သော့  

Posted by IDEA MAGAZINE

Thursday, August 20, 2009


သော့

ခင်ဗျား ဘာဖြစ်နေတာတန်းလို့
ကျုပ်နောက်က တစ်ယောက်ယောက်က
မေးလိုက်တယ်။
ဒီလို ဖြေလိုက် ထင်မိ
ကျုပ် ယုံကြည်ချက်အတွက် ကျုပ်အလုပ်လုပ်နေတာပါလို့
ခင်ဗျားအတွက် လိုရမယ်ရတဲ့
သော့တစ်ချောင်း ပစ်ပေးသွား
သူပစ်ပေးသွားတဲ့ သော့နဲ့
ကျုပ်အဖို့ ပိတ်နေတဲ့ တံခါးကို လှပ်လိုက်တော့
ပွင့်သွား . . .အိုး!
ကျုပ်လိုက်မိတဲ့ လမ်းက အလွယ်လမ်း တစ်ခု
အဲသလိုနဲ့ တစ်ခန်းပြီးတစ်ခန်း ဖွင့်ဝင်လာခဲ့
ကျုပ်ယုံကြည်ချက်တွေ အားနည်းခမ်းခြောက်သွားတဲ့အထိ
တကယ်တော့ ………
မြှူဆွယ်မှုတွေဟာ ပုံစံတူတွေပါလား
အနှစ်သာရ ကင်းမဲ့လှပါကလား
အသိဝင်လာတော့ တံခါးတွေလည်း ပိတ်ပေါ့
ကျုပ်လက်တွေက ဆွဲနှုတ်မရ။

ရာမျိုး

This entry was posted on 4:59 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 comments

သဘောကျတယ်

ကမ်းလာတဲ့သော့ မယူမိကမိုက်လို့ထင်
ယူလိုက်မိတော့ အမိုက်တောထဲ (အမှိုက်တောမဟုတ်ပါ) ကိုလုံးလုံးရောက်သွားခဲ့တယ်

ရွေးစရာလမ်းရှိတယ် အသေခံမလား ကိုယ့်ကိုယ်ကိုယ်သတ်သေမလား ဆိုတဲ့ရွေးစရာလမ်းထဲ ရောက်နေတဲ့ ကိုယ့်ကိုယ်ကို ပြန်မြင်သွားတယ်

ဂျူ