ချစ်သူယက်တဲ့ပုဝါ
Sunday, April 26, 2009
ချစ်သူယက်တဲ့ပုဝါ
နွေဦးရဲ့တိမ်တွေလို
ကိုယ့်အိမ်ကိုယ်ပြန်ရတာနဲ့ပဲ အဆုံးသတ်
ကောင်မလေးရေ . . .
အလွမ်းတွေကိုပဲ (ငတ်)တယ် . . . ..
ဘ၀ဟာ မင်းရဲ့ခြေသည်းခွံ့လေးတွေလောက်တောင်မှ
ကျကျနနမဖြူဆင်ခဲ့ပါဘူး၊
အိပ်မက်တွေရွှံ့လိုလူးခဲ့တယ်။
ကလေးရေ .. . . ငါဆိုတဲ့ခွေးရူးတစ်ကောင်
ကိုယ့်အမြီး ကိုယ်ပြန်ကိုက်
စိတ် နာ . . နာ နေလိုက်ပုံများရယ် . .. .
အဖြူရောင် လေထုထဲ
နှင်းတွေ တဖွဲဖွဲကျနေတဲ့အသံ
ငါ့ရင်ဘတ်က မခံမရပ်နိုင်အောင် (နာ)လာရော . . . .
သံယောဇဉ်ကို
ချည်မျှင်တွေလို ယှက်သန်းတွယ်စေတဲ့
ငါ့ရဲ့ယက္ကန်းသည်မလေးရေ . . . .
. . . . .ဝေးခဲ့တယ်၊
မင်းယက်တဲ့ ပုဝါတစ်စအလှမ်းဟာ
လက်တစ်ကမ်းစာ မကပါဘူး
ကိုယ့်ဘ၀ကိုယ် ပြန်ငေးယူရတဲ့အထိ ဝေးခဲ့တယ် . . . .။
မင်းခိုက်စိုးစန်
This entry was posted
on 7:35 PM
and is filed under
idea poems-may'09
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
1 comments