ရေခပ်ထွက်ခြင်း  

Posted by IDEA MAGAZINE

Sunday, June 21, 2009


ရေခပ်ထွက်ခြင်း
ည . . .
ကောင်းကင်ဟာ
သူရဲကောင်းတစ်ယောက်ရဲ့ ဟိတ်ဟန်အပြည့်နဲ့။

ကြယ်တွေကို ခပ်ယူဖို့စောင့်နေတဲ့
ညီမလေးတစ်ယောက်အကြောင်း
စာစီစာကုံးတစ်ပုဒ်ရေးဖို့
အဲဒီညကို နိဒါန်းပျိုးရမယ်။

သူတို့ရဲ့ဝတ်ရုံကို
ဝ အောင်မ၀တ်ရရှာတဲ့ သိုးတွေရဲ့လမ်းမှာ
ညီမလေးက အိပ်တန်းပြန်မှားခဲ့တဲ့ သင်းကွဲတစ်ကောင်ဖြစ်တယ်။

ဂီတအခြေခံမရှိတဲ့
သစ်ပင်တွေရဲ့ နားသောတဆင်ရာအရပ်မှာ
ညီမလေးက ပါဝါထပ်တိုးရမယ့် မျက်မှန်တစ်လက်ဖြစ်တယ်။

သုံးရာသီကိုသိခွင့်မရှိတဲ့
မီးလုံးအကျွမ်းရဲ့ နေ့နေ့ညညအခါသမယတွေမှာ
ညီမလေးက ၀စီပိတ်စရားကျင့်ခဲ့သူဖြစ်တယ်။

ပင်လယ်လမ်းမများရဲ့
ဖျားယောင်းမှု မြူဆွယ်သံတွေကြားမှာ
ညီမလေးက ပုလင်းလွတ်တစ်လုံးဖြစ်တယ်။

ကမ္ဘာသစ်တစ်ခုက
ဝိဥာဉ်ရိုင်းများရဲ့ မွေးနေ့သဘင်မှာ]
ညီမလေးက ထိကရုဏ်းတစ်ပင်ဖြစ်တယ်။

ဖြစ်တယ်။

ညီမလေးရေ . . .
တိတ်ဆိတ်ခြင်းဆိုတဲ့စနက်တံကို
စတင်ဆွဲဖြုတ်လိုက်သူဟာ
တိတ်ဆိတ်ခြင်းပဲဆိုတာ ယုံ။

နောက်ဆုံးတော့လည်း ညီမလေးရယ်
မင်းရဲ့ဘောင်ဘင်မခတ်တဲ့ရေအိုးထဲ
အဲဒီကြယ်တွေပဲမဟုတ်လား။ ။
ကိုယ်မောင်မြင့်

This entry was posted on 6:43 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 comments

ကိုယ်မောင်မြင့် ကဗျာ မဖတ်ရတာ ကြာပေါ့။ ရာစုသစ်တွေ နောက်ပိုင်း ကတည်းကပဲ။ ကျွန်တော်ကပဲ နောက်ပိုင်းစာအုပ်တွေနဲ့ အဆက်ပြတ်နေလို့လား မသိ။ နေဆူးသစ်တို့၊ ကိုယ်မောင်မြင့်တို့ ပြန်တွေ့ ရတာ မနော်ကို ကျေးဇူးပါပဲ။