ကြယ်ကကြယ်လိုကြွေ  

Posted by IDEA MAGAZINE

Thursday, August 20, 2009


ကြယ်ကကြယ်လိုကြွေ

ကြယ်တွေ
ကြွေနေတယ်။
……….အစရှိသူတွေလို မဟုတ်တဲ့
……….အစရှိသူတစ်ချို့လို
ကြယ်တွေ
ကြွေနေတယ်။
သိမှတ်ခံစားတတ်သူများ
ခံစားသိမှတ်စေဖို့
တစ်ကိုယ်တော်စိတ်ရိုင်းပြဇာတ်ထဲမှာ
ကြယ်တွေ
ကြွေနေတယ်။
နိစ္စဓူဝ
နှာစေးချောင်းဆိုးနေတဲ့
ဦးခေါင်းခွံအလွတ်တွေရဲ့ အိပ်မက်မှာ
ကြယ်တွေ
ကြွေနေတယ်။
မိုးပြိုမှ ကြောက်နေတဲ့
ဘ၀ပျက်လူသားတို့ရဲကကောင်းကင်မှာ
ကြယ်တွေ
ကြွေနေတယ်။
ကြယ်ဖြစ်မှ ကြွေလို့ရတဲ့ကြယ်
ကြယ်ဖြစ်ပြီးမှပဲ
ကြယ်တွေ
ကြွေနေတယ်။ ။

ဖိုးဏီ

This entry was posted on 5:07 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 comments

အတွေးတစ်ခုခေါင်းထဲရောက်ခဲ့တယ်

ဟုတ်တာပေါ့ ကြယ်တွေတယ်ဆိုတာဖြစ်အောင်

ကြယ်တွေဖြစ်အောင်လုပ်ရတယ် ပြီးတော့ကြွေရတယ် အတွေးတွေတစ်ခုပြီးတစ်ခု တစ်ထပ်ပြီးတစ်ထပ်

ဂျူ