လူတစ်ကောင်ရဲ့အလေ့ကျကဗျာ


သိန်းငှက်လိုတောင်ပံခတ်ဖို့
ခွေးလေခွေးလွင့်တစ်ကောင်လိုယောင်ခြောက်ဆယ်ခဲ့ဖူးတယ်။

သုံးချက်ခုံတစ်ချက်စူးတဲ့လက်ပံစူးနှစ်ချောင်းတော့ရှိတယ်
တိုက်ကြက်လိုသဘောထားနိုင်ပါရဲ့...
နဂါးတစ်ကောင်ရဲ့မျက်စောင်းမျိုးတွေနဲ့
ငါ့ကို
ခိုင်းနွားလိုသဘောမထားလိုက်ပါနဲ့။

တကယ်လို့
ငါသာ ငါးတစ်ကောင်ဆိုရင်
ဒုက္ခတွေက ရေပါပဲ။

မြွေတစ်ကောင်လိုအရေခွံလဲလို့ရရင်အကောင်းသား
ကျားရိုင်းလိုရက်စက်ရမယ့်အချိန်မှာ
ငါက
မြေခွေးတစ်ကောင်လိုမကောက်ကျစ်ခဲ့မိဘူး
အားလုံး...
ဒေါင်းယောင်ဆောင်တဲ့ ဝံပုလွေများ။ ။

ဇာဏီဇော်(အိမ်မဲ)

This entry was posted on 11:53 AM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments