း ထပ်ဆုံမှာ သေချာသည်။ ထိုကြောင့် သူ့ကို မကြည့်ဘဲ ဓာတ်လှေကားပေါက်ကိုသာ ကြည့်လျက် လျှောက်သွားလိုက်ရသည်။ လူပြတ်လပ်သော ကွန်ဒိုတိုက်ကြီး၏အောက်ခြေတွင် သူစိမ်းတစ်ယောက်ကို ကျွန်မအား တစ်ခုခု အန္တရာယ်မပြုဘူးဟု ယုံကြည်စိတ်ချမထားနိုင်ပါ။
ဓာတ်လှေကားခလုပ်ကို နှိပ်ပြီး ခေါ်လိုက်သည့်အချိန်တွင် သူက ကျွန်မနောက်သို့ ရောက်လာပြီ။ လှည့်မကြည့်ပေမယ့် သူက ကျွန်မနောက်သို့ ရောက်လာပြီ။ လှည့်မကြည့်ပေမယ့် သူ့ လှုပ်ရှားမှုနှင့် သူ့ကိုယ်မှ အနံ့အသက်ကြောင့် သူရောက်လာပြီဟု သိလိုက်သည်။ ဘုရားရေ ဓာတ်လှေကားကို သူလည်း အသုံးပြုမှာပါပဲလား။ ကျွန်မနှင့် သူနှင့် ဓာတ်လှေကား၏ အခန်းကျဉ်းကျဉ်း လေးတစ်ခန်းတည်းအတူသွားရမည်။ ဟင့်အင်း မဖြစ်သေးဘူး။ ဓာတ်လှေကားခလုပ်၏ လင်းနေသည့်မီးနီလေးအရ လှေကားသည် ငါးထပ်တွင်ရှိနေသည်။ ငါးထပ်မှ အောက်သို့ ဆင်းလာနေသည်။ ကျွန်မကိုယ်ကို အနည်းငယ်ကျုံ့ယူလိုက်ပြီး ဓာတ်လှေကား၏ ပြောင်လက်နေသော တံခါးမျက်နှာပြင်မှတစ်ဆင့် နောက်က လူ၏အရိပ်ကို အကဲခတ်ကြည့်လိုက်သည်။ အို သူကလည်း ထို တံခါး မျက်နှာပြင်မှတဆင့် ကျွန်မကို အကဲခတ်နေပါလား။ သူ့မျက်နှာမှာ ခပ်နွမ်းနွမ်း ပါးရေနားရေ ချောင်ကျနေသည်။ မိန်းမတစ်ယောက် ကို အန္တရာယ်ပြုဖို့ အားထုတ်မည့်သူ မဟုတ်နိုင်။ ဟင့်အင်း အဲဒါကို ဘယ်လိုလုပ်ပြီး ကျွန်မက အသေအချာ သိနိုင်မှာလဲ။
ဓာတ်လှေကား ဆင်းလာပြီ။ လေးထပ်မှာရောက်ပြီ။ သုံးထပ်မှာရောက်ပြီ။ သုံးထပ်မှာ ခဏနားနေသေးသည်။ အချိန်ရသေး သည်။ အခုအချိန်မှာ နောက်ထပ် ဓာတ်လှေကားစီးမည့်သူ ရောက်မလာရင် ရိုးရိုးလှေကားကနေ တက်သွားဖို့ စိတ်ပြောင်းပစ်နိုင် သည်။ ဓာတ်လှေကားကို စောင့်ရတာ စိတ်မရှည်သလိုဟန်မျိုးနှင့်ပေါ့။ သူ့ကို မသင်္ကာရာ မရောက်အောင်ပေါ့။ သို့သော် ကျွန်မပေ တေပြီး ရပ်နေမိသည်။ ဦးတည်ရာတစ်ခုမှ နောက်တစ်ခုသို့ ချက်ချင်းပြောင်းလဲသည့်စိတ်မျိုး ကျွန်မကျင့်သားမရသေးလို့ ဖြစ်နိုင်ပါ သည်။
ဓာတ်လှေကားပွင့်လာသည့်အခါ ကျွန်မဖြစ်စေချင်သလို အထဲမှ လူတစ်ယောက်မှ ထွက်မလာပါ။ နောက်ထပ်လူလည်း ကျွန်မ တို့နားသို့ ရောက်မလာပါ။ သည်လိုနှင့်ပင် ကျွန်မနှင့် ထိုလူနှစ်ယောက်တည်း ဓာတ်လှေကားကို စီးရသည်။ ထိုလူက လေးထပ်သို့ သွားမည်။ ကျွန်မက ခုနစ်ထပ်သို့ သွားမည်။ ခလုပ်လေးကို နံပတ်(၇)ဟု နှိပ်လိုက်ပြီးမှ ဟုတ်ရဲ့လား။ ကျွန်မသွားရမည့်နေရာက ခုနစ်ထပ် ဟုတ်ရဲ့လားဟု မသေမချာဖြစ်သွားသည်။ ငါ့နှယ်နော် မေ့တတ်လွန်းလှပါလား။ ကျွန်မ စာရွက်လေးကို ပြန်ဖတ်ဖို့ အားထုတ်ရင်း အန္တရာယ်အတွက် သတိလက်လွတ်ဖြစ် မသွားချင်။ ထိုလူ၏ အမူအရာကို မျက်စိထောင့်မှ အကဲခတ်နေရမည် မဟုတ် လား။ ထိုလူ တကယ်ပဲ လေးထပ်မှာ အပြင်ထွက်သွားတော့ ကျွန်မစိတ်တွေ ပေါ့ပါးသွားသည်။ အားတော့နာမိပါသည်။ သို့သော် ကျွန်မ ကြောက်တတ်ပါသည်။ အရာရာကို မယုံသင်္ကာစိတ်နှင့် စိုးရိမ်ကြောက်လန့်စိတ် ဘယ်တုန်းက စပြီး ၀င်လာမှန်း မသိတော့ပါ။
ကျွန်မ စာရွက်လေးကို ထုတ်ကြည့်လိုက်သည်။ (၇၀၈) ပင်လယ်ပြာကွန်ဒို။ အမယ် ဘယ်ဆိုးလို့လဲ ကျွန်မ၏ မှတ်ဥာဏ်က ယုတ်လျော့မသွားပါ။ စိတ်သက်သာရာရမိ၏။ ကျွန်မရောဂါ ပိုဆိုးမလာသေးပါ။ အနည်းအကျဉ်းတော့ မှတ်မိနေသေးသည်။
မှတ်ဥာဏ်ယုတ်လျော့လာသည့်အဖြစ်ကို ကျွန်မ တောင်းတခဲ့ဖူးသည်။ သို့သော် ကျွန်မ မေ့ချင်သည် ကိစ္စတွေက နှစ်ကာလ တော်တော်ကြာမြင့်သည့် အချိန်တွေက ဖြစ်ခဲ့သည့် ကိစ္စတွေကိုပါ။ အခု ဒီကနေ့မနက်ကကိစ္စ မနေ့ကိစ္စ ဒါတွေကို မမေ့ချင်ပါ။ အခုတော့ ကျွန်မ မှတ်ဥာဏ်တွေသည် မေ့ချင်သည့်အရာကို မမေ့ဘဲ မေ့လို့မဖြစ်သည့်လတ်တလောကိစ္စတွေကို မေ့ကုန်သည်။ လူ့အလို နတ်မလိုက်နိုင်ဆိုသည့် စကား တကယ်ပဲ မှန်ပါသည်။
ကျွန်မ မေ့ချင်သည့်အရာတွေ ရှိသည်။
ဥပမာ- လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ကျွန်မ ချစ်ခဲ့ဖူးသည့် လူတစ်ယောက်ကို မေ့ချင်သည်။ အဲ မဟုတ်ပါ။ သူ့ကို မေ့ချင်တာမဟုတ်။ သူ့ကို ချစ်ခဲ့မိသည်ဆိုသည့် အဖြစ်အပျက် အခြေအနေကို မေ့ချင်တာ။
“ငါနှယ့်နော် ဘာဖြစ်လို့များ . . ”
အဲသည်လို ပြန်ပြန်သတိရတိုင်း ကိုယ့်ကိုကိုယ် ရယ်လည်း ရယ်ချင် စိတ်လည်းပျက်၊ အံ့လည်း အံ့သြမိ၏။
အချိန်ကာလကို ပြင်ယူလို့ရလျှင်၊ အဖြစ်အပျက်ကို ခဲဖျက်နှင့် ပြန်ဖျက်ပြီး ပြင်လို့ရလျှင် ပြင်လိုက်ချင်သည့်အရာတွေ အိုး အများကြီးရှိခဲ့သည်။ ရယ်စရာကောင်းသည့် နောင်တတွေကို မမေ့ရလျှင် အရေးမကြီးပါ။ နာကျင်စရာ ထိတ်လန့်စရာ ကောင်းသည့် နောင်တတွေကို မမေ့တာက ငရဲတစ်ခုပဲ။
ဆရာဝန်ဘ၀က အလွန်ကောင်းသည်ဟု ဘယ်သူပဲပြောပြော။ မကောင်းသည့်အချက်တွေရှိသည်။ မမှားသောရှေ့နေ မသေ သောဆေးသမား ဆိုသည့်စကားပုံက အလကားထားခဲ့တာမဟုတ်။ သို့သော် ကိုယ်ကုသလို့ မရလို့ သေရတာကတစ်မျိုး၊ ငါပေးလိုက်သည့် ဆေးကြောင့်များလားဟု ကိုယ့်ကို သံသယ၀င်ရမည့် အခြေအနေတွေဖြင့် လူနာ သေသွားသွားရတာက တစ်မျိုးဖြစ် သည်။
ဥပမာ ကျွန်မ မေ့ချင်သည်။ အိပ်မရလို့ဟု ညည်းညူလာသော ကျွန်မ လူနာအဘွားကြီး တစ်ယောက်ကို အဆုပ်နှင့် အသက် ရှူလမ်းကြောင်း သိပ်မကောင်းသေးမှန်း သိပေမဲ့ ဒါလောက်နဲ့ တော့ ဘာမှ မဖြစ်တန်ကောင်းသေးမှန်း သိပေမဲ့ ဒါလောက်နဲ့တော့ ဘာမှမဖြစ်တန်ကောင်းပါဟု ဒိုင်ယာဇီပမ် ငါးမီလီဂရမ်ကို ထက်ခြမ်းခြမ်းပြီး သောက်ဖို့ ပေးခဲ့သည့် အဖြစ် ကိုကျွန်မမေ့ချင်သည်။ မေ့ချင်ပါသည်။ နောက်တစ်ရက်နှစ်ရက်ကြာတော့ အဘွားကြီး ဆုံးသွားသည်။ ကျွန်မပေးခဲ့သည့် ဆေးကြောင့်များလား။
ဥပမာ ကျွန်မ မေ့ချင်သည်။ ဆေးမှားသောက်သော ကလေးတစ်ယောက်ကို ဆေးရုံတင်ခိုင်းသည့်အခါ ဆေးရုံသို့ မသွားနိုင်ပါ။ ဆရာမပဲ ကုပေးပါဟု လူနာရှင်တွေ ခေါင်းမာနေစဉ်က ကျွန်မ အတင်းအကြပ် မြင်းလှည်း သွားခေါ်ခိုင်းသော်လည်း အခြေအနေတွေ ရှုပ်ထွေးလျက် မြင်းလှည်းလည်း မရောက်လာ။ ဆေးသောက်တာက နေ့လည်ပိုင်း ကျွန်မကို သူတို့လာခေါ်တာက ညနေပိုင်း မှောင်ရီပျိုးစ။
“ရင်ထဲက ပူတယ်။ ကယ်ပါဦးဆရာမရဲ့”
လူနာကလေး၏ တုန်တုန်ရီရီကူကယ်ရာမဲ့ ငိုကြွေးသံ။
အဲသည်တုန်းက ဒီဝေဒနာကို ကျွန်မ ကုလို့မရဘူး။ ဆေးရုံသွားမှရမှာဟု ပြောခဲ့ပါ၏။ သို့သော်
“ဆေးရုံမှာ ပါးစပ်ထဲ ပိုက်ထည့်ပြီး အစာအိမ်ကို ဆေးပစ်ရမှာ။ ဒါမှ အထဲက ဆေးတွေ ထွက်ကုန်မှာ။ မရဘူး။ သွားကို သွားရ မယ်” ဟု ကျွန်မ ဆေးအိတ်ပြန်ကောက်ဆွဲပြီး ဇွတ်ထွက်လာခဲ့ဖို့ကောင်းသည်။ သူတို့ကို ကျွန်မ အတင်းအကြပ် မတိုက်တွန်းခဲ့မိလို့ ကိုယ့်မျက်စိ ရှေ့မှောက်မှာပင် ကလေး အသက်ဆုံးခဲ့ရတာ။ အဲဒါကို ကျွန်မ မေ့ချင်သည်။ လူတစ်ယောက်ရဲ့ကံကြမ္မာဟာ တော်တော် ကြောက်စရာကောင်းပါလား။ တကယ်လို့ အဲဒီကလေးဟာ ဆုံးဖြတ်ချက် မှန်ကန်သော မိဘဆီမှာ ဖွားမြင်ခဲ့လျှင်၊ ဆေးရုံ ဆိုတာကို မကြောက်လန့်ရသော အသိုင်းအ၀ိုင်းမှာ ဖွားမြင်ခဲ့လျှင်၊ ပြတ်သားသော ဆရာဝန်ဆီမှာ ဆေးကုသခံယူခွင့် ရခဲ့လျှင် . . ကျွန်မ အဲဒီ အဖြစ်တွေကို မေ့ချင်သည်။
သို့သော် ကျွန်မ မမေ့ခဲ့။ အဲသည်လို အဖြစ်တွေ အဖြစ်တွေ၊ မေ့ချင်တာတွေ အများကြီး။ ကျွန်မကိုယ်ကျွန်မလည်း သံသယ ဖြစ်နေရပြီ။ ကျွန်မသည် အကောင်းတွေထက် အဆိုးတွေကို ဘာဖြစ်လို့ သတိရနေတာလဲ။
ဥပမာ ကဗျာစာဆို နတ်သျှင်နောင်၏ ကဗျာတွေကို ကျွန်မဖတ်သည့်အခါ နတ်သျှင်နောင်၏ စကားလုံးအလှအပ အတွေး အခေါ် အယူအဆကိုပဲ လေးစားချီးကျူးပေါ့။ ဘာဖြစ်လို့ နတ်သျှင်နောင် အသေဆိုးဖြင့် သေဆုံးခဲ့ရတာကို သတိရနေလဲ။ အဲဒါ ပုံမှန် မဟုတ်ဘူး။ နတ်သျှင်နောင်၏ကဗျာကို ဖတ်သူတိုင်းကို မေးကြည့်စမ်းပါ။ ကဗျာကို ယစ်မူးရသည့်အချိန်မှာ နတ်သျှင်နောင်၏ အကြောင်းမလှသော မချိမဆန့် နိဂုံးကို ဘယ်သူများ သတိရနေလဲ။ ဟင့်အင်း ဘယ်သူမှ မရှိနိုင်။ ကျွန်မက အဲဒါတွေကို ဘာဖြစ်လို့ မမေ့တာလဲ။
ဂျပန်တို့က တရုတ်တွေအပေါ် ရက်စက်ခဲ့သည့် နန်ကင်းတိုက်ပွဲကို ကျွန်မနှင့် ဘာဆိုင်လို့ အခုထိ ရင်ထဲမှာ နာကျင်စွာ ခံစား ကြောက်ရွံ့နေရတာလဲ။ မေ့ပစ်လိုက်ပါလား။ ဂျပန်ဇာတ်ကားတွေ၊ ဂျပန်သီချင်းတွေကိုပဲ ခံစားပေါ့။ မဟုတ်ဘူး။ ကျွန်မက ဆိုးယုတ်မှု တွေကို မမေ့နိုင်။
သမိုင်းကိုလည်း မေ့ချင်သည်။ သင်ခဲ့ရသည် သမိုင်းက အသေးအဖွဲပါ။ ဖတ်ခဲ့ရသည့် ဖတ်နေသည့် သမိုင်းတွေက အကြီး အကျယ် ထိခိုက်မှုတွေ ရက်စက်မှုတွေ အဲဒါတွေကို မေ့ပစ်လိုက်ပါတော့လား။ ဘာဖြစ်လို့ ကျွန်မ သွားရမည့်အခန်းဟာ ခုနစ်ထပ် လား ရှစ်ထပ်လား ဆိုသည့်အချက်ကို မေ့ရတာလဲ။ ဟော အခုကိုပဲ ကျွန်မ ဆင်းရမည့်အထပ်က ဘယ်အထပ်မှန်းမသိတော့။ အချက်ပြမီးနီလေးက ခုနစ်ဂဏန်းမှာ။ ဒါဖြင့် ကျွန်မ နှိပ်ခဲ့တာ (၇)ဂဏန်းပေါ့။ ကျွန်မ သွားရမှာ (၇)ထပ်ပေါ့။ အခန်းနံပါတ် ဘယ်လောက်လဲ။ ကျွန်မ စာရွက်ကို ပြန်ကြည့်ရပြန်တယ်။ (၇၀၈) တော်ပါသေးရဲ့။ မှတ်စုမှတ်သားခြင်းဖြင့် ကျွန်မကိုယ်ကျွန်မ အခြေမပျက်အောင် ထိန်းနိုင်ပေလို့။
အခန်း(၇၀၈)မှာ မေ့လျော့ခြင်း သီအိုရီစာအုပ်ကို ယူရန်တဲ့။ တံခါးခေါက်တော့ လာဖွင့်သူက သူငယ်ချင်း။ နှစ်ပေါင်းများစွာက ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်း။ ဆရာဝန်အလုပ်ဖြင့် အလွန်အောင်မြင်ကျော်ကြားသူ၊ သူ့အမျိုးသားက အင်ဂျင်နီယာက ကန်ထရိုက်လုပ်ငန်းဖြင့် အောင်မြင်ကြီးပွားသူ။
“လာလာ မရွှေမိ။ ထိုင်ဦး”
ကျွန်မ ကြာရှည်မထိုင်နိုင်ပါ။ ကျွန်မ နှစ်နာရီ အရောက်ပြန်ရမည်။ သို့သော် ခဏတော့ထိုင်ပါမည်။ သူငယ်ချင်းကလည်း တကယ်တော့ ကျွန်မကို အေးအေးဆေးဆေး ဧည့်ခံနိုင်မှာမဟုတ်ပါ။ သူငယ်ချင်းတိုက်သော ဖျော်ရည်ကိုသောက်ပြီး ဧည့်ခန်းမှာ ဟိုဟိုသည်သည် စူးစမ်းကြည့်ဖြင့် ကြည့်ရင်း သူငယ်ချင်း၏သားသမီးများအကြောင်းကို နားထောင်ရင်း ဆယ့်ငါးမိနစ်လောက်တော့ အချိန်ယူလိုက်သည်။
သူ့မိသားစုအကြောင်း ကိုယ့်မိသားစုအကြောင်း ပြောရတာက အခက်အခဲမရှိ။ ကိုယ်ကလည်း ကိုယ့်အဖြစ်တွေကို ပြောပြနိုင် သည်။ ခက်ခဲရတာက သူမေးလာသည့် မေးခွန်းတစ်ခု “ဒီကပြီးရင် နင်ဘယ်သွားမှာလဲ” တဲ့။ အဲဒါကမှ အခက်အခဲ။ ကျွန်မ မမှတ်မိပါ။ မမှတ်မိတာကို သူငယ်ချင်းကို ပြောပြလျှင်လည်း ခဏခဏ တွေ့နေ့ကျမဟုတ်သော သူငယ်ချင်းက နားလည်နိုင်မှာမဟုတ်။ အထူး အဆန်းတွေဖြစ်နေမည်။ ဒီအခါ သူ့ကို ပြန်ရှင်းရမည်။ ဒါကြောင့် ပြောစရာစကားတစ်ခုခုကို အစားထိုးပြီး ပြောလိုက်သည်။
“ပန်းပင်လေးနှစ်ပင်လောက် သွားဝယ်မလို့”
“ဘာပန်းပင်လဲ”
“နွယ်သာကီ”
“နွယ်သာကီဆိုရင် ငါ့ညီမ ၀ယ်နေကျဆိုင်ရှိတယ်။ မင်္ဂလာဒုံ ဆယ်မိုင်နားမှာ။ ဒီကနေ သွားရင်”
ကဲ။ နားထောင်လိုက်ပါ။ ခဏကြာလျှင် အဲဒီနေရာဟာ ဘယ်နေရာလဲဟု ကျွန်မ မေ့တော့မှာကို သူငယ်ချင်း မရိပ်ပါစေနဲ့။
သူငယ်ချင်းက ဆိုင်နာမည်ကို လမ်းညွှန်သည်။ ဆိုင်တွင်းမှ အပင်များ၏ လှပပုံကို ရှင်းပြသည်။ ဆိုင်ရှင်၏ ပညာကို ချီးကျူး သည်။ ကျွန်မ ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေခဲ့သည်။ နားထောင်ရင်းနှင့် တကယ်ပဲ အဲဒီကို သွားချင်စိတ်ပေါ်လာသည်။ နွယ်သာကီပန်းပင်ကို ပါးစပ်က ပြောလိုက်သော်လည်း တကယ် ကျွန်မ၀ယ်ချင်တာက နှင်းဆီပင်ဖြစ်နိုင်ပါသည်။ နှုတ်ဆက်ပြီး ပြန် ထွက်သည့်အခါ သူငယ်ချင်းဆီမှ စာအုပ်ယူဖို့ မေ့၏။ သူငယ်ချင်းက မေ့တတ်သူမဟုတ်။
“ဟဲ့ ရွှေမိ နင်လာတာ စာအုပ်ယူဖို့လေ”
“အော် အေးအေး ဟုတ်ပါ့ဟယ်။ အာရုံတွေများနေတာနဲ့ပဲ”
တကယ်တော့ အာရုံကို လွှဲမချသင့်ပါ။
“အာရုံနဲ့ မဆိုင်ဘူးလေဟာ။ ငါတို့အသက် (၄၀)ကျော်လာလို့ မှတ်ဥာဏ်ဆိုင်ရာ ဦးနှောက်ဆဲလ်တွေ ပျက်စီးကုန်ပြီကိုး”
သူ့ဆဲလ်တွေ ပျက်စီးပုံနှင့် ကျွန်မဆဲလ်တွေ ပျက်စီးပုံကတော့ တူနိုင်မည်မထင်ပါ။
ကျွန်မ အပြင်ထွက်တော့ သူငယ်ချင်းက အပြင်ကို ဇွတ်လိုက်သည်။ ဓာတ်လှေကားဆီ ဇွတ်ပို့သည်။ ထိုအခါ ကျွန်မသည် ဘယ်ကို သွားရမှာလဲဟု ရေးထားသည့် စာရွက်ကို သူ့ရှေ့မှာ ထုတ်မကြည့်ဖြစ်တော့ပေ။ ဓာတ်လှေကားအတွင်း ၀င်သည့်အခါကျမှ စာရွက်လေးကို ရှာရသည်။ သို့သော် စာရွက်က ကျွန်မ၏လက်ပွေ့အိတ်ထဲမှာ မတွေ့။ အထပ်ထပ်ရှာတော့လည်း မတွေ့။ ဘယ်များ ရောက်သွားပါလိမ့်။ သူငယ်ချင်းအိမ်မှာများ ကျကျန်ခဲ့လား။ မဖြစ်နိုင်။ သူငယ်ချင်းအိမ်မှာ စာရွက်ကို ထုတ်မှမကြည့်ဘဲ။ မကြည့်ဘူး မဟုတ်လား။ မသေချာပါ။ ကြည့်ဖြစ်ချင်လည်း ကြည့်ဖြစ်မည်။ ကျွန်မ အဲသည်လောက်ကို မမှတ်မိပါ။ ဓာတ်လှေကားထဲ ကျန်ခဲလျှင် တော့ အခု ကျွန်မ ရပ်နေသည့် ဓာတ်လှေကားကြမ်းပြင်မှာ တွေ့ရမှာပေါ့။ အခု မတွေ့ဘူးလေ။ ဒါဖြင့်
ကျွန်မ ဓာတ်လှေကား၏အောက်ဆုံးကို ရောက်လာသည်။ မြေညီထပ်တဲ့။ ဓာတ်လှေကားတံခါး ပွင့်သွားသောအခါ အပြင်မှာ အမျိုးသမီးငယ်တစ်ယောက် မတ်တပ်ရပ်စောင့်နေသည်ကို မြင်ရသည်။ ကျွန်မအထွက် သူက အ၀င်။ ကျွန်မ ထွက်လာပြီးတော့ စိတ် မကျေနပ်သဖြင့် ဓာတ်လှေကား အခန်းလေး၏ကြမ်းခင်းကို နောက်တစ်ကြိမ်လှည့်ကြည့်မိသည်။ စာရွက်အရိပ်အယောင်ဆိုလို့ စက္ကူ စုပ်လေးတစ်ခုမျှတောင် မတွေ့။
ကျွန်မ ဆက်လျှောက်လာခဲ့သည်။ ကျွန်မ ကားမောင်းလာသည်ကိုတော့ အလေ့အကျင့်အရ ဖြစ်နိုင်ချေအရ မှတ်မိသည်။ သို့သော် ကားကို ကျွန်မ ဘယ်မှာ ရပ်ထားသလဲ။ ကျွန်မ မမှတ်မိတော့ပါ။ ကျွန်မ ဘေးပတ်လည်က ကားရပ်စခန်းမှာ ရပ်ထားသည့် ကားတွေကို ကျွန်မ လိုက်ကြည့်သည်။ ကျွန်မ၏ ကားနံပါတ်ကိုတော့ နှစ်ကာလကြာမြင့်စွာ မောင်းလာခဲ့သော ကားဖြစ်လို့ မှတ်မိ သည်။ အရောင်ကိုလည်း မှတ်မိတာပေါ့။ သို့သော် ဘယ်မှာရပ်ခဲ့တာလဲ။
ကဲပါလေ။ ဒီနားတစ်ဝိုက်မှာပဲ ရှိမှာပေါ့။ ရှာရတာ ဘာများ ပင်ပန်းမှာလဲ။ ရှာပါ။
ဟိုသွား ဒီသွား အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက် လုပ်နေသော ကျွန်မကို လုံခြုံရေးအစောင့်တွေက ကူညီချင်ပုံ ဖြင့် အနားရောက်လာသည်။
“ဘာကူညီရမလဲ” တဲ့။
ဟုတ်ပါရဲ့။ ကျွန်မ အကူအညီလိုနေတာတော့ အမှန်ပါပဲ။ ဘာအကူအညီပါလိမ့်။
ကျွန်မ ရုတ်တရက် မဖြေနိုင်။ စဉ်းစားနေရသည်။ ဒါကို သူတို့က မသင်္ကာဖြစ်ချင်ဟန်ရှိသည်။
“ဘာဖြစ်လို့လဲရှင်”
“အော် အစ်မက ဟိုဟိုဒီဒီလိုက်ရှာနေပုံပေါ်လို့ ကားများ ပျောက်နေသလားလို့”
အော် ဟုတ်ပါရဲ့။ ကျွန်မ ကားရှာနေခဲ့တာပဲ။
“ဟုတ်တယ်ရှင့် ကျွန်မကားကို ဘယ်မှာ ထားခဲ့မိမှန်း မသိဘူး”
“အစ်မလာတုန်းက ဒီကုန်းတက်အတိုင်း ခြေလျင်တက်လာတာ။ ကားကို ဒီမှာရပ်တာတော့ မဖြစ်နိုင်ဘူး။ အောက်ဘက်တစ်နေ ရာရာမှာဖြစ်မယ်ဗျ”
သူတို့ ကျွန်မကို ဒီနေရာမှာ မမြင်ရက်တော့တာလား။ သို့မဟုတ် မသင်္ကာတာလား။
“ကျေးဇူးပါနော်”
ကျွန်မထွက်လာခဲ့သည်။
ကုန်းဆင်းကားလမ်းကျဉ်းကျဉ်းမှာ ကျွန်မ ဘေးသို့ တတ်နိုင်သမျှ ကပ်ပြီးဆင်းလာသော်လည်း ကားတစ်စီးစာသာ နေရာမရှိ သဖြင့် ရှေ့မှ တက်လာသောကားက ကျွန်မကို မရှောင်သာ။ ကျွန်မက ဘေးသို့ကပ်ရပ် အုတ်တံတိုင်းနှင့် ကျောကိုကပ် ကိုယ်ကိုပြား နိုင်သမျှ ပြားနေအောင် ကပ်ရပ်ပေးလိုက်တော့မှ ကားက ရှေ့ဆက်တက်လာသည်။ ကားမောင်းသူ လူငယ်က ကျွန်မကို ဂြိုဟ်ကြည့် ကြည့်သွားသည်။
ကျွန်မတို့ တစ်ဦးနှင့်တစ်ဦး အခုလို မကျေနပ်စိတ်တွေ မသင်္ကာစိတ်တွေနှင့်နေရသော လူ့အသိုင်းအ၀ိုင်းမှာ မကျဉ်းကြပ် လွန်းဘူးလား။ ဒါကြောင့် ရှေးရှေးတုန်းက လူတွေက လူဦးရေ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ အသိုင်းအ၀ိုင်းလုပ်ကြတာ။ ခပ်ကျဉ်းကျဉ်းလေးပေါ့။ အကျယ်ပြန့်ကြီးမဟုတ်တော့ ကိုယ်လည်း သူသိ။ သူလည်း ကိုယ်သိ။
လူ့အဖွဲ့အစည်းမှာ လူတစ်ဦးချင်း အပြန်အလှန် အဝေတည့်နေမည့် လူဦးရေက (၁၅၀)ပဲ။ ဒီ့ထက်မပိုဘူးဟု ဖတ်ဖူးပါသည်။ လူ(၁၅၀)ကျော်လာပြီဆိုတာနဲ့ အဲဒီလူဦးရေဟာ အစုလေးတွေ သေးသေးလေးတွေ ထပ်ကွဲသွားပါတော့တယ်တဲ့။ ရှေးဟောင်း ကျောက်ဂူခေတ်က လူသားအုပ်စုတွေကို ကြည့်ရင်လည်း ကိုယ့်မျိုးဆက်ကနေ ပေါက်ပွားပြီး စုစည်းနေထိုင်ခဲ့ကြတာ နောက် မျိုးဆက် တစ်ခုပြီးတစ်ခု (၄)ဆက်မြောက်အထိ လူဦးရေ (၁၅၀)ပတ်ဝန်းကျင်လောက်ပဲဟု ဆိုသည်။ တစ်နည်းပြောရလျှင် လူဦးရေ (၁၅၀)ဆိုတာ ကိုယ့်အသိုင်းအ၀ိုင်းအတွက် ခိုင်ရန်ဒေါသမရှိ၊ မကျေနပ်မှုမရှိ။ အေးအေးချမ်းချမ်းနေလို့ရမဲ့ လူဦးရေ အရေအတွက်ပဲ။ ဒါကြောင့် ပထမကမ္ဘာစစ်မှာ မဟာမိတ်တွေရဲ့ တပ်မှာ လူ(၁၅၀)ထက် မပိုဘူးတဲ့။ လူတစ်ယောက်မှာ ကိုယ့်မိတ်ဆွေတွေရဲ့ လိပ်စာ နဲ့ ဖုန်းနံပါတ်တွေ သိမ်းဆည်းရေးမှတ်တဲ့စာအုပ်ဆိုရင် အဲဒီထဲမှာပါတဲ့ လူဦးရေက (၁၅၀)လောက်ပဲတဲ့။ အင်းဒါတော့ နည်းနည်းများ သွားပြီထင်၏။ ကျွန်မမှာတော့ လိပ်စာကဒ် (၁၅၀)စာ မိတ်ဆွေမရှိပါ။ ကျွန်မမိတ်ဆွေက လွန်ရောကျွံရော (၅၀)ပေါ့။ ကိုယ်နဲ့အတူ တစ်ဆိုင်တည်းမှာ ဘီယာ လက်ဘက်ရည်အတူ ရောက်လာသောက်ရင် စိတ်ကသိကအောင့်မဖြစ်ဘဲ ခံနိုင်တယ်ဆိုသည့် လူအရေ အတွက်က (၁၅၀)လောက်ပဲတဲ့။ အော် ဘယ်လိုများ သုတေသနလုပ်ပြီး ရှာထားပါလိမ့်။ စိတ်ဝင်စားစရာတော့ ကောင်းပါသည်။ ဒါဆိုလည်း (၁၅၀)စီပဲ အသိုင်းအ၀ိုင်း သေးသေးလေးတွေနဲ့ နေကြရင် မကောင်းဘူးလား။ ဒါဆို အာဏာဆိုတာကို လုစရာလိုဦးမှာ လား။ သူများအကျိုး စီးပွားပျက်အောင် ဖန်တီးဖို့ လိုဦးမှာလား။
နေပါဦး ဒါတွေကျတော့ ကျွန်မ ဖတ်တာတွေ မှတ်တာတွေ မှတ်မိနေပြီး အခု ကျွန်မ ကားရပ်ရာနေရာကိုကျတော့ ဘာဖြစ်လို့ မမှတ်မိရတာလဲ။ ကျွန်မ တစ်ခုခုတော့ မှားနေပြီ။
ပျော်စရာတွေကို သတိမရဘဲ ဆိုးရွားမှုတွေ စိတ်ညစ်စရာတွေ ကြောက်လန့်စရာတွေကိုချည်း သတိရနေတာ အဲဒါလည်း ကျွန်မ တစ်ခုခုတော့ မှားနေပြီ။
ကျွန်မကို တစ်ယောက်ယောက်က အကူအညီပေးနိုင်မလား။ အဲဒီပုဂိုလ်ဟာ ဘယ်လိုလူမျိုးဖြစ်နိုင်မလဲ။ သိပံပညာရှင်ဖြစ်မ လား။ ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်ဖြစ်မလား။ စိတ်ကျန်းမာရေး ဆရာဝန်ဖြစ်မလား။
လောလောဆယ်တော့ ကျွန်မ အိမ်ပြန်ဖို့ ကားကို ရှာနေတုန်းဖြစ်ပါသည်။
ဂျူး


ကျောင်းပို့သူများ


(၁)
သည်ရက်ထဲမှာ William Saroyan ၏ ‘The first day of school’ ၀တ္ထုတိုကလေးကို ဖတ်ဖြစ်ပါသည်။ ကလေးတစ်ယောက် ကျောင်းစတက်ရသောနေ့ ကို ဖွဲ့ထားခြင်းဖြစ်သည်။ William Saroyan ၏ ၀တ္ထုတိုများကို ကျွန်တော်တော်တော်များများဖတ်ဖူး ပါသည်။ အထူးသဖြင့် စင်ကာပူနိုင်ငံရေမြေနောက်ခံ၊ သဘာဝသွင်ပြင်နောက်ခံတွေကို ရေးဖွဲ့တတ်သူဖြစ်၏။ (သူ၏ ဖားခုန်ပြိုင်ပွဲ၊ The great leapfrog contest ၀တ္ထုတိုဆိုလျှင် ကျွန်တော်စွဲလန်းသည့်ဝတ္ထုတိုတွေထဲမှာ တစ်ပုဒ်ပါဝင်သည်။ ) အခု ကျွန်တော်ဖတ် ဖြစ်သည့် ၀တ္ထုတိုကတော့ ကလေးငယ်တစ်ယောက်၏ ကျောင်းကြောက်သောခံစားမှုကို ရိုးရိုးလေးရေးဖွဲ့ထားသည်ဖြစ်ရာ ကျွန်တော့်ငယ်ဘ၀ကိုပင် ပြန်လည်သတိရမိပါသည်။ ၀တ္ထုတို၏အကြောင်းအရာကို ဦးစွာပြောချင်ပါသည်။
ဒေါက်တာလူဝီဒေဗီတွင် သားကလေးတစ်ယောက်ရှိ၍ အမည်က ဂျင်မ်ဖြစ်သည်။ ဂျင်မ်၏မိခင်က ဂျင်မ်မွေးပြီးပြီးချင်း ကွယ်လွန်ရှာသည်။ ဒေါက်တာလူဝီဒေဗီအဖို့ အိမ်ဖော်မကြီးအေမီ၏ ပြုစုစောင့်ရှောက်မှုနှင့် နေရသည်။ အေမီက ဆွီဒင်အမျိုးသမီး ကြီးဖြစ်၍ ဒေါက်တာလူဝီဒေဗီတို့သားအဖနှင့် နှစ်ပေါင်းများစွာနေထိုင်ခဲ့သူဖြစ်သည်။ အေမီက ဂျင်မ့်ကို ခါတိုင်းတနင်္ဂနွေတီးဝိုင်းများ ရှိရာပန်းခြံကိုပို့နေကျ။ ဂျင်မ်ကျောင်းတက်ရမည့်အရွယ်ရောက်တော့ ကျောင်းပို့ရပြီ။ ဂျင်မ်က ကျောင်းမသွားချင်။ တစ်လမ်းလုံး အိမ်ဖော်ကြီး အေမီ့ကိုဂျီကျသည်။
“ကျွန်တော် အေမီ့ကို မကြိုက်ဘူး”
“နောက်ထပ် နောက်ထပ်လည်း မကြိုက်ဘူး”
“ငါကတော့ ကြိုက်ပါသကွယ်”
“အေမီ . . . ဘာဖြစ်လို့ ကျွန်တော့်ကို ကျောင်းပို့တာလဲ”
“မင်းကိုချစ်လို့ပေါ့”
“ကျောင်းကိုဘာကိစ္စနဲ့ သွားရတာလဲ”
“ကလေးတိုင်းကျောင်းသွားကြရတာပဲကွယ့်”
“အေမီကော ကျောင်းသွားဖူးသလား”
“ဟင့်အင်း . . . .”
“ဒါဖြင့် ကျွန်တော့်ကျတော့ ဘာဖြစ်လို့ကျောင်းပို့တာလဲ”
“မင်းသွားစေချင်လို့ပေါ့”
ဖတ်လက်စ၀တ္ထုတိုကို ပိတ်လိုက်ပြီး ငေးနေမိပါသည်။ ကျွန်တော်ကျောင်းနေစဉ်က ကျောင်းပို့သူနှစ်ဦးရှိခဲ့ပါသည်။ တစ်သီးက အမေဖြစ်၍ တစ်ဦးက ကြည်ကြည်ဖြစ်သည်။ ကျွန်တော်တို့ငယ်ငယ်က ခြောက်နှစ်ပြည့်မှ ကျောင်းနေခွင့်ရသည်။ သူငယ်တန်းလေး၊ သူငယ်တန်းကြီးနှစ်နှစ်တက်ရသည်ဖြစ်၍ တစ်တန်း(ပထမတန်း) လောက်ရောက်ကြပြီဆိုလျှင် ခုနစ်နှစ် ရှစ်နှစ်သား လူကောင်ကြီး တွေ ထွားကြလှပြီ။ ကျောင်းနှင့်အိမ်မဝေးလှသော်လည်း အမေက မနက်တိုင်း ကျောင်းဝအထိ လိုက်ပို့နေကျ။ အမေက ကျောင်းပို့ ချင်သလို ကျွန်တော်ကလည်း ပို့စေချင်သည်။ ကျွန်တော်တို့အိမ်က လမ်းတောင်ဘက်တွင်ရှိ၍ လမ်းကိုကျော်လိုက်သည်နှင့် ဘုရား ကျောင်းဝင်းထဲကိုရောက်သည်။ ဟိန္ဒူဘုရားကျောင်းဖြစ်၍ ကြာရေကန်ကြီးတစ်ကန်လည်းရှိသည်။ အမေက ကျောင်းပို့ရင်းဟိန္ဒူ ဘုရားကျောင်း ဥပသကာကြီးနှင့် စကားတွေရပ်ပြောတတ်သည်။ အဓိကပြောကြသည့်အကြောင်းက အဖေ့ဆီကစာလာသလား၊ စာလာလျှင် ဘာတွေပါသလဲ၊ ဘယ်တော့လာမှာတဲ့လဲ၊ ငွေကောပို့ရဲ့လား စသည့်မေးခွန်းများကို အမေဖြေရခြင်းဖြစ်သည်။ အဖေ့ဆီ က စာရောက်စရက်များ သို့မဟုတ် ငွေရောက်စရက်များဆိုလျှင်တော့ အမေ့စကားတွေက ဝေေ၀ဆာဆာရှိတတ်တာကို ကျွန်တော် သတိထားမိပါသည်။ စာမရောက်တာကြာလို့၊ ငွေမပို့တာကြာလို့ အမေကိုယ်တိုင်မျှော်နေချိန်မှာ သည်မေးခွန်းတွေမေးလျှင် အမေ မရွှင်လန်းပါ။
“ဥပသကာကြီးရယ် . . မလာပြန်ဘူး . . ကျွန်မက ကျန်းမာရဲ့လား၊ နေထိုင်ကောင်းရဲ့လား သိချင်တာပါ၊ တလောက ရင်ကြပ် ရောဂါရနေတယ်လို့ စာထဲပါတယ်။ အဲဒါပဲ စိတ်ပူနေရတယ်၊ နေတာ စားတာကတော့ ကျွန်မတို့ သားအမိမပူရပါဘူး . . . ”
“ဘုရားသခင် ကောင်းကင်ကစောင့်ရှောက်တော်မူနေတာပဲ၊ အလုံးစုံသိတော်မူသောဘုရားရှင်ပဲ . . . ဘုရားမှာဆုတောင်း ပန်းရေချမ်းကပ်လှူ . . . ကြားလား”
ဥပသကားကြီးက အမေ့နဖူးကို မင်္ဂလာပြာတစ်တို့တို့ကာ ဆုတွေပေးတတ်သည်။ အမေက မျက်စေ့မှိတ်ထားရင်း မင်္ဂလာ ဆုကိုခံယူနေသည့်အခါ ကျွန်တော်က ကျောင်းလွယ်အိတ်ကို တစောင်းလွယ်ရင်းစောင့်နေရသည်။ ပြီးလျှင်တော့ အမေက ကြာရေ ကန်ကိုသွားကြည့်တတ်သည်။ ကြာကန်ကနက်သည်။ ကြာပြာနှင့်ကြာနီတွေ။ ကြာဖြူတွေက ဟိုတစ်ပြောက် သည်တစ်ပြောက် သား အမိနှစ်ယောက်ကြာကန်ကိုကြည့်ပြီးမှ ကျောင်းကိုသွားကြသည်။ ဟိန္ဒူဘုရားကျောင်းနှင့် ကျောင်းကြားမှာ ဘောလုံးကွင်းကြီးခံနေ တော့ ဘောလုံးကွင်းကို ဖြတ်ရသည်။ အမေနှင့် ကျွန်တော်ဘောလုံးကွင်း တစ်ကွင်းစာ စာကားတွေပြောရသည်။
“အဖေရင်ကြပ်ရောဂါရနေတယ် ဟုတ်လား အမေ”
“အအေးပတ်တာနဲ့တူပါတယ် . . . ကောင်းသွားပါပြီ၊ ငါ့သားက စိတ်ပူတတ်သားပဲ”
“အဖေ့ဆီက စာလာလို့လား . . . ကျွန်တော်လဲမတွေ့ပါလား”
“စာတိုက်ကဦးညွန့်မောင်နဲ့ ဈေးထဲတွေ့လို့ပေးတာ . . .”
“ခါတိုင်းရေနံချောင်းကလူကြုံနဲ့လာတာ မဟုတ်လားအမေရဲ့”
“ဟုတ်တယ် . . အခုက စာတိုက်လာတာ”
အမေ ကျွန်တော့်ကို ညာနေမှန်းသိပါသည်။ ကျွန်တော်ကလည်း ယုံချင်ဟန်ဆောင်လိုက်သည်။ ကျောင်းဝရောက်ကာနီးပြီ။ ကျောင်းရှေ့က ကန္တာရပင်နှင့် စိန်ပန်းပင်ကိုမြင်ရပြီ။ အမေက ချွေးခံထဲက ပိုက်ဆံတစ်မတ် (တစ်ခါတစ်ရံဆယ်ပြား) ထုတ်ပေးသည်။ “ကဏန်းချောင်းတွေမစားနဲ့ ရင်ကြပ်တတ်တယ်” လို့ မှာတတ်သည်။ ကဏန်းချောင်းဆိုတာ ၀ါးလုံးတစ်လုံးကို အခဲလိုက်ပစ်ရစ်ထား သော အရောင်ဆိုးကပ်စေးနှဲဖြစ်သည်။ ကျောင်းစောင့်ကြီးဦးသောင်းစိန်ကိုယ်တိုင်ပြုလုပ်ရောင်းချသော ထိုကပ်စေးနှဲပျင်းတွဲတွဲကို ဘယ်လိုကြောင့် ကဏန်းချောင်းဟုခေါ်ကြသလဲဆိုတာတော့ ဘယ်သူမှမပြောနိုင်ပါ။ ၀ါးလုံးတွင် ရစ်ထားသော ကပ်စေးနှဲတွေကို ဆွဲယူကာနီးတိုင်း သူ့ညာလက်ကို တံတွေးဖြင့် တဖျီးဖျီးထွေးတာကို ၀ယ်စားကြသူတိုင်း မြင်ကြသော်လည်း ဘယ်သူကမှ ရွ့စရာ ကောင်းလိုက်တာလို့ မပြောခဲ့ကြတာကလည်း ထူးဆန်းသည်။
ကျွန်တော် ကျောင်းဝင်းထဲ မ၀င်သေးပါ။ အမေ့ကိုမော့ကြည့်သည်။ ထိုတစ်ခဏ၌ အမေကလည်း ကျွန်တော့်ကိုကြည့်နေလေ့ ရှိသည်။ ကျွန်တော့်မျက်နှာမကောင်းသလို အမေ့မျက်နှာကလည်း မရွှင်လန်းပါ။
“ကျွန်တော် ကျောင်းမတက်ခင်ပါဘူး”
“မတက်လို့ဘယ်ရပါ့မလဲ”
“အိမ်မှာဘဲနေချင်တယ်”
“အိမ်မှာဘဲနေချင်လို့ ဘယ်ရပါ့မလဲ”
“ကျွန်တော်ကျောင်းကိုကြောက်တယ်”
“ကြောက်လို့ဘယ်ဖြစ်ပါ့မလဲ”

(၂)
အိမ်ဖော်မကြီးအေမီက ဂျင့်မ်ကိုကျောင်းကြောက်မှန်းသိသည်။ ချော့သည်။
“ကျောင်းသွားရမှာပေါ့၊ ကျောင်းမှာသီချင်းတွေဆိုရမယ်၊ ကစားရမယ်”
“ကျွန်တော်မလုပ်ချင်ဘူး . . . ”
“ငါနေ့လည်လာခေါ်မှာပဲဟာ”
“မလိုချင်ဘူး”
အေမီက ဂျင်မ်ကျောင်းကြောက်တာကိုသိသလို ကျောင်းဆိုတာ မသွားလို့မဖြစ်သည့်နေရာဆိုတာကိုလည်း သိသည်။ ကလေး မပြောပါနှင့်။ အေမီလို အိမ်ဖော်မကြီးကတောင် ကျောင်းကိုကြောက်သည်။ ကျောင်းကပုံဆိုးဆိုး။ ဂျင်မ့်ကိုကျောင်းမတက်စေချင် သည့် စိတ်ရှိသော်လည်း ကျောင်းလှေကားကြီးပေါ်ကို အေမီကိုယ်တိုင်ခေါ်တင်လာလေ့ရှိသည်။ ကျောင်းခန်းမနှင့် စာသင်ခန်းတွေက အေမီ့ကိုရော ဂျင်မ့်ကိုပါ ထိတ်လန့်စေသည်။ အနံ့ကလည်း ဆိုးလိုက်တာ။ ကျောင်းအုပ်ကြီးမစ္စတာ ဘာဘာကိုလည်း ကြည်ညိုလို့ မရ။ ကျောင်းအုပ်ဆရာကြီးက ဂျင်မ့်ကို ပထမတန်းမှာစနေစေသည်။ စာမလိုက်နိုင်မှ သူငယ်တန်းပြန်ရွှေ့မည်ဟုဆို၏။ အတန်းပိုင် ဆရာမ မိစ်ဘင်နီက အသက်ကြီးလှပြီဖြစ်၍ အမြဲတမ်းခြောက်ခြောက်ခန်းခန်းရှိသူဖြစ်သည်။ ကျောင်းခန်းထဲမှာ ယောက်ျားလေး၊ မိန်းကလေး များများစားစားမရှိ။ ကျောင်းနံ့ကဆန်းကြယ်သလောက် ကြေကွဲစရာကောင်းသော အနံ့မျိုးဖြစ်သည်။ ဆရာမမိစ်ဘင်နီ က ကလေးတိုင်းကို လိုက်ကြည့်သည်။
“ဟန်နာဝင်းတား . . ဘာတွေဝါးနေတာလဲ အခုထွေးထုတ်စမ်း . . အမှိုက်ပုံးထဲသွားပစ်ချေ . . .”
“ကပ်စေးနှဲ (gum) ပါ ဆရာမ . . . .”
“အားနက်စ်ဂတ်စကင် . . ဘာတွေဝါးနေတာလဲ . . အခုထွေးထုတ်စမ်း . . အမှိုက်ပုံးထဲ သွားပစ်ချေ . . ”
“ကပ်စေးနှဲပါဆရာမ”
ဂျင်မ်က ဆရာမကိုကြောက်နေသည်။ ကျောင်းဆိုတာ ကပ်စေးနှဲမ၀ါးရသည့်နေရာများလား၊ ကလေးချင်းတစ်ယောက်ကိုတစ် ယောက်မဟုတ်ကဟုတ်ကတွေ သင်ပေးကြသည်။ ဂျင်မ်ကိုယ်တိုင်ပျော်သလိုလိုရှိသော်လည်း ကျောင်းလွှတ်ချိန် အေမီလာကြိုသည့် အခါ မျက်နှာမကောင်း။ မကြည်သာ။ မနက်က မျက်နှာအတိုင်းပင်။ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်သည်ပင် ကြောက်စရာလို့ အေမီထင်ပါသည်။
“နှစ်ဆယ့်ကိုးပြီး ဘာလာသလဲ အေမီ”
“သုံးဆယ်”
“နင့်မျက်နှာကိုမုန်းတယ်”
ကျောင်းကတတ်လာသော စကားထာတွေ၊ စကားလိမ်တွေ ထူးထူးဆန်းဆန်းတွေကို ဂျင်မ်မှတ်သားလာကာ ကျောင်းပြန်လမ်း မှာ အေမီ့ကိုပြောပြတတ်သည်။ ဆင်သားအစိမ်းစားတာတို့၊ တွတ်ပီဖရုတီကပ်စေးနှဲတို့၊ ဆံပင်ခေါင်းခေါက်ပြီး ခေါက်ဆွဲတို့လို စကား တွေဖြစ်သည်။ သည်လိုဆိုတော့လည်း အေမီဝမ်းသာသည်။
“ဒါဆို ကျောင်းပျော်ပြီပေါ့”
“မပျော်ဘူး”
အမေနှင့် ကျွန်တော်လည်း မထူးပါ။ အမေက ကျောင်းရှေ့က ကန္တာရပင်အောက်မှာ တဘက်တစ်ထည်ခေါင်းတင်ကာ ကျွန်တော်မြင်အောင်ပြနေတတ်သည်။ ကျွန်တော်သတိရလို့ လှမ်းကြည့်သည့်အခါတိုင်း အမေရှိနေသည်။ မုန့်စားကျောင်း လွှတ်ချိန် ဆိုလျှင်တော့ အမေကိုယ်တိုင် ဒေါ်ကြီးအုန်းသင်ဆိုင်မှာ ငှက်ပျောဖူးသုပ်ဝယ်ကျွေးသည်။ စားပြီးတိုင်းကျောင်းကရခဲ့သည့် ပညာခန်း တွေ အမေ့ကိုပြောပြသည်။ အမေကရယ်သည်။ ကျွန်တော်ကျောင်းပျော်ပြီဟု တွက်ပုံရသည်။ မုန့်စာကျောင်းပြန်တက်တော့ အမေ အိမ်ခဏပြန်ကာ ထမင်းစားချိန်ပြန်ရောက်လာပြန်သည်။ ထမင်းစားပြီးလို့ ကျောင်းပြန်တက်ရတော့မည်ဆိုလျှင် ကျွန်တော်ဝမ်းနည်း နေတတ်သည်။ ထိုအခါ အမေကိုယ်တိုင် ကျွန်တော့်ကိုနားမလည်နိုင်သလို ကြည့်သည်။
“သားကျောင်းပျော်ပြီမှတ်နေတာ . . . ကျောင်းပျော်တော့လေ”
“မပျော်ပါဘူး . . .”
ညနေကျောင်းဆင်းချိန် အမေနှင့်အတူ ဘောလုံးကွင်းကိုဖြတ်ရင်း စကားတွေပြောခဲ့ကြသည်။ နောက်တစ်နေ့မနက်အထိ ကျောင်းပိတ်ပြီဟု ကျွန်တော်တွေးသည်။ ကျောင်းတက်ရက်တစ်ရက်ကုန်ပြီဟု တွေးပြီး ပျော်သည်။ ကျွန်တော်ပျော်တော့အမေလည်း ပျော်သည်။ နောက်တစ်နေ့မနက်ကျောင်းကိုလာကြတော့ အမေပါလာပြန်သည်။ ဘုရားကျောင်းရှေ့ရောက်တော့ အမွှေးတိုင်နှင့် ဖယောင်းတိုင်တွေ ပသကာကြီးကိုလှူသည်။ ဥပသကာကြီးက ကတုန်ကရီ ဆုတွေပေးသည်။ နဖူးကို မင်္ဂလာပြာတို့ပေးသည်။
“သူ့အဖေဆီက စာနဲ့ပိုက်ဆံလာတယ် ဥပသကာကြီးရဲ့ . . သူ့အဖေကုသိုလ်ရအောင်လှူတာပါ ဆုတောင်းပေးပါဦး”
အမေက ကျောင်းရုံးခန်းကိုဝင်ကာ ကျောင်းအုပ်ဆရာကြီးကိုလည်း အမွှေးတိုင်နှင့် ဖယောင်းတိုင်တွေပေးသည်။ စာသင် ကျောင်းနှင့် အမွှေးတိုင်၊ ဖယောင်းတိုင်ဆိုင်တာမဆိုင်တာ အမေသိချင်သိမည်။ သိချင်မှသိမည်။ အမေကတော့ ပေးနေကျ။ ဆရာ ကြီးကလည်း လက်ခံယူတာမှတ်မိသည်။ ကျောင်းရုံးခန်းထဲဝင်တိုင်း အမေဖိနပ်ချွတ်လေ့ရှိသည်။
“ဒါ ကျွန်မသားလေးပါဆရာကြီး . .. သူငယ်တန်းမှာပါ”
“ကောင်းတယ် . . ကောင်းတယ်”
အမေက ကျောင်းဝက ကန္တာရပင်အောက်ကို ပြန်သွားပြီး ကျွန်တော်ကစာသင်ခန်းထဲဝင်ရသည်။ တစ်ချို့ရက်တွေမှာတော့ အမေနှင့် ကျွန်တော်ကျောင်းလာကြရင်း ကြာကန်ဘေးမှာ ကျောင်းဆီကသံချောင်းခေါက်သံ မကြားမချင်းရှိနေကြသည်။ကျွန်တော် က လိပ်ပြာဖမ်းရင်း၊ ပုစဉ်းဖမ်းရင်း ကန်တစ်ပတ်လည်တော့ အမေလည်း တစ်ပတ်လည်တော့သည်။ လိပ်ပြာတွေကပါးသည်။ လျင် သည်။ လူရိပ်မြင်သည်နှင့်ထပျံကြသည်။ ပုစဉ်းနီနီဝါ၀ါကြီးတွေက အထနှေးကြ၏။ စက္ကန့်တစ်ဝက်စာလောက် နားကြရင်း တစ်ခါ တလေ ငေါင်နေတတ်ကြသည်။ တစ်ခါတစ်ရံကျောင်းတက်ခေါင်းလောင်းသံကြားရချိန်အထိ ပုစဉ်းမမိတတ်ပါ။ မိပြန်တော့လည်း အမေက နင့်အသက်တစ်ခါလွှတ် ငါ့အသက် ခါတိုင်းခါတိုင်း လွှတ်လို့ဆိုခိုင်းကာ ပြန်လွှတ်ခိုင်းတတ်ပါသည်။ ကျွန်တော်က မလွှတ် ချင်။ ခဲရာခဲဆစ် ဖမ်းထားရတာမဟုတ်လား။
“နင်တောင် ကျောင်းမပျော်ဘဲနဲ့ ပုစဉ်းကကော နင့်လက်ထဲမှာ ပျော်ပါ့မလား”
ပုစဉ်းနှစ်ကောင်ကို ကျွန်တော်လွှတ်လိုက်သည်။ ကျောင်းတက်ရက်များလာသည်နှင့်အမျှ ကျွန်တော် ကျောင်းပျော်ဘို့ကောင်း ပြီဟု အမေတွက်ပုံရသည်။ သူငယ်ချင်းတွေလည်း ရှိပြီ။ ကျောင်းမှာ မျောက်တစ်ကောင်လိုလည်း ဆော့တတ်ပြီ။ ကျွန်တော်အမေ့ကို ညာလိုက်သည်။ “ကျွန်တော်မပျော်ဘူး”။
သည်တစ်ခါတော့ အမေငိုလေသည်။
(၃)
သည့်နောက်ပိုင်း ကျွန်တော့်ကိုကျောင်းပို့သူမှာ ကြည်ကြည်ဖြစ်လာသည်။ ကြည်ကြည်က ကျွန်တော်တို့နှင့် ဆွေမျိုးဝေး သည်။ ကျွန်တော်တို့ဝိုင်းထဲမှာဘဲနေသည်။ သူ့ယောက်ျားက မြေတူးသမားဖြစ်၍ ကြည်ကြည်က အမေတို့ဒွေးလေးတို့၏ တောက် တိုမယ်ရခိုင်းရသူဖြစ်သည်။ ကျွန်တော်နှင့် ၀မ်းကွဲမောင်နှမတွေအားလုံးက ကြည်ကြည့်ကိုချစ်ကြပါသည်။ ကျွန်တော်တို့အ၀တ် ဟောင်းတွေကို ကြည်ကြည်လျှော်ဖွပ်ပေးသည်။ သံမီးပူကြီးနှင့် မီးပူတိုက်ပေးသည်။ အကြော်စားချင်တယ်ဆိုလျှင် အလွန်ဝေးလံ သောအရပ်အထိ ခြေလျင်လျှောက်သွားကာ ပါအောင်ဝယ်လာတတ်သည်။ ညဖက်ကွပ်ပျစ်ပေါ်အိပ်နေကြသမျှသော ကလေးတွေကို တစ်ကောင်စီကောက်ရင်း ဆိုင်ရာမိဘကိုအပ်သည်။ မနက်ဖက်တစ်ဝိုင်းလုံးကို တံမျက်လှည်းသည်။ ကျွန်တော်တို့ကို ရေချိုး၊ သနပ် ခါးလိမ်း၊ အုန်းဆီလိမ်း။ နောက်တော့ ကျွန်တော့်ကို ကျောင်းပို့ရသည့် တာဝန်ပါ ကြည်ကြည်ရသွားသည်။ (အခြားမောင်နှမတွေက ကျွန်တော်လိုမဟုတ်ပါ။) ကြည်ကြည်ကတော့ မနက်ပိုင်းကျောင်းဝအရောက်ပို့ရုံသာ။
“ကျွန်တော်ကျောင်းမတက်ချင်ဘူး”
“ကျောင်းမတက်ချင်လို့ဘယ်ရပါ့မလဲ”
“ကျောင်းမတက်တော့ဘာဖြစ်သလဲ”
“အများတကာတက်နေကြတာပဲ၊ စာတော့တတ်ရမှာပေါ့”
“စာမတတ်တော့ ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး . . ကြည်ကြည်လည်း စာမှမတတ်တာ”
“ကျွန်တော်ကျောင်းကိုကြောက်တယ်”
“ဆရာမတွေကရိုက်လို့လား”
ကျွန်တော်က ဟုတ်သလိုလိုငြိမ်နေလိုက်သည်။ သည်လိုဆိုတော့ ကြည်ကြည်စိတ်ကောင်ပုံမရ။
“ကြည်ကြည်ငယ်ငယ်က ကျောင်းမနေဘူးလား”
“မနေခဲ့ရဘူး”
“ကြည်ကြည်ကံကောင်းတာပေါ့”
ကျွန်တော်စကားကြောင့် ကြည်ကြည်လန့်သွားပုံရသည်။ ကျွန်တော့်လက်ကို မြဲမြဲဆွဲကာ ကျောင်းဝင်းထဲရောက်အောင်ပို့ သည်။ ကျောင်းဝင်းထဲမှာ ကြည်ကြည်က အမေပေးလိုက်သည့် ပိုက်ဆံ တစ်မတ်ကိုထုတ်ပေးသည်။
“ကဏန်းချောင်းဝယ်စား . . ကောင်းတယ်”
အမေနှင့် ကြည်ကြည်မတူတာသည့် တစ်ချက်ပဲရှိသည်။ သူငယ်တန်းနှစ်ဝက် တစ်ဝက်ကို ကြည်ကြည်ပဲ ကျောင်းပို့ခဲ့တာ ကျွန်တော် မှတ်မိပါသည်။ နှစ်တစ်ဝက်လောက်မှာ အမေကြံစိုက်ခင်းထဲဝင်ရ၍ ဖြစ်သည်။
(၄)
William Saroyan ၏ ၀တ္ထုတို အဆုံးတွင် ဂျင်မ်ကကျောင်းကတတ်လာလာသော စကာဆန်းတွေအော်ရင်း ဖခင်ကို ပညာတွေ စမ်းသည်။ ဆင်သားဝါးမလားလို့ အော်နေတော့ ဖခင်က ဖတ်လက်စသတင်းစာကိုချကာ သားငယ်အနီးဝင်ထိုင်သည်။ ဒါကို အိမ်ဖော် မကြီးအေမီမြင်တော့ ခံစားမှုဖြင့် မျက်ရည်ကျသည်။ ၀တ္ထတိုကတော့ ဆုံးတော့လည်း အတွေးစီကာစဉ်ကာ။ ကျွန်တော့်ကို ကျောင်းပို့ ခဲ့သည် အမေနှင့်ကြည်ကြည့်ကို အောင်းမေ့နေမိပါသည်။ အိမ်ဖော်မကြီး အေမီ့လိုပင် ကျောင်းပို့တာဝန်ကိုယူခဲ့ကြသော်လည်း စာ မတတ်ကြသူတွေ။ အမေရာ ကြည်ကြည်ပါ စာမတတ်ရှာကြပါ။ ကျွန်တော့်ကိုတော့ ကျောင်းကိုပို့ခဲ့ကြသည်။ စာတတ်စေချင်ကြ သည်။ ဘာဖြစ်လို့ စာတတ်ဖို့လိုသလဲ။ ဒါကိုတော့ အမေရောကြည်ကြည်ပါ ကျွန်တော်နားပေါက်အောင် ဒါမှမဟုတ် ဘ၀င်ကျ အောင် ဒါမှမဟုတ် ခံယူနိုင်အောင် မပြောနိုင်ခဲ့ကြတာကိုလည်း ကျွန်တော်အမှတ် ထင်ထင်ရှိနေခဲ့သည်။ အခုတော့ အမေရော ကြည်ကြည်ပါ မရှိကြတော့ပြီ။ အမေနှင့် ကြည်ကြည့်ကျေးဇူးတရားတွေသာ ကျန်ရစ်ခဲ့သည်။
(၅)
ကျွန်တော်နှင့်သမီးကလေးကြားမှာ အသက်ငါးဆယ်ကွာသည်။ သမီးက ငါးနှစ်၊ ကျွန်တော်က ငါးဆယ်ကျော်။ မနက်ဖက် သမီး ကိုကျောင်းပို့ရသည့်တာဝန် ပိုလာခဲ့ပြီ။ ကျောင်းနှင့်အိမ်က မဝေးပါ။ မနက်ဖက် သမီးလက်ကိုဆွဲရင်း ရေဘူးနှင့် ကျောင်းလွယ်အိတ် ကို လွယ်ကာ သမီးနှင့်စကားတပြောပြော ကျောင်းသွားရတာကို ကျွန်တော်ပျော်ပါသည်။ သမီးကလေးကကော ပျော်ရဲ့လား။ ကျောင်းစတက်ကာစ အိမ်ကို စွဲလန်းလို့လားတော့မသိပါ။ တစ်ရက်တွင် ကျွန်တော်ကိုယ်တိုင် ထင်မှတ်မထားသော စကားကိုဆိုလေ ၏။ သမီးမျက်နှာသုန်သုန်မှုန်ဆန်။
“သမီးကလေး . . ပျော်တယ်မဟုတ်လား”
“မပျော်ဘူး”
သမီးကလေးနားပေါက်အောင် ဒါမှမဟုတ် ဘ၀င်ကျအောင် ဒါမှမဟုတ် ခံယူနိုင်အောင် ပြောချင်သော်လည်း ကျွန်တော်မပြော တတ်ပါ။ ဆွီဒင်လူမျိုး အိမ်ဖော်မကြီး အေမီ၊ အမေနှင့် ကြည်ကြည်တို့ကို ကျွန်တော်လွမ်းမိလေသည်။ ။
နေ၀င်းမြင့်


သူတို့ရပ်ကွက်သူတို့အကြောင်း (၅)

ဦးမောင်ဝမ်းက သူ့မိန်းမ၏ နှုတ်ကြမ်းအာကြမ်းသောစရိုက်ကို လက်ရည်တူမိအောင် မလိုက်နိုင်သော်လည်း (ချက်အရက်က လေးတစ်ပိုင်းလောက်မျိုထားပြီးလျှင်တော့) သူလည်းခေသူမဟုတ် ကြောင်း အစွမ်းအစလေးပြတတ်သည်။
မူးလာလျှင် ရပ်ကွက်ထဲမှာ ဟိုလူနဲ့ရန်ဖြစ်ချင်သလိုလို ဒီလူ့ကိုစိန်ခေါ်ချင်သလိုလို။ တကယ်တော့ ဦးမောင်ဝမ်း၏ ရောဂါက သူ့ကိုယ်သူ လူမိုက်ဘွဲ့တပ်ြ့ပီး အခေါ်ခံချင်နေခြင်းပင် ဖြစ်၏။
အဲသည်အချိန်ကာလတုန်းကလည်း ကျွန်တော်တို့နေထိုင်သော ရပ်ကွက်ကလေးသည် နည်းနည်းတောဆန်သော စရိုက် မပျောက်သေးသောကြောင့် ဘာအစွမ်းအစမှ မရှိသော ယောက်ျားဖျင်းတစ်ချို့ က ‘ လူမိုက်’ ဖြစ်ရခြင်းကို ဂုဏ်ရှိသလိုလို ဘာလိုလို တလွဲဆံပင်ကောင်းအထင်ခံချင်ကြ၏။
အဲဒီလိုအထင်ခံချင်သည့် လူတွေထဲတွင် ဦးမောင်ဝမ်းလည်းပါသည်။ တကယ်လည်း မမိုက်ရဲသောကြောင့် အရက်ကလေး တစ်ငုံနှစ်ငုံ မျိုပြီးမှ မိုက်ဇာတ်ခင်းပြရသည်က သူ့အတွက်အလုပ်ကြီး အကိုင်ကြီး တစ်ခုဖြစ်၏။
ဟုတ်မဟုတ်တော့မသိ၊ သူငယ်ငယ်တုန်းက ‘ ဗန်တို’ သိုင်းပညာသင်ဖူးသည်ဆိုပြီး ရပ်ကွက်ထဲတွင် အသားလွတ် လျှောက်ကြွားသည်။ အဲဒီခေတ်က ရုပ်ရှင်မင်းသား အကယ်ဒမီညွှန့်ဝင်း၏ ‘ဗန်တိုလူလေးနှင့်သူဇာ’ ရုပ်ရှင်ဇာတ်ကားကလည်း အရမ်း ‘ ပေါက် ’ နေသည့်အချိန် . . . ။
ဦးမောင်ဝမ်းတစ်ယောက် သူ့နံမည်ရှေ့တွင် ‘ ဗန်တို ’ တပ်ပြီး အခေါ်ခံချင်စိတ်တွေက ထိမ်းမရသိမ်းမရ ဖြစ်လာ၏။ သူဗန်တို သင်ဖူးကြောင်း အိမ်ပေါက်စေ့လည်ပြီး ထပ်ခါတလဲလဲ စောင်းပါးရိပ်ချည် ပြောသော်လည်း ရပ်ကွက်ထဲမှ လူတွေက သူ့ကို ‘ ဗန်တိုမောင်ဝမ်း ’ ဟုပြောင်းခေါ်ပေးဖို့ အလိုက်တသိ နားမလည်ကြ၊ အထာမပေါက်ကြ။
နောက်ဆုံးတော့ ဦးမောင်ဝမ်းတစ်ယောက် သူ့ဖာသာသူပင် အကြံအဖန်လုပ်ရတော့သည်။ ရပ်ကွက်ထဲမှ ကလေးများကို တိုးတိုးတိတ်တိတ် ကြိတ်ပြီး စည်းရုံးသည်။
“ မင်းတို့ မုန့်ဖိုးဆယ်ပြား မလိုချင်ကြဘူးလား ”
“ လိုချင်တာပေါ့ . .. ဦးလေးရဲ့ ”
အဲဒီခေတ်တုန်းက ဆယ်ပြားဆိုသည်မှာ ကလေးတစ်ယောက် အတွက် သကြားလုံး၊ ဆီးထုပ်၊ စာကလေးခွေလိုမျိုး မုန့်တစ်ခုခု ၀ယ်စားနိုင်လောက်သည်။
ထို့ကြောင့် ဦးမောင်ဝမ်းက ကလေးပရိသတ်ကို ဆယ်ပြားဖြင့်စတင် ဆွဲဆောင်ဖြင်းဖြစ်၏။ ဒီအတိုင်းဆိုတော့ သူ့နာမည် တန်ဖိုး သည် ကြမ်းခင်းဈေး ဆယ်ပြား တန်သည် ဟုပင်ပြောရမလိုဖြစ်နေသည်။
ဦးမောင်ဝမ်း ကတော့ ရဲရင့်ပြတ်သား စွာဖြင့်ပင်
“ ဒါဆို . . .မင်းတို့ ငါ့နာမည်ကို ‘ ဗန်တိုမောင်ဝမ်း ’ လို့ခေါ်ရမယ်။ ခေါ်တဲ့သူကို မုန့်ဖိုးဆယ်ပြားပေးမယ် ”
“ ခေါ်မယ် . . .ခေါ်မယ် . . . ”
ရပ်ကွက်ထဲရှိကလေးထုကြီးက တစ်ညီ တစ်ညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်ကြ၏။
သို့သော် . . .
ခက်နေသည်က . . . ကလေးတွေအဖို့ ‘ ဗန်တို’ ဟူသော ဝေါဟာရက နားစိမ်းနေသည်။ သိပ်မခေါ်တတ်။ ပြီးတော့ . . .ဗန်တိုဆိုသည်မှာ သိုင်းပညာရပ် တစ်ခု၏ အမည်ဖြစ်သည်ဆိုခြင်းကို လည်း ဒီလို ဘုစုခရုလေးတွေအဖို့ အဘယ်မှာ နားလည်ပါမည်နည်း။
သူတို့အဖို့တော့ မုန့်ဖိုးဆယ်ပြားသာလျှင် အဓိက . . .။
ဒီတော့ သူတို့ခေါ်တတ်သလိုသာ ခေါ်ကြသည်။
. . . ‘ ဗုံတိုမောင်ဝမ်း ’ တဲ့။

လွဲတော့ အတော်လွဲသည်။ ရပ်ကွက်ထဲက လူတွေကလည်း ကလေးတွေခေါ်သလို ဘုမသိ ဘမသိ လိုက်ခေါ်ရာမှ ဦးမောင်ဝမ်းတစ်ယောက် ‘ ဗန်တိုမောင်ဝမ်း ’ ဟူသော နာမည်တွင်သွားတော့သည်။
ရပ်ကွက်ထဲသို့ အသစ်ပြောင်းလာကြသာများကလည်း
“ သြော် . . .ဒီလူကြီးဟာ တစ်ခ်ျိန်တစ်ခါတုန်းက ဆိုင်းဝိုင်းတွေ ဒိုးပတ်တွေမှာ ဗုံတို တီးတဲ့လူမို့လို့ထင်ပါရဲ့လေ၊ ဂီတ သမားကြီးပဲကိုး ” . . .ဟုအောက်မေ့သွားကြ၏။
ဦးမောင်ဝမ်းတစ်ယောက် ခွကျလေပြီ။
လူမိုက်ဆန်အောင် နာမည်ပေးကာမှ ‘ ဗုံတီးသည့်လူ ’ ဟုအထင်ခံလေတော့သည်ကိုး။ နာမည်ကလည်း ‘ တွင်’ ပြီးသွားပြီ။ ဘာမှလုပ်မရတော့။
ဒီကြားထဲ အဲသည် နာမည်ကို သူမကြိုက်မှန်းသိသောကြောင့် ကျွန်တော်တို့ အဖွဲ့ကလည်း တမင်တကာ စကားမစပ်စပ် အောင် ရှာကြံပြီး အစဖေါ်ပေးတတ်သည်။
တစ်ချို့သော ညနေရီဝေချိန်များတွင် ဦးမောင်ဝမ်းတစ်ယောက် ခပ်ထွေထွေနှင့်လမ်းပေါ်ယိုင်ထိုးလျှောက်ရင်း
“ ဟေ့ . . . ဘယ်ကောင်မှဂရုမစိုက်ဘူးကွ၊ မင်းတို့ထက်မိုက်လို့သောက်တာ၊ မကျေနပ်တဲ့ကောင်ရှိရင် ထွက်ခဲ့စမ်းကွာ ”
ဘာညာနှင့်ဝုန်းဒိုင်း ကြဲနေပြီဆိုလျှင် ကျွန်တော်တို့က သူ့ကိုချော့သလိုလို ထိန်းသလိုလိုနှင့် . . .
“ သည်းခံပါ . . .ဦးမောင်ဝမ်းရယ်၊ ရပ်ကွက်ထဲက လူတွေနဲ့ဖက်ပြီး ရန်မဖြစ်ချင်စမ်းပါနဲ့။ ကိုယ်က နာမည်တစ်လုံးနဲ့နေတဲ့ သူမဟုတ်လား။ နှယ်နှယ်ရရမှမဟုတ်တာဗျာ . . . ဗုံတိုမောင်ဝမ်းဆိုတာ . . .”
သူစိတ်ကသိကအောက်ဖြစ်စရာ နာမည်ကြီးကို သတိမရရအောင် ကျွန်တော်တို့က အစဖေါ်ပေးကြသည်။
အဲဒီအခါမျိုးကျလျှင် ကျွန်တော်တို့ကို သူသိပ်မကြည်။ မျက်ထောင့်နီကြီးဖြင့် ကြည့်တတ်၏။ ကျွန်တော်တို့ကို သူပြဿနာရှာချင်မှန်းလည်း ကျွန်တော်တို့ ကရိပ်မိကြသည်။ ထို့ကြောင့် ကျွန်တော်တို့ကလည်း မထိတထိ ဖြစ်သည်ဆိုရရုံ ကလေး နောက်ကြပြောင်ကြ၏။
အဲသည်လောက် သတိထားနေသည့်ကြားကမှ ကျွန်တော်တို့၏ ထုံပေပေကြောင်တောင်တောင်ဇာတ်လိုက် ကလေး မောင်စိန်မြင့်နှင့် ဦးမောင်ဝမ်းတို့ အရှုပ်အရှုပ်ချင်းငြိကြလေတော့သည်။

တစ်နေ့ . . . ဦးမောင်ဝမ်းတစ်ယောက် သူ့အိမ်ရှေ့လမ်းမပေါ်တွင် ထန်းပလပ် ပက်လက်ကုလားထိုင် တစ်လုံးချကာ ထိုင်ရင်း သူ၏ ရင်နှစ်သည်းချာ မျောက်လောင်းကလေးများကို မုန့်ဖိုးပေးကာ ဆံပင်ဖြူနုတ်ခိုင်းသည်။
ကလေးတွေက တစ်ဖက်အိမ်မှ ဒေါ်ဟာစီးနား၏ သားသမီးများနှင့်အပြိုင်ဆော့နေရချိန် ဖြစ်သောကြောင့် သူတို့၏ ကျေးဇူးရှင် မွေးသဖခင်အိုကြီး၏ ဆံပင်ဖြူရှင်းလင်းရေးကို လုံးဝစိတ်မ၀င်စား။
ဆံပင်အမည်းတွေကိုပါ နှုတ်သည့်အခါနှုတ်သည်။ ရံဖန်ရံခါ မှာလည်း သုံးလေးပင်ပူးကယ ‘ ဗြုတ် ’ ခနဲမြည်အောင် ဆော့ဆွဲ ကြ၏။ ဦးမောင်ဝမ်းခမျာမှာတော့
“ အားလားလား . .၊ အား . . .၊ သေပါပြီ . . .”
“ ဗြုတ် . . .”
“ အောင်မလေး . . .ဖြေးဖြေးလုပ်ပါဟ ”
“ ဗြုတ် . . . ”
“ အား . . .ကျွတ် . . .ကျွတ် . . .ကျွတ် ”
ဆံပင်တွေကို အဆုပ်လိုက် အဆုပ်လိုက် ဆွဲဆောင့်နှုတ်ယူခြင်းကိုခံနေရသော လူမိုက်ကြီးခမျာ မျက်ရည်များပင် ပိုးပိုးပေါက်ပေါက် ကျရှာသည်။
ဒီဘက်မှလှမ်းမြင်နေရသော ကျွန်တော်တို့၏ ပန်းချီဆရာက
“ မိဘမျက်ရည် တစ်စက် သားသမီးဆင်းရဲတစ်သက် ဆိုတဲ့ စကားမှန်ရင်တော့ ဒုက္ခပါပဲကွာ။ ဦးမောင်ဝမ်းရဲ့ သားသမီး တွေနေစရာတောင်ရှိတော့မှာမဟုတ်ဘူး ”
“ ဟင် . . ဘာဖြစ်လို့လဲ ”
“ ဟိုမှာ မတွေ့ဘူးလား။ သားတွေသမီးတွေ က ဆံပင်ဝိုင်းနှုတ်လို့ ဦမောင်ဝမ်းကြီး မျက်ရည်ပေါက်ပေါက်ကျနေတာ . . .”
သူ့စကားကြောင့် ကျွန်တော်ပြုံးရုံသာပြုံးလိုက်မိသော်လည်း မလည်မ၀ယ်နှင့်လျှာရှည်သည့်နေရာတွင် ဘ၀ပေါင်းများစွာ အထုံ ပါရမီ ဖြည့်ဆည်းခဲ့သည့်မောင်စိန်မြင့် ကား ဘောက်ဆတ်ဘောက်ဆတ်နှင့် ဦးမောင်ဝမ်းဆီသို့ သွားကာ . . .
“ ဦးလေး . . .ဆံပင်ဖြူနှုတ်ချင်လို့လား ”
“ အီး ကွ ”
အင်းကွ . . .ဟုပြောချင်ပုံရသော်လည်း ဦးရေပြားထက်မှ နာကျင်သည့်ဝေဒနာကို အံကြိတ်၍ ခံနေရသောကြောင့် မပီမသနှင့် ညည်းသံတစ်ဝက် ရောကာ ‘ အီး ကွ ’ ဟုသာ ပြန်ဖြေနိုင်ရှာ၏။
မောင်စိန်မြင့်က . .
“ ဟိုဖက်က (၅) လမ်းထိပ်မှာ ဆံပင်ဖြူနှုတ်ပေးတဲ့ဆိုင်ရှိတယ် . . .ဦးလေး၊ ခြံဝမှာ ဆံဖြူသန့်ပေးသည်’ ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတယ် ”
“ ဟေ . . .ဟုတ်လား၊ ကျေးဇူးပဲကွာ ”
ဒုက္ခဆင်းရဲတွင်းမှ လွတ်မြောက်ရာ အမတဘုံကို ညွှန်ပြခြင်းခံရဘိ သကဲ့သို့ ဦးမောင်ဝမ်းတစ်ယောက် ငေါက်ကနဲ ထ၏။
ဗိုလ်တထောင် ဘိုးဘိုးကြီး နတ်ရုပ်ကဲ့သို့ လက်ညိုးထိုးပြထားသော မောင်စိန်မြင့်၏ စေညွှန်ရာဆီ တဟုန်ထိုး သုတ်ချေတင် လေတော့သည်။

(၅) လမ်းထိပ်သို့ရောက်သောအခါ ခြံဝတွင်ချိတ်ထားသော ဆိုင်းဘုတ်ကို တစ်ချက်မျှ ဖျတ်ခနဲ ကြည့်လိုက်ပြီး ရင်ကော့ကာ ကြွားကြွားရွးရွား ၀င်လိုက်သည်။
လူမိုက်ဟန်မပေါကပေါက်အောင် မျက်နှာကြောကိုလည်း တင်ထားရသေး၏။
အိမ်ရှင်ကတော့ သူ့ခြံဝင်းထဲသို့ မပြောမဆိုနှင့်စွတ်ခနဲဝင်လာပြီး နှုတ်ခမ်းကြီးမဲ့ကာ ရွဲ့တွန့်လိမ်ကာ ရင်တကော့ကော့ ခါးတထောက်ထောက် လုပ်နေသည့် ဦးမောင်ဝမ်းကုတအံ့တသြ ကြည့်နေသည်။
ညနေဘက်ဆိုလျှင် အရက်မူးပြီး ရမ်းကားဆဲဆို နေလေ့ရှိသော ဦးမောင်ဝမ်းအကြောင်းကို လည်းသိနေသော ကြောင့်
“ ဒီကနေ့တော့ စောစောစီးစီး များမူးလာသလား ”
ဟုတွေးကာ ရွံ့တွန့်တွန့် ဖြစ်နေ၏။
ဦးမောင်ဝမ်းကတော့ မ၀ံ့မရဲ ဟန်ဖြစ်နေသည့် အိမ်ရှင်ကိုကြည့်ကာ
“ ဒီကောင်ကတော့ ငါ့ကို လူမိုက်မှန်းသိလို့ ကြောက်နေရှာပြီ ”
ဆိုသည့်အတွေးဖြင့် အကျေနပ်ကြီးကျေနပ်သွား၏။ . . .ကြုံတုန်း ငါ့ရဲ့ မိုက်ဂုဏ်ပြလိုက်အုံးမှပဲ . . ဟု တွေးကာ အနီးအနား တွင်တွေ့ရသော ခွေးခြေထိုင်ခုံပုလေးတစ်လုံး ပေါ်ဝန်းခနဲ ပစ်ထိုင်ချလိုက်ရင်း
“ ဟေ့ကောင် . . .ငါ့ကိုဆံပင်ဖြူနှုတ်ပေးစမ်း ”
ဦးမောင်ဝမ်းက လေသံမာမာဖြင့် ဟောက်လိုက်ရာ အိမ်ရှင်ဖြစ်သူမှာ အူကြောင်ကြောင်ဖြင့် ပါးစပ်အဟောင်းသားပွင့်သွား၏။ ပြီးမှ . . .အထစ်ထစ်အငေါ့ငေါ့ဖြင့်
“ ကျွန်တော် . . . ကျွန်တော် . . . မအားသေးပါဘူး ဦးလေးရယ်”
“ ဘာကွ . . .”
လူမိုက်ကြီးဦးမောင်ဝမ်းကား သူ့သြဇာကို အပွန်းပဲ့ခံလိုသူမဟုတ်။ သူခိုင်းတာကို တစ်သွေမတိမ်း ခေါင်းညိတ်မှ ကြိုက်သူပင်၊ သူက တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်ပြီး
“ တောက် . . .ဟေ့ကောင်၊ ဗန်တိုမောင်ဝမ်းဆိုတာမင်းမကြားဖူးဘူးလား။ အားတာတွေ မအားတာတွေ ဆင်ခြေပေးမနေနဲ့၊ မင်းကို အလကားခိုင်းတာမဟုတ်ဘူး။ ပိုက်ဆံပေးမှာကွ။ ငါက လူမိုက်ပေမယ့် မတရားမလုပ်ဘူး .. .နားလည်လား”
“ ဒါ . . . ဒါပေမယ့် ကျွန်တော်က ဆံပင်ဖြူ မနှုတ်တတ်ဘူးခင်ဗျ ”
“ အောင်မာ . . .”
ဦးမောင်ဝမ်းက သူ့လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာရွယ်လိုက်ရင်း
“တယ်လေ . . ငါ . . လုပ်လိုက်ရ။ ဟင်း . . လက်ပါမိရင် မင်းတော့ နာတော့မယ်နော်။ ဆံပင်ဖြူမနှုတ်တတ်ဘဲနဲ့ အိမ်ရှေ့မှာ ဘာဖြစ်လို့ ‘ဆံဖြူသန့်ပေးသည်’ ဆိုတဲ့ ဆိုင်းဘုတ်ချိတ်နေတာလဲ”
သူ့စကားကြောင့် အိမ်ရှင်၏မျက်နှာက စပ်ဖြဲဖြဲဖြစ်သွားပြီး . . . .
“မဟုတ်ပါဘူး . . ဦးလေးရဲ့ ။ သေသေချာချာဖတ်ကြည့်ပါဦး . . ‘ဆန်ဖြူသန့်ပေးသည်’ လို့ ရေးထားတာပါ။ သမ၀ါယမက ပေးတဲ့ ဆန်တွေညိုညစ်ညစ် ဖြစ်နေရင် ဖြူသွားအောင် ဆန်ဖွပ်ပေးတာပါ။ ဆံပင်ဖြူနှုတ်တာမဟုတ်ပါဘူး”
“ဟေ . . . .”
လူမိုက်ကြီး ဦးမောင်ဝမ်းတစ်ယောက် မျက်စေ့ကလေး ကလယ်ကလယ်ဖြစ်သွား၏။ သွားပြီ . . . သွားပြီ . . ၊ ငါတော့ ငပေါဖြစ် ပြီ . . ဟု စိတ်ထဲက ကျိတ်၍ ရေရွတ်သည်။
မိုက်ဂုဏ်ပြပြီး စောစောက ဟိန်းခဲ့ဟောက်ခဲ့ လက်သီးကြိမ်းကြိမ်းခဲ့သမျှ အခုတော့ မျက်နှာ ဘယ်လိုထားရမည်မှန်း မသိဘဲ အူကြောင်ကြောင်ဖြင့် ခိုးလုခုလုဖြစ်ကာ ကုပ်ကုပ်ကလေးပြန်လာခဲ့ရ၏။
“ခွေးမသားလေး၊ ငါ့ကို ချောက်တွန်းတယ်။ ဘယ်မလဲ . . စိန်မြင့်၊ ထွက်ခဲ့စမ်း”
လမ်းထဲကလူတွေက
“ဦးမောင်ဝမ်းကလည်းဗျာ၊ ကိုယ့်တူကိုယ့်သားအရွယ်လေးကို . .။ ပြီးတော့ စိန်မြင့်က အစတည်းက သူဖာသာသူတောင် အူကြောင်ကြောင်ဥစ္စာ”
အားလုံးက စိတ်ကျေနပ်အောင် ၀ိုင်းချော့ကြသလို ကျွန်တော်တို့အဖွဲ့ကလည်း လူအုပ်စုတောင့်သဖြင့် သိပ်မရမ်းရဲ။ ဒါတောင် မှ . . မောင်စိန်မြင့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
“မင်း . . တစ်နေ့ တွေ့မယ်”
ဟု ကြိမ်းဝါးသွားသေးသည်။
ဗုံတိုမောင်ဝမ်း ကြိမ်းဝါးသွားသော “တစ်နေ့ . .” သည်ကား ဖြစ်ချင်တော့ ကျွန်တော်တို့ ရပ်ကွက်ထဲတွင် တန်ဆောင်တိုင် အရပ် ပြဇာတ်ကသည့်အချိန်တွင်မှ တိုက်တိုက်ဆိုင်ဆိုင် ကြုံရလေတော့သည်။
(ဆက်လက်ဖော်ပြပါမည်)
မင်းခိုက်စိုးစန်


နှစ်ပတ်အလို TWO WEEKS NOTICE


(ယခင်လမှအဆက်)
ဟာမူရာဘီကိုဒ ဥပဒေမှာ
မျက်လုံးတစ်လုံးအတွက် . . . . မျက်လုံးတစ်လုံး
သွားတစ်ချောင်းအတွက် . . . . သွားတစ်ချောင်း
အစားပြန်ပေးရတယ် . . . ဆိုတာ . . . . .
လက်ခံတယ်ဆိုရင် . . . .
ဦးအောင်ချမ်းအသက်ကို ကယ်တင်ခဲ့တဲ့ . . . . .
“သြရသ” ကို အသက်တစ်ချောင်းနဲ့ညီမျှတဲ့ တန်ဘိုးအတွက် . . .
ဘာပြန်ပေးရမလဲဆိုတာကို
စဉ်းစားလို့တောင်မရတော့ပါဘူး။
ဒုစရိုက်ဂိုဏ်းခေါင်းဆောင်များကို . . . .
မစ္စလီကျွန်းတွင် . . . ‘ဒွန်’ ဟု ခေါ်ကြသည်။
ဟောင်ကောင်တွင် ‘လော်ပန်’ ဟုခေါ်ကြသည်။
ဂျပန်တွင် . . . ‘ယာကူဆာ’ ဟုခေါ်သည်။
မြန်မာပြည်တွင်မူ “အောင်ချမ်း” ဟု ဆိုလျှင် ဒုစရိုက်လောကသား ဦးအောင်ချမ်းသည် ရက်စက်သည်။ ပြတ်သားသည်။ လုပ်ရဲ ကိုင်ရဲရှိလှသည်။ ငွေရှာသည့်နေရာတွင် တရားသောနည်းဖြင့် ရှာသလို၊ သူတစ်ပါးငွေကို မတရားလိုချင်တတ်သူများအပေါ် မတရား နည်း ဖြင့် ပြန်လည်ရယူတတ်သည်။တပည့်တပန်းပေါများသည်။ ချမ်းသာကြွယ်ဝသည်။ ပါးနပ်သည်။ သူ ကျုးးလွန်သော အမှု အတွက် အမြဲတမ်းဓားစာခံတစ်ယောက်တော့ရှိသည်။ သူ့တွင် ကျွမ်းကျင် လိမ္မာသော ရှေ့နေတစ်ယောက်ရှိသည်။ ထို့ကြောင့် . . . ဦးအောင်ချမ်းသည် အမြဲတမ်းလွတ်မြောက်နေခဲ့သည်။
သို့သော် အမှန်တရားကို ကြာရှည်ဖုံးကွယ်၍မရ၊ တရားဥပဒေကို မျက်ကွယ်ပြု၍ မရနိုင်သောကြောင့် နောက်ဆုံးတော့၊ ဦးအောင်ချမ်း အဖမ်းခံခဲ့ရသည်။ သူ ကျူးလွန်ခဲ့သောပြစ်မှုများအတွက် ထောင်ဒဏ်သုံးဆယ့်ငါးနှစ်ကျခံစေရန် တရားရုံးမှ အမိန့်ချခဲ့ သည်။ ပုံမှန်အားဖြင့် သူ၏နောက်ဆုံးထွက်သက်သည် ထောင်တွင်းမှာပင် ကုန်ဆုံးရလေတော့မည်။ အသက်ငါးဆယ်ကျော် လူတစ် ယောက်အတွက် နောက်ထပ်သုံးဆယ့်ငါးနှစ်ပေါင်းလျှင် ရှစ်ဆယ့်ငါးနှစ်ရှိပေမည်။ အသက်သည့် လူအိုတစ်ယောက်ဖြစ်နေတော့မည်။
ဦးအောင်ချမ်းတွင် ညီမတစ်ယောက်ရှိသည်။ ကျန်မိသားစုဝင်များအားလုံး နိုင်ငံခြားတွင်ရောက်နေကြသည်။ ဦးအောင်ချမ်းနှင့် သူ့ညီမသည် သံယောဇဉ်ကြီးမားသော မောင်နှမများဖြစ်ကြသည်။ နှမဖြစ်သူသည် အသက်သုံးဆယ်ကျော်နေသည်အထိ အိမ်ထောင်မပြုဘဲ အပျိုကြီးဘ၀နှင့် နေခဲ့သည်။ ဦးအောင်ချမ်းကလည်း လူပျိုကြီးဘ၀နှင့်ပင် နေခဲ့သည်။ ယခု ဦးအောင်ချမ်း ထောင် ထဲရောက်နေသောအခါ ကျန်စီးပွားရေးအားလုံးကို ညီမဖြစ်သူကပင် ဆက်လက်လုပ်ကိုင်နေသည်။ သူမသည် မိန်းမသားဖြစ်သော် လည်း ဦးအောင်ချမ်း၏သွေးဖြစ်သလို၊ ဦးအောင်ချမ်းကဲ့သို့ပင် ရဲရင့်ပြတ်သားသဖြင့် လက်အောက်ငယ်သားများက ကြောက်ရွံ့ရိုသေ ကြသည်။ ကျောက်တွင်းတွင်၊ ရွှေတွင်းတွေ၊ ပြည်ပမှာရှိတဲ့ ရတနာအရောင်းဆိုင်တွေ၊ ပြည်တွင်းက ရတနာအရောင်းဆိုင်တွေအားလုံး ကို ဦးအောင်ချမ်း၏ညီမ “ရတီချမ်း” ကပင် ဦးဆောင်နေခဲ့သည်။
ဦးအောင်ချမ်းသည် ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသော ဘ၀၏ ဒဏ်ရာ၊ ဒဏ်ချက်များကြောင့် နှလုံးရောဂါရခဲ့သည်။ ရတီချမ်း သည် ကျန်တာတွေအတွက် မပူ၊ ဘယ်လိုအခြေအနေမျိုးမှာပင်မဆို၊ ဦးအောင်ချမ်း ရှင်သန်နေတတ်သည်ကို သူမသိသည်။ သို့သော် အသက်အရွယ်မှာ ငါးဆယ်ကျော်တန်းသို့ ရောက်နေသော သူမ၏အစ်ကိုအတွက် ကျန်းမာရေးတစ်ခုကိုသာ ပူပင်သည်။ ထို့ကြောင့် . . အစ်ကိုဖြစ်သူအား ထောင်ထဲတွင် စောင့်ရှောက်ရန်၊ စိတ်ချရသော “စိုင်းလုံ” ဆိုသည့် လူရုံတစ်ယောက်ကို၊ အမှုရှာ၍ ထောင်ထဲသို့ လွှတ်ထားသည်။ “ရတီချမ်း” က အပြင်တွင် ကျန်ရစ်သော “စိုင်းလုံ”၏ မိသားစုအတွက်၊ လိုလေသေးမရှိအောင် စောင့်ရှောက်ခဲ့သည်။ ဤနည်းဖြင့် ဦးအောင်ချမ်းကို စောင့်ရှောက်ထားခဲ့သည်။
ဦးအောင်ချမ်းနှင့် “သြရသ” သည် ရဲဘက်တန်းတစ်ခုတည်းတွင် ကျနေသူများဖြစ်ကြသည်။ ဦးအောင်ချမ်းအကြောင်းကို တစွန်းတစသိသူများက ဦးအောင်ချမ်းနှင့် အရောတ၀င်နေလိုကြသည်။ ရင်းနှီးနေချင်ကြသည်။ အထူးသဖြင့် လွတ်ရက်နီးသူများက ပြင်ပသို့ရောက်လျှင် အလုပ်အကိုင်အတွက်၊ ငွေကြေးထောက်ပံ့မှုများအတွက် ဦးအောင်ချမ်းကပေးနိုင်မည်ဟု မျှော်လင့်ကြဟန်တူ သည်။
သြရသကတော့ ဘာမှ မမျှော်လင့်ထားသည့်အတွက် ပုံမှန်ထက်မပိုသည်ကို ဦးအောင်ချမ်းကိုယ်တိုင် သတိထားမိသည်။ သြရသသည် တကိုယ်တည်း နေထိုင်တတ်သည်။ မဟုတ်မခံ၊ သတ္တိရှိသည်။ မလိုအပ်ဘဲ မည်သူ့ကိုမှ အောက်ကျမခံ၊ ရဲရင့်ပြတ်သား စွာ ပြောဆိုတတ်ပုံကို ဦးအောင်ချမ်းသဘောကျသည်။ ငွေရှိသဖြင့် အခြွေအရံများနှင့် နေတတ်သော ဦးအောင်ချမ်းကို သြရသက သဘောမကျ။ ဘ၀တူအကျဉ်းသားချင်း လူဘော်ကော်လုပ်သည်ဟုထင်၏။ သြရသသည် တတ်နိုင်သမျှ ဦးအောင်ချမ်းနှင့် မပတ်သက်အောင်နေသည်။ သူသည် ဦးအောင်ချမ်း၏ အခြွေအရံတစ်ယောက်အဖြစ် မခံနိုင်ပေ။ ဦးအောင်ချမ်းအား ဖားပြီး ဘေးမှ လူတွေကို မလိုအပ်ဘဲ လိုက်လံငေါက်ငန်းနေသော သူများကိုလည်း ကြည့်မရ။ တပေါင်းနေသည် ကျဲကျဲတောက်ပူလွန်းလှသည်၊ ကျောက်ထုဝခန်းသည် ကျောက်သားမြေများဖြစ်သဖြင့် သစ်ပင်ကြီးများ ရှင်သန်နိုင်ခြင်းမရှိ၊ အရိပ်အာဝါသ ကင်းမဲ့လှသည်။ အကျဉ်း သားများသည် ထိုနေပူကျဲကျဲတွင် အပေါ်မှနေပူသည်ဒဏ်ကိုခံရင်း ပူပြင်းလှသော ကျောက်သားများပေါ်တွင် ခြေဗလာဖြင့် နင်း၍ ငရဲ တမျှပူပြင်းသော အပူဒဏ်အောက်တွင် မိမိတို့၏အပြစ်ကို ဆေးကျောသည့်အနေဖြင့် ပင်ပန်းဆင်းရဲစွာ ကျောက်များကို ထုခွဲနေကြ သည်။
ဦးအောင်ချမ်းသည် အသက်အရွယ်အားဖြင့် ဤမျှကြမ်းတမ်းသော အလုပ်ကို မလုပ်နိုင်တော့ချေ။ ထို့ကြောင့် ယာယီရွက်ဖျဉ် တဲတစ်ခုတွင် ထိုင်၍နားနေခဲ့သည်။ သြရသသည် ရွက်ဖျဉ်တဲနှင့် မလှမ်းမကမ်းတွင်၊ ကျောက်တုံးများကို ထုခွဲနေသည်၊ တစ်ချက်၊ တစ်ချက်တွင် ကျောက်တောင်၏နံရံကို ကပ်၍ ကျောက်မိုင်းခွဲသောအသံက ပြင်းထန်လွန်းသောကြောင့် ကျောက်သားမြေကြီးတို့ပင် တုန်ခါသွားသည်။ အကျဉ်းသားရဲဘက်များ၏ တစ်ကိုယ်လုံးသည် သူတို့ကိုယ်- ၀တ်ဆင်ထားသော အဖြူရောင်ရဲဘက်သားဝတ်စုံနှင့် အသားတို့သည် ချွေးများဖြင့် ရွှဲနစ်ပြီး ကပ်နေသည်။ သူတို့၏အသားအရေမှာ နေလောင်ခြင်းဒဏ်ကို ခံထားရ၍ ညိုမဲခြောက်သွေ့ နေသည်။
ထိုစဉ် ဦးအောင်ချမ်းနေသော ယာယီရွက်ဖျဉ်တဲအတွင်းမှ အော်သံများကို ကြားလိုက်ရသည်၊ ထောင်ဝါဒါအချို့ ပြေးသွားကြ သည်ကို တွေ့လိုက်သည်၊ သြရသသည် အသံများကို နားစွင့်ရင်း ဘာဖြစ်တာလဲဟုသိရန်၊ ရွက်ဖျဉ်တဲဆီသို့ လျှောက်သွားသည်။ အနားရောက်သောအခါ ကျောက်တုံးတစ်ခုကိုမှီရင်း၊ လဲနေသော ဦးအောင်ချမ်းကို တွေ့ရ၏။ အနားတွင် ဘာလုပ်ရမှန်းမသိဘဲ ပျာယာခတ်နေသော စိုင်းလုံကိုတွေ့ရသည်။ အကျဉ်းဦးစီးဌာန၀န်ထမ်းတစ်ယောက်က ဦးအောင်ချမ်းကို စမ်းသပ်ကြည့်ရင်း ပြောလိုက်သောအသံကိုကြားရသည်။
“အသက်မရှိတော့ဘူး၊ ဆုံးပြီ၊ နှလုံးမခုန်တော့ဘူး”
စိုင်းလုံသည် မျက်နှာပျက်သွားရင်း၊ တုန်တုန်ရီရီဖြင့်
“ဆရာကြီးမှာ နှလုံးရောဂါရှိတယ်ဗျ၊ ခုန အကောင်းကြီးပါဗျာ၊ အခုချက်ချင်းကြီး နှလုံးရပ်သွားတာပါ။ ဆရာဝန်တစ်ယောက် လောက်ခေါ်ပေးပါ၊ ဒါမှမဟုတ် အနီးဆုံး ဆေးခန်းဖြစ်ဖြစ်၊ ဆေးရုံဖြစ်ဖြစ် ပို့ပေးကြပါဗျာ” ဟု ပြောရှာသည်။
“သြရသ”သည် နှလုံးရောဂါဆိုသော အသံကိုကြားလိုက်သောအခါ၊ မေမေ့ကို သတိရမိသည်။ ဦးအောင်ချမ်းကို ကြည့်မရသည် က တစ်ပိုင်းဖြစ်၏။ ယခုလို မျက်စေ့အောက်တွင်မြင်ရသောအခါ သနားမိသည်။ နှလုံးရောဂါသည်မေမေ့ကို မည်သို့ပြုစုရမလဲဆို သည်ကို မေမေအား ကုသောဆရာဝန်ကြီးထံမှ သင်ကြားခဲ့ဖူးသည်။ မေမေသည် နှလုံးခုန်နှုန်း တဖြည်းဖြည်းနှေးကွေးလာပြီး၊ ပုံမှန် အလုပ်မလုပ်တော့သဖြင့် နှလုံးကိုစက်တပ်ရတော့မည်အခြေအနေတွင် ကွယ်လွန်သွားခဲ့သည်။ ဆရာဝန်သည် အရေးပေါ်နှလုံးရပ် သွားပါက ဆေးရုံ၊ဆေးခန်းသို့ အချိန်မီမရောက်ခင်၊ လူနာနှလုံးပြန်ခုန်အောင် လုပ်နိုင်မှ စိတ်ချရမည်ဖြစ်ကြောင်းကိုလည်း အတန် တန်မှာခဲ့သည်၊ ထိုသို့ အရေးပေါ်ကုသနည်းကို သြရသတို့မောင်နှမအားလုံး မဖြစ်မနေသင်ကြားခဲ့ကြရသည်။ ယခု ဦးအောင်ချမ်း သည် ဆေးရုံ၊ ဆေးခန်း အလွယ်တကူမရှိသော ဤကဲ့သို့နေရာမျိုးတါင် အရေးပေါ်ကုသနည်းမရလျှင် အသက်ရှင်ရန် မဖြစ်နိုင်ချေ။ စောစောက ထောင်ဝန်ထမ်းတစ်ဦးကပင် သေပြီဟု မှတ်ချက်ချသွားလေပြီ။ သြရသသည် ကြိုးစားကြည့်သည်၊ လုံးဝလက်လွှတ် လိုက်ခြင်းထက်၊ ပြန်ရလိုရငြား သေမင်းလက်က လုကြည့်ချင်သည်။ “မရတော့လည်း ဦးအောင်ချမ်း၏ကံပေါ့” ဟု တွေးမိသည်။ အနားက ၀ိုင်းအုံနေသော အကျဉ်းသားများကို လေ၀င်စေရန် ဖယ်ရှား၍ ဦးအောင်ချမ်းကို ပက်လက်အနေအထားဖြင့် မြေပြင်ညီတွင် လှဲလှောင်းစေပြီး၊ ဦးအောင်ချမ်း၏ပါးစပ်အတွင်းသို့ လေကိုမှုတ်ထည့်လိုက်၊ ရင်ဘတ်ကနှလုံးနေရာသို့ လက်နှစ်ဘက်ဖြင့် သုံးချက် လေးချက်လောက်ဖိလိုက်လုပ်ရင်း၊ နှစ်မိနစ်လောက်ကြာသောအခါ၊ ဦးအောင်ချမ်းသည် ချောင်းတဟွတ်ဟွတ်ဆိုးရင်း လေကို အငန်း မရလိုက်ရှု၍ ပြန်လည်လှုပ်ရှားလာခဲ့သည်။ နှလုံးသည် ပုံမှန်ပြန်ခုန်လာသည်။
“သြရသ”၏ လုပ်ရပ်ကို ဘေးမှ ၀ိုင်းကြည့်နေသော အကျဉ်းသားများသည် ဦးအောင်ချမ်းကိုကြည့်၍ ၀မ်းသာအားရနှင့် အံ့သြ သောအသံများ ဆူညံစွာထွက်လာသည်။
“ဟာ မသေဘူးဟ . . အသက်ပြန်ရှုလာပြီ၊ တော်တော်အသက်ပြင်းတဲ့ လူကြီးပဲ”
“ဟာ ကံကောင်းတယ်ဟေ့ . . သေတာမဟုတ်ဘူး၊ မျောနေတာကွ”
“အဲဒါ . . . ဟို အကျဉ်းသားတော်လို့ကွ၊ နို့မိုဆို အဲဒါမျိုးက ကြာသွားရင် မရဘူး”
စသဖြင့် တစ်ယောက်တစ်ပေါက် ထင်ကြေားပေးသံများ ကြားနေရသည်။
“စိုင်းလုံ”သည် ဦးအောင်ချမ်း ချောင်းဆိုး၍ သတိပြန်ရလာသည်နှင့် ရုတ်တရက်ဝမ်းသာပြီး၊ ဦးအောင်ချမ်းကို ပွေ့ချီကာ၊ ထောင်ဝန်ထမ်းများ အကူအညီဖြင့် အကျဉ်းဦးစီးဌာနတံဆိပ်ပါသော ကျောက်သယ်ကားပေါ်သို့ ပွေ့တင်ပြီး၊ အနီးဆုံးဆေးရုံသို့ မောင်းသွားလေတော့သည်။
အကျဉ်းသားများသည် သြရသအားတစ်ယောက်တစ်မျိုး ချီးကျူးကြရင်း၊ ဝေးသွားသော ကားကြီးကိုကြည့်ကာ ကျန်ရစ်ကြ သည်။
သြရသ စဉ်းစားနေမိသည်။
-လူတစ်ယောက်ကို စိတ်ကူးထဲမှာတင် အကြိမ်ကြိမ်သတ်ဖူးတယ်၊ လက်တွေ့မှာတော့ တစ်ခါပဲ ကာယကံမြောက် သတ်ဖို့ အားထုတ်ခဲ့တယ်။
-အဲဒီအတွက် ထောင်ထဲရောက်ခဲ့ရတယ်။
-အခု . . လူတစ်ယောက်ကို အကြိမ်ကြိမ်စိတ်ထဲက မုန်းတီးနေခဲ့ဖူးတယ်၊ လက်တွေ့မှာတော့ တစ်ခါပဲ ကာယကံမြောက် အဲဒီ လူကို သေမင်းလက်က ပြန်ရအောင်လုပြီး ကယ်တင်လိုက်တယ်။
-အဲဒီအတွက် . . ဘာကိုမှ မမျှော်လင့်မိတာသေချာပါတယ်။
************
-လေးနှစ်ဆိုသည့်အချိန်မှာ . . လူတစ်ယောက်မွေးဖွားမည်ဆိုလျှင်
မူကြိုကျောင်းထားသည့် အရွယ်ဆိုရောက်နိုင်သည်။
-လေးနှစ်ဆိုသည့်အချိန်မှာ . . လူတစ်ယောက်သေဆုံးမည်ဆိုလျှင်
ကောင်းစွာမေ့ပျောက်နိုင်သည့် အချိန်ကာလဖြစ်သည်။
-လေးနှစ်ဆိုသည့်အချိန်မှာ . . အထက်တန်းအောင်မြင်သူအဖို့
ဘွဲ့တစ်ခုကို ကောင်းစွာရနိုင်သည့် အချိန်ကာလဖြစ်သည်။
-လေးနှစ်ဆိုသည့်အချိန်မှာ . . လူတစ်ယောက်အဖို့
နလံမထူအောင် ပြိုလဲနိုင်သော လုံလောက်သည့်အချိန်ကာလဖြစ်သလို
အတိုင်းမသိ ဖွံ့ဖြိုးတိုက်တက်နိုင်အောင် လုံလောက်သည့်
အချိန်ကာလလည်းဖြစ်သည်။

ထိုလေးနှစ်အတွင်းမှာပင် . . အဓိပတိ၏ဖခင် ဦးကြီးမြင့်ကွယ်လွန်ခဲ့သည်။
ထိုလေးနှစ်အတွင်းမှာပင် . . အဓိပတိ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကြီးကျယ်၊ မြန်ဆန်လွန်းလှသည်။
အဓိပတိသည် အဓိပတိဘဏ်၏ ဥက္ကဌဖြစ်သွားသည်။ စီးပွားရေးလောက- နာမည်တစ်လုံးထင်ရှားလျှင်၊ လုပ်ငန်းရှိသူများနှင့် ငွေရှိသူ တို့ ပူးပေါင်းလုပ်ကိုင်တတ်ကြပြီး၊ လုပ်ငန်းများ အောင်မြင်မှုကိုရခဲ့ကြသည်။
မောင်မျိုးမင်း (ရင်တွင်းဖြစ်)

Idea Magazine October Issue Cover  

Posted by MANORHARY

Sunday, October 11, 2009

Cover Story
Model - Awn Seng
Photographer - Naing Naing ( R2)
Make Up - December Hnin
Design - design ko myo

Idea Poems  

Posted by MANORHARY



မော်တော်ကား
င့ါမှာ ကားတစ်စီးရှိတယ်
ကြွပါ၊ တက်ပါ
၁ ယောက်၊ ၃ယောက်၊ ၁၀ယောက်
ဘယ်နှယောက် ယောက် တက်,တက်
ဆန့်တဲ့မော်တော်ကား

အခု
င့ါကားပေါ်မှာ တင်လာတာက
ညတွေအပြည့် အာကာသ။
သုခမိန်လှိုင်





ကာလနဂါး
အရေးတကြီး နိုးထစရာ မလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ . . . . ။

“ဘ၀”ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း” . . . လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ?!
ငါကတော့ အိပ်နေရတာကိုပဲ . . . . ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျောက်ကြီး မကောင်းနိုင်ဘူးပေါ့ . . . .
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး၊
ကျေးဇူးပြုပြီး ငါ့ကို
“အရူး” လို့ ခေါ်ပါ။

မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေး နှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော . . ငါ ဘယ်လောက် လိမ္မာတဲ့ကောင်လဲကွယ် . . . .၊
ဟောဒီ အရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ်။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့အုတ်ဂူမှာလည်း ဘာကမ္ဗည်းမှ ထိုးပေးဖို့
အကြောင်းမရှိပေဘူး။
အို . . . မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ . . . .
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီး လိုက်ရှာကြ၊

ငါကတော့ . . .
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့်ကိုယ်ချင့် . . . ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို . . . သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး။
မင်းခိုက်စိုးစန်




အိမ်ပြေး-၂

ရပ်ကွက်လူခြေတိတ်ချိန်နဲ့ အမေ့သားရဲ့အိမ်ပြန်အိပ်ချိန်
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာ နောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
မိုက်မဲခြင်းကိုခြေလက်မဆေးရသေးဘူး
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာ နောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
ရေကြည်ရာ မြက်နုရာမှာ
ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှမှာ
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာနောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
အလိုကြီးကြီးအရနည်းနည်းနဲ့
မိသားစုအလိုဆန္ဒတွေရဲ့အဝေးဆုံးမှာပဲ တချိန်လုံးရောက်နေခဲ့
မိုးတိုးမတ်တပ်ဆယ်ရှစ်နှစ်ဟာ နောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
အမေ့ကိုမေ့တယ်
ညီမလေးနှစ်ယောက်ကိုမေ့တယ်
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာနောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။
မပြောမပြီး မတီးမမြည်ဘူး
ငါပြောပြီးတီးကြည့်လိုက်တော့လည်း
ငါပြောတီးကြီး ဖြစ်တာပဲအဖတ်တင်
မိုးတိုးမတ်တပ် ဆယ့်ရှစ်နှစ်ဟာ နောက်မှာကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံယ်တွေဖွေးနေပြီလား။
ချီးမွမ်းခန်းတွေက ကျောသားရင်သားခွဲကြ
ခလုတ်ထိမှအမိတ
မိုးတိုးမတ်တပ်ဆယ့်ရှစ်နှစ်ဟာနောက်မှာ ကျန်ခဲ့ပြီ
အမေ့ရဲ့စိတ်ကူးယဉ်ခြံလေးထဲမှာ စံပယ်တွေဖွေးနေပြီလား။ ။
မင်းအိမ်




စီစီဖတ်
စီစီဖတ်ဟာ ကျောက်တုံးကြီးကို တောင်ပေါ်တွန်းတင်လိုက် ပြန်လှိမ့်ချလိုက်တဲ့
ငါက ဒီအသက်အရွယ်ထိ အိပ်လိုက် စားလိုက် ရေးချင်တာလေး ထရေးလိုက်
ရေးသမျှအမှိုက်ဖြစ်သွားလိုက် ငိုယိုလိုက် ပေါက်ကွဲလိုက် မူးရူးလိုက် ရန်ဖြစ်လိုက်
စီစီဖတ်ရဲ့ တာဝန်က ကျောက်တုံးကြီးကို တောင်ပေါ်တွန်းတင်ဖို့ ပြီးရင် ပြန်လှိမ့်ချဖို့တဲ့
ငါ့မှာ ဘာတာဝန်မှမရှိ ပိုက်ဆံမရှိ ချစ်သူရည်းစားမရှိ အနုပညာမရှိ ဘွဲ့လက်မှတ်မရှိ
စီစီဖတ်ဟာ အခုထိ ကျောက်တုံးကြီးကိုတွန်းတင်တယ် ပြန်လှိမ့် ချတယ် အဖေက
ငါ့ကို တစ်ခုခုဖြစ်စေချင်တယ် အပေါင်းအသင်းတွေက ငါ့အချိုးကို ပြင်စေချင်တယ်
ချစ်ခဲ့သူက ငါ့နောက်ကျော ဓားနဲ့ထိုးတယ် ပတ်ဝန်းကျင်မှာ ငါဟာ အရူး နားလည်ရ
ခက်တဲ့လူ တစ်ခါတစ်ခါအရက်ကြောင် ကြောင်ပြီး ဘ၀ပျက်နေတဲ့ ဘ၀င် စီစီဖတ်က
သူ့ကျောက်တုံးကြီးအပေါ် ဘယ်လိုသဘောထားသလဲ အပြစ်ဒဏ်သပ်သပ်ပဲလား
လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေအတွက် ငါလည်းကြေကွဲခဲ့ဖူးပါတယ် အများသူငါထက်
စိတ်ကူးယဉ်ဖူးပေမယ့် အများသူငါထက် လက်တွေ့ပိုရှုံးနိမ့်ခဲ့ရတယ် စီစီဖတ်ဟာ
အချိန်ကြာလာတာနဲ့အမျှ သူ့ကျောက်တုံးကြီးကို ခင်တွယ်လာမှာပဲလို့ ငါတွေးမိတယ်
နေ့တိုင်းနေ့တိုင်း လက်ဖက်ရည်ဆိုင်ထိုင်တွေးနေတဲ့ ငါ့အနာဂတ်ကို အဖေက
မကောင်းတဲ့အနာဂတ်လို့တွေးတယ် ငါ့ရဲ့ မကောင်းတဲ့ အနာဂတ်ဟာ သူငယ်ချင်းတွေ
ဆီမှာ အိမ်ပြန်ဖို့ကားခ လက်ဖြန့်တောင်း အရွယ်လွန်တပ်မက်စိတ်နဲ့ မိန်းမမြင်တိုင်း
ပစ်မှား ဘယ်တော့မှ မရှိခဲ့တဲ့ ငါ့အနုပညာခေတ်ကိုထူထောင် လူကြားထဲ အော်ကြီးဟစ်
ကျယ်ငြင်းခုံ စီစီဖတ်ဟာ ကျောက်တုံးကို တွန်းတင်လိုက် ပြန်လှိမ့်ချလိုက်ပဲလုပ်နေတယ်
ငါလုပ်ခဲ့တာတွေက စီစီဖတ်ထက် ပိုများတယ် လှီးထုတ်ပစ်ရမယ့်အပိုကိစ္စတွေအပြည့်
တောင်အောက်ကနေ တောင်ပေါ်တက်တဲ့အခါ စီစီဖတ်တစ်ယောက် ဘယ်လိုစိတ်နဲ့
ကျောက်တုံးကို တွန်းတင်သလဲ ရှုပ်ထွေးစွာနဲ့ သိပ်စိတ်ညစ်နေမလား ခုကစ ငါလည်း
စီစီဖတ်လုပ်ချင်တယ် အပိုကိစ္စတွေလှီးထုတ်မယ် စီစီဖတ်စိတ်မညစ်ဘူး စီစီဖတ်ပျော်ရွှင်
နေမယ်လို့ ယုံတယ် ကျောက်တုံးကြီးကို နောက်တစ်ခေါက် တောင်ပေါ်တွန်းတင်
ပြီးရင် နောက်တစ်ခေါက် အောက်ပြန်လှိမ့်ချ ဒါစီစီဖတ်ရဲ့ အလုပ် ငါအချိန်ရတိုင်း
တွေးခေါ်မယ် ပြီးရင် အဲဒီ့အတွေးတွေကို စာရေးမယ် တစ်ရက်ပြီးတစ်ရက်
ဆက်တိုက်ဆက်တိုက် စီစီဖတ်ရဲ့ အနာဂတ်ဟာ သူ့ကျောက်တုံးကို နောက်
တစ်ခေါက်ပြန်တွန်းတင်ဖို့ ပြီးရင် ပြန်လှိမ့်ချဖို့ဆိုရင် ငါ့အနာဂတ်က
အဆက်မပြတ်တွေးမိတာတွေ ပြန်ချရေးဖို့ပဲ
စီစီဖတ်ပျော်ရွှင်သလောက်တော့ ငါလည်းပျော်ရွှင်ရမှာပေါ့
ဒါငါ့အလုပ်ပဲလေ။ ။
လွန်းဆက်နိုးမြတ်





မပေါ့မပါး
တစ်ဖက်က network ထဲ
မိတ်ဆွေဘယ်နှစ်ယောက်၊ ရန်သူဘယ်နှစ်ယောက်ရှိလဲ
ဇကာနဲ့စစ်လိုက်ရင်တော့ အနည်တွေမပါတော့ဘူးပေါ့
“ကိုယ့်ကိုဝိုင်းတိုက်နေတဲ့ ရန်သူတစ်ထောင်ထက်
ကိုယ်ကိုမြှောက်ပင့်နေတဲ့ မိတ်ဆွေတစ်ယောက်ကို
ကြောက်ပါ”
ကြောက်လက်စနဲ့ ဆက်ကြောက်လိုက်ဦးမယ်
ပွင့်လင်းရာသီဟာ
ချစ်သူတွေကြား အတင်းဝင်ရောက်လာပြီ
မတော်တဆပဲဖြစ်ဖြစ် တမင်တကာပဲဖြစ်ဖြစ်
ဘယ်သူမှားမှား ကိုယ်ကရှောင်
ထိုင်ခုံအပြည့်ပဲ လူတင်တော့တယ်
ရယ်စရာတွေပဲ ရုံတင်တော့တယ်
ရပ်စောင့်နေလဲအပိုပဲ
စာမလာ သတင်းမကြား
ဘယ်ဘုံဘယ်ဘ၀ရောက်နေတယ်ဆိုတာ
အင်တာနက်မှာ ရှာကြည့်ရတော့မလို
မလိုချင်လို့ မရတော့ဘူး
ဘယ်ဆေးနဲ့တားတား
အင်္ဂါနေ့မှာ အင်္ဂါစုံတော့မယ်
ဇင်လင်းနောင်




အခြားစိတ်ဝင်စားစရာတွေတွေ့ရင် ခေါ်ခဲ့
အကြောင်းအရာက
အကြောင်းမရှိဘဲ ဘယ်လိုအရာတွေပေါ်လာခဲ့သလဲ
ငါ့ မျက်လုံးကို ငါ့ စိတ်က အိပ်စက်အနားယူခွင့်မပေးဘူး
ဒီ အနားမှာ ဒီလိုဖြစ်နေကျ (ဒါဟာ ခဏ)
အခုနလေးတုန်းက ဘယ်လိုလုပ် ဘယ်လို ပြန်ရောက်လာခဲ့တာလဲ
ဘယ်လိုလဲ ပျောက်ပျောက်သွားခဲ့တာ
သင် ပြောဘူးတဲ့ အယူသည်းမှုထဲမှာ
တစ်နေကုန် တစ်နေခန်း အချိန်မဟုတ် အခါမဟုတ်
ဟိုလူ အကြိုက်တွေ့နေတဲ့ စကားတစ်ခွန်းလိုပေါ့
ကံဇာတာအရ ပြောရရင်တော့
နွေဦးပေါက်လာပြီဆိုတာနဲ့ ကိုယ့်စိတ်တည်ငြိမ်ဖို့
အသည်းအသန် ကြိုးစားခဲ့ရတယ်
မမြင်ရတဲ့ဘ၀ဟာ ဘယ်လို မှီလာလေ့ရှိသလဲ
ပြောချင်တာက
ကျွန်တော်လည်း ရေးပြီးသားကဗျာတွေကို အလွတ်မရဘူး
တစ်ယောက်နဲ့တစ်ယောက်ဟာ နှာခေါင်းချင်း ထိနေတော့
အသက်ရှူတွေကြပ်တယ်
အသက်ရှူရတာတွေ ခဏရပ်မယ်
လူတိုင်း၊ လူတိုင်း မီးသတိပြုပါဗျာ
အိုဟောင်းပျက်ဆီးလုနီးပါး ငါကို ဘယ်လိုနားလည်မလဲ
အသိအကျွမ်းဝင် ပေါင်းဖက်မိဖို့
ဘယ်တုန်းက စပြီး သိခဲ့သလဲ
အိပ်ချင်တဲ့ နေရာမှပဲ အိပ်လိုက်ပါတော့
ဒါဟာ ဗဟုသုတ နည်းပါးနေခြင်းတွေပေါ့
မလေးမစားနဲ့ တကယ်ဆိုရင်
အခြေအနေအရ အပြောင်းအလဲ ရှိနိုင်ပါသည် ။ ။
အိမ်ဝေးသူ

POEM CORNER  

Posted by MANORHARY

ဂျုံရိုးဦးထုပ်လေးတွေ
တောကျွဲကြီးရထားပေါ်မှာ
အရွယ်စုံဆိုဒ်စုံ ဂျုံရိုးဦးထုပ်လေးတွေကိုငေးရင်း
ကိုယ့်ကိုယ်ကို အားယူပြုံးမိ
ဘယ်လိုမှ အသုံးမကျဘူးထင်ရ
နေပူပူ လေပူပူ
ကျွတ်ဆတ်တောင့်တင်း ဂျုံရိုးလေးတွေတောင်
အေးသောအရိပ်ကိုပေးစွမ်းနိုင်တယ်ဆိုတာ..။ ။
ညိမ်းညို




ခဏခဏငိုပြရတာ မောတယ် ဒါပေမယ့် ခဏခဏ မောတယ်
ပြောရမှာ အရမ်းတေလေဆန်တယ် အိမ်ပြန်ချိန်လည်း မသိသေး
နေရာတကာ နောက်ကျမှုတွေနဲ့သာ ရှေ့ဆက် အိပ်ရေးတွေလည်း ပျက်ရင်းပျက်နေ
မိုးရေတွေထဲမှာ သောင်တင်နေသော အောင်မြင်ရေးလမ်းကြောင်းတွေ ခမျာမှာ
တစ်နေ့နေ့တော့ တစ်နေ့နေ့ပေါ့လေ တစ်နေ့နေ့ကျ အသက်ရှူဝနိုင်ပါတယ်
လောလောဆယ် ကော်နက်ရှင်တွေမကောင်းဘူး ခဏခဏဒေါင်း(Down)ဒေါင်းသလို
စောင့်နေတဲ့ မှတ်တိုင်တွေ အကြောင်းမဲ့ ခဏခဏပြောင်းလိုပြောင်းနေတာ
ဟိုနေရာမှာ ကြားပြီးပြီလား ဒီနေရာမှာ ဟိုဟိုဒီဒီ နေရာစုံတွေဆီမှာ
ဒီလိုပါပဲကွာ ဒီလိုပါပဲကွာဆိုတာကိုကဒီလိုပါပဲ လိုရာသာဆွဲတွေးလိုက်တော့ဆို
အဆင်ပြေတယ်ဆိုတာကလည်း အဆင်ပြေအောင်နေတတ်ခြင်းပါပဲ တကယ်
မကြီးမငယ် မသေရုံတမယ် အဆင်ပြေရာပြေကြောင်း မီးစင်ကြည့်ပြီး က..... ဆို
ငိုချင်ရင်ငိုပစ်လိုက် အရှုံးတော့မပေးလိုက်ပါနဲ့လို့ နှုတ်ကတဖွဖွ ရင်ကတမမ
ဘာဆိုဘာမှ မသိချင်စမ်းပါနဲ့ ကိုယ့်ကျန်းမာရေးကိုသာ ဂရုစိုက်ကြ ခုရောက်နေတာ ရန်ကုန်
ဖြစ်ပုံတွေက အဖြစ်ကိုစုံလှတယ် အံ့လည်းအံ့ လန့်လည်းလန့်စရာ အမလေး
ဖုန်းနံပါတ်တွေပေးပြီး ဆက်သွယ်ဖို့က တစ်ယောက်နဲ့တစ်ယောက် ထင်သလောက်မလွယ်
နှစ်ရာတန်တစ်ရွက်လောက်တောင်မှသဘောထားမကြီးနိုင်တော့တဲ့အဆုံးအံကိုတင်းတင်းကြိတ်ထား
မှားနေသော အမှားတွေက နွမ်းနေသော လမ်းပေါ်မှာ အုတ်ရောရောကျောက်ရောရော စုပြုံကျ
လူ့ဘ၀သံသရာကြောမှာ မကြာခဏနာရဖျားရ 96ပါးလည်း မက.... မလှ..... မပ...တော့လို့
ကိုယ့်ရှိမှကိုယ်ပဲ ဘယ်သူ့မှသနားမနေကြနဲ့ ကိုယ့်ဘ၀နဲ့ကိုယ်သီချင်းကိုသာ အာပြဲအောင်ဆို
မုဒိတာတရားတွေက အူမမတောင့်နိုင်တော့လို့ ဘတ်စ်ကားတွေပေါ်မှာ တိုးကြဝှေ့ကြ
မွတ်သိပ်စွာနဲ့တစ်ယောက်စားနေဆဲ ထမင်းလုတ်ကို တစ်ယောက်က ပုတ်ချ ကြည့်နေရတာဆိုး
ဓါးမိုးပြီး ခြိမ်းခြောက်စရာမလိုတော့လောက်အောင် ယနေ့ခေတ်က ပညာရယ်ရွှေအိုးရယ်ခေတ်
ယဉ်ယဉ်လေးရစ်မူးပြီးယဉ်ယဉ်လေးပဲသိမ်းသွင်းသွားပြန်လူယဉ်ကျေးတို့ရဲ့လက်ခုပ်သံတွေကြောက်စရာ
နောက်တစ်ခါ ဒီကစားဝိုင်းထဲကို လာမယ်ဆိုရင် ငွေအတုတွေပဲ ယူနိုင်အောင်ယူခဲ့ကြ
နေ့နဲ့ညက တစ်သားတည်းကျအောင်မှောင်နေပြီမေမေရေ . .ရေပေးပါမေမေ ရေ.............
အရမ်းတေလေဆန်တယ် အိမ်ပြန်ချိန်လည်း မသိသေး....။ ။
ဥတ္တရာ(ရေဆုံး)


ပြဇာတ်ကျွန်း
ညဥ့်အ၀င်ရဲ့ နွေးမြမြအောက် ရပ်ထားတဲ့ကျွန်း
ခွဲထုတ်တာသိလို့ အရေခွံဆုတ်ခံလိုက်ရ

ကိုယ်ပိုင်ညတွေ တေးချင်းရောတဲ့ခွက်ထဲထည့်
ကျွန်းကတော့ အုန်းလက်တွေလို ရိုးရာသံစဉ်တွေနဲ့က
ကျွန်းကတော့ဗုံသံတွေ ထက်မှာ ရိုင်းရိုင်းယိမ်းယိမ်းနဲ့က
ကျွန်းကတော့ မှုန်ဝါးဝါးမြူငွေ့ထဲက အကတွေ က
လက်တစ်ဖျစ်စာ စိတ်ကူးတွေ မတတ်မြောက်ခင် မြို့ရိုးတွေနစ်ခဲ့။

သိုးယောင်ဆောင်ကုလားအုပ် ပြုစားခံသစ်သီးနဲ့ ဆုတောင်းသံ မရှိတဲ့ည
အရောင်မဲ့မိုးစက်တွေ ရနံ့ပြယ်ပန်းတွေ ကြယ်တွေနဲ့အတူမျှော . . .
ငါ့ပုံတူရုပ်ထုတွေနဲ့ကတဲ့ တစ်ခန်းရပ်ပြဇာတ်ပြီးတဲ့အထိပဲနေမယ်။
သက်ရင့်ကျောက်တွေ မရှိဘူး . . .(အဟောင်းတွေ ရစ်ပတ်နေ အလေ့အထတစ်ခု)
ဖယောင်းတိုင်တွေ မရှိဘူး . . . (အရာရာကို ပျော်ဝင်နိုင်ဖို့ကြိုးစား စ နစ် တ ကျ)
ပိုးစုန်းကြူးတွေ မရှိဘူး . . (လရောင်ကို ဖမ်းပြီး ထွန်းတဲ့ မီးအိမ်ကိုင်လက်တစ်စုံ)
စကားသံတွေ မရှိဘူး . . . (တိတ်-ဆိတ်×
သူ့အဖော်တွေလာမှ လရောင်စုံနဲ့ တစ်ကျွန်းလုံးထွန်းလို့
ဒီကျွန်းကို ရပ်မယ်။
အနိုင်း (နတ်ပန်းချီ)



ငါး
လောကဓံဆိုတာ
မာယာကြွယ်တဲ့ ရေပြင်ကျယ်ပဲ။
နေ့စဉ် ၀မ်းစာရှာဖွေမှုမှာ
ကိုယ့်အသက်ကိုယ် လောင်းကြေးထပ်ထားရတယ်။
သေခြင်းတရားဟာ
ဒီနေ့လား၊ မနက်ဖြန်လား။
အမဲလိုက်သီချင်းနဲ့ သားရဲတွင်းက
နေ့မြင်ညပျောက်ဘ၀တွေကို သံဝေဂနဲ့ရှုမြင်နေမိ။
တကယ်တော့
ကိုယ်ကိုယ်တိုင် ငါးမျှားချိတ်မှာ မမိခင်အထိ။ ။
ညီခ