ရောဂါဘယများကုစားရန်ဖိတ်စာနှင့်တကွ
အထက်မဖော်ပြပါ သောက်ဆေး ထိုးဆေးများကိုမှီဝဲ၍
အသက်ရှည်ရာ အနာမဲ့ကြောင်း။ အရှုပ်အထွေးများသည်သာ
ယနေ့အထိ၊မလေမလွင့် အတက်ပညာမှအစ၊ (၉၆)ပါး
တို့ရဲ့ ဦးစီးဦးဆောင်ဟာ ဆုံလည်ကုလားထိုင်နဲ့ ခပ်မိန့်မိန့်။
ထို့ကြောင့် ဘုံဗိမာန်သို့ မကပ်နိုင်ခဲ့သော အိမ်ဦးနတ်သည်သာ
ဘယ်တစ်ခြမ်းလေဖြတ်၊ စကားသံဝူးဝါး။ ကိုယ်ကျိုးနည်း
သစ်ကိုင်းလွတ်များ၊ ရောဂါရာဇ၀င်နှင့်တကွ
အိပ်ယာကိုပုတ်လို့ ညာလက်ညှိုးတထိုးထိုး။ (ငိုညည်းသံ
ပဋိပက္ခများ လက်ဆုပ်လက်ကိုင်မဲ့နေသလား)
အဟာရချို့တဲ့ ထုံနာကျင်နာမှာ ကြိုတင်အပေးထုတ်ခဲ့သော
အဟောသိကံ အရှုံးအဆုံးများ။ တောင်ဝှေးတစ်ချောင်းလို
ဒေါက်ကနဲ လဲကျသွားပါသော ချက်ရေးပြုတ်ရေး လောင်စာများ။
အားမလိုအားမရ ဦးတည်ရည်မှန်းခဲ့ခြင်းများသည်သာ
မပျက်မယွင်းသော အခက်အခဲအဖြစ်သို့။ ဤသို့ဖြင့် ဉာဏ်စောင့်ခဲ့ပါတယ်ဆိုသော
အသက်ခန္ဓာများသည် အားမနာ ပါးမနာ နှုတ်သီးကောင်းလျှာပါးခဲ့။ ဤသို့
ကမ်းမရှိ လမ်းမရှိ လာဘ်ကြီးတစ်ပါးသည် ခန္ဓာကိုယ် တင်းတောင့်လို့
တဖြည်းဖြည်းပုတ်အဲ့။ ကိုယ်ကျိုးရှာ ထက်ထက်မြက်မြက်များမှာ ဘာအောင်၊ညာအောင်၊
အထောက်အထားများပျော်ဝင်၊ ခေတ်ပေါ် ဘာရညာရများမှာ နှောင့်နှေး ကြန့်ကြာမှုတို့စီးမျော။
ထိုကြောင့်အခန်းလေးဟာ တစ်ကိုယ်စာ အထိကျုံ။ ထို့ကြောင့် ခန္ဓာကိုယ်ဘေးတိုက်
အနေအထားဖြင့်သာ ၀င်၍ ဘယ်လက်တွင် ရေမှုတ်ကိုကိုင်၍ ဘေးတိုက်
အနေအထားဖြင့်သာထွက်ပါ။ အောက်မှဖော်ပြပါ လမ်းညွှန်မြေပုံကို
ကိုင်စွဲ၍ ဥစ္စာဓန၊ကြွယ်ဝစေကြောင်း။ ။
လူလန်း

This entry was posted on 5:59 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments