နိစ္စဓူဝ  

Posted by IDEA MAGAZINE

Thursday, August 20, 2009


နိစ္စဓူဝ

ပစ်မှတ်ကို ဦးတည်ခဲ့ကြာဆိုပေမယ့်
တစ်သီးစားရာသီတွေပဲ ထူထပ်လာခဲ့တယ်
မြစ်ကိုအလျားလိုက်ကူးခတ်ဖို့တော့ မရည်ရွယ်ပါဘူး
နေ၀င်နေထွက်သာဓကနဲ့
တောမီးကို အရောင်ခွာချယုံပါ
ဖြတ်သန်းစီးဆင်းလာခဲ့ပေါ့
မိုးခါရေတွေ တစ်တောလုံးဝင်းပနေလိုက်ပုံ
အိပ်မက်ကို လှုပ်ကိုင်နှိုးထရင်း
အမှောင်မှာ အရောင်မကွဲတော့ဘူးအမေ။

ခိုင်လွင်ကောင်းဇံ

This entry was posted on 4:54 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments