မေ့လို့မရတဲ့ကဗျာ  

Posted by IDEA MAGAZINE

Tuesday, March 24, 2009


မေ့လို့မရတဲ့ကဗျာ
ဒီနေ့အလုပ်ရှုပ်နေတာနဲ့ချစ်သူကိုမေ့သွားပြီလို့ပြောမိတယ်
သစ်ပင်တွေစိုက်ရင်း
တောင်ကုန်းပေါ်ကသစ်ပင်တွေလည်း ရွှဲရွှဲစိုအောင်ငိုနေခဲ့ကြပြီ
သင်္ဘောပေါ်ကနှလုံးသားကို
ဆိပ်ကမ်းမျက်ဝန်းကဖောက်ထွက်သွားတယ်
အဲဒီအရွေ့မှာ
ငိုနေတယ်အောင်လှ၊ငိုနေတယ်သင်္ဃန်းကြီး
ငိုနေတယ်ရွေပြည်သာ၊ငိုနေတယ်ဖျာလိပ်
တပည့်တော်ငိုနေရပါတယ် မော်တင်ဘုရား။
ဂျယ်လီနေ့ရက်တွေဟာမင်းလက်ထဲမှာပဲ ကြေမွသွားတာပါ။
ကျေးဇူးတင်ပါတယ်။ ငါ့မှတ်ဥာဏ်တွေကိုမဖျက်ဆီးခဲ့လို့ပေါ့။
စီးပွားရေးဈေးကွက်ထက်ဈေးကွက်စီးပွားရေးကနောက်ကျခဲ့တယ်။
ငါ့မေတ္တာရောင်းလိုအားကို
ငါ့မျက်ရည်ဈေးနှုန်းနဲ့ဝယ်လိုအားအဖြစ်ပြောင်းခဲ့တာ
ဘောဂဗေဒဆရာမ (သို့မဟုတ်) သားဖွားဆရာမပါ
ပြီးခဲ့တဲ့အနာဂတ်အတွက်ပေါ့ . . . .
ငြိမ်းစိုးဦး

This entry was posted on 6:22 PM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments