နာရီသေပေါ်ကအပြုံး  

Posted by IDEA MAGAZINE

Thursday, August 20, 2009


နာရီသေပေါ်ကအပြုံး

ပွတ်သပ်ချော့မြှူခြင်းတွေနဲ့
ရှုခင်းလေးဟာ ရှုခင်းလေးအတိုင်း တည်တည်တံ့တံ့ . . . .
နာရီတွေပေါ်
အဖြစ်အပျက်တွေက ဖြတ်စီးတော့
ခံစားမှုတွေ တမျိုးတမြည်ပြောင်းတယ်
ဒဏ်ရာက
ညအမှောင်ထဲ ချောင်းအရိုက်ခံရခြင်းပဲ
နောက်လှည့်ပြန်ပြောဖို့ပြင်တော့
အခိုးအငွေ့ဆန်ဆန်ပျောက်ခြင်းမလှပျောက်ရှလို့
အိပ်မပျော်ခြင်းမှာ
လက်ဆင့်ကမ်းအတွေးတွေဆင့်ခေါ်လာသလား
ဖြစ်ပြီးသမျှတွေ အသစ်ပြန်ဖြစ်တယ်
အကင်းသေဒဏ်ရာက
ညှော်မိသလို အပူတပြင်းထဖျားတယ်
ဝေးဝေးက
ရထားတစ်စင်း ဥသြထဆွဲလိုက်သံက
နာရီသေပေါ် တရွတ်တိုက်ဆွဲခေါ်သွားတော့တယ် . . . ။

လင်းသစ္စာဦး(သရက်)

This entry was posted on 4:51 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments